menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
တစ်ပတ်အတွင်း သီးနှံဈေးနှုန်းသုံးသပ်ချက် (၅.၇.၂၀၂၁ မှ ၉.၇.၂၀၂၁) ထိ
🌿🧅🌶🥔🌿🌿🧅🌶🥔🌿
🌿မတ်ပဲ🌿
မတ်ပဲကတော့ပြီးခဲ့တဲ့အပတ်နဲ့ ယှဉ်ရင်ဈေးတက်လာပါတယ်။ ပြည်ပတင်ပို့မှုရှိနေပြီး ပြည်တွင်း လက်ကျန်လျော့နည်းနေလို့ဈေးတက်နေတယ်လို့သိရပါတယ်။ စင်ကာပူနိုင်ငံက ကုန်သည်တွေရဲ့ ဝယ်ယူမှုတွေ ရှိနေလို့ဈေးက တက်နေတယ်လို့ဆိုပါတယ်။ ရန်ကုန်ဈေးကွက်မှာ မတ်ပဲ(FAQ/RC) က တစ်တန်ကို ၁,၁၅၀,၀၀၀ နီးပါးဈေးတက်လာခဲ့ပြီး တစ်ပတ်အတွင်းတစ်တန်ကို ၅ သောင်းနီးပါးဈေးတက်လာခဲ့ပါတယ်။ မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၁၁၀,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ် ၅,၀၀၀ ကျပ် ဈေးတက်လာပါတယ်။
မုံရွာ ဈေးကွက်မှာတော့ တစ်တင်းကို ၃၆,၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၁,၅၀၀ ကျပ် ဈေးတက် လာပါတယ်။ ပြည်ဈေးကွက်မှာလည်းတစ်တင်းကို ၃၇,၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၁,၅၀၀ ကျပ် ဈေးတက်လာပါတယ်။ လတ်တလောကတော့ မြန်မာ့မတ်ပဲက အိန္ဒိယနိုင်ငံအပြင် အခြားနိုင်ငံက ဝယ်ယူမှုရှိနေလို့ ဈေးတက်နေပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၀ ကာလတူအခြေအနေနဲ့ နှိုင်းယှဉ်ရင် ၂၀၂၁ ယခုကာလမှာ တစ်တန်ကို ၁၅၀,၀၀၀ နီးပါးတက်လာခဲ့ပါတယ်။
🌿ပဲစင်းငုံနီ🌿
ပဲစင်းငုံနီကတော့ ပြည်တွင်းမှာ လက်ကျန်မရှိတော့တဲ့အခြေအနေမို့ ဈေးက အတက်ဈေးနဲ့ပဲ မာနေတယ်လို့ ဆိုလို့ရပါတယ်။ ပြီးခဲ့တဲ့အပတ်က အိန္ဒိယမှာ ပဲစင်းငုံနီဈေးတွေ ကျဆင်းနေပေမယ့် ဒီတစ်ပတ်မှာတော့ ပဲစင်းငုံနီတွေကအကျရပ်ပြီးဈေးငြိမ်နေတယ်လို့ အိန္ဒိယပဲဈေးကွက်တွေအရ သိရပါတယ်။ ပဲစင်းငုံနီကလည်း အိန္ဒိယက အဓိကဝယ်ယူနေတဲ့ပဲဖြစ်လို့ တစ်ပတ်အတွင်း တစ်တန်ကို ၃၀,၀၀၀ နီးပါးဈေးတက်လာခဲ့တာပါ။ ရန်ကုန်ဈေးကွက်မှာ ပဲစင်းငုံနီကတစ်တန်ကို ၁,၁၃၀,၀၀၀ ပေါက်ဈေးရှိပြီး တစ်တန်ကို ၃၀,၀၀၀ နီးပါးဈေးတက်လာပါတယ်။
မန္တလေးဈေးကွက်မှာတော့ ၁၀၅,၀၀၀ ကနေ ၁၀၆,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၃,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၃၅,၀၀၀ ပေါက်ဈေးရှိပြီး ၁,၅၀၀ကျပ် ဈေးတက်လာပါတယ်။ အောင်လံဈေးကွက် မှာတော့ တစ်တင်းကို ၃၆,၀၀၀ ပေါက်ဈေးရှိပြီး ၁,၅၀၀ ကျပ်ဈေးတက်လာပါတယ်။ ပဲစင်းငုံနီကတော့ ပြီးခဲ့တဲ့ ၂၀၂၀ ကာလတူ အခြေအနေနဲ့ နှိုင်းယှဉ်ရင် တစ်တန်ကို ၃ သိန်းကျော်ဈေးတက်လာခဲ့ပြီး လက်ရှိကာလကတော့ အမြင့်ဆုံးရရှိနေတဲ့အနေအထားဖြစ်နေပါတယ်။
🌿စားတော်ပဲလုံး🌿
စားတော်ပဲလုံးကတော့ ဒီတစ်ပတ်မှာ ဈေးတက်လာပါတယ်။ စားတော်ပဲလုံးက ကုလားပဲနည်းတူ ပြည်ပတင်ပို့မှုလည်း ရှိတဲ့အပြင် ပြည်တွင်းစားသုံးမှုလည်းရှိနေပါတယ်။ ထို့ပြင် ပြည်ပကနေ တင်သွင်းတဲ့ စားတော်ပဲ(ကနေဒါ)က ပြည်တွင်းကို အနည်းငယ်သာဝင်တော့တဲ့အတွက် ဈေးက တက်နေခဲ့တာဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့စားတော်ပဲက တစ်ပိဿာကို ၂,၅၀၀ ကနေ ၂,၉၂၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၈၅ကျပ် ဈေးတက်လာပါတယ်။ မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၁၂၁,၀၀၀ ကနေ ၁၆၀,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ပြည်ဈေးကွက်မှာတော့ တစ်တင်းကို ၅၀,၀၀၀ နဲ့ ဈေးငြိမ်နေပါတယ်။
🧅ကြက်သွန်နီ🧅
ကြက်သွန်နီကတော့ ဒီတစ်ပတ်ဈေးတက်လာပါတယ်။ကာလအတော်ကြာ ဈေးငြိမ်နေခဲ့ပါတယ်။ ပြည်တွင်းဝယ်ယူမှုများပြားတဲ့အတွက်ဈေးတက်နေတာဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ ကြက်သွန်နီ(ဆိပ်ဖြူ၊ပခုက္ကူ၊မြင်းခြံ) တို့က တစ်ပိဿာကို ၂၂၅ ကနေ ၅၀၀ အထိ ပေါက်ဈေးရှိပြီး နေပြီးတစ်ပိဿာကို ၁၀၀ လောက်ဈေးတက်လာပါတယ်။
🌶ငရုတ်🌶
ငရုတ်က ဒီတစ်ပတ်မှာလည်း ဈေးကျဆင်းသွားပါတယ်။ ဈေးကွက်ထဲ ဝင်ရောက်မှု များပြားတဲ့ အတွက်ဈေးကျဆင်းသွားတာဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်မှာ မိုးထောင်(မြစ်ဝ)က တစ်ပိဿာကို ၃,၂၀၀ ကနေ ၃,၃၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၆၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မိုးထောင်(ဟင်္သာတ)ကလည်း တစ်ပိဿာကို ၃,၄၀၀ ကနေ ၃,၅၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၈၀၀ ကျပ်ဈေး ကျဆင်းသွားပါတယ်။ မော်လမြိုင်ဈေးကွက်မှာတော့ ငရုတ်(ရှမ်းကျွန်း) က တစ်ပိဿာကို ၂,၉၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၅၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ငရုတ်(မိုးထောင်)ကတော့ တစ်ပိဿာကို ၃,၉၀၀ နဲ့ ဈေးငြိမ်နေပါတယ်။
🥔အာလူး🥔
အာလူးကတော့ တရုတ်က တင်သွင်းမှုလျော့တဲ့အပြင်ပြည်တွင်း ဝယ်ယူမှုများပြားပြီး အဝင်နည်းတဲ့ အတွက်ဈေးတက်လာပါတယ်။ ရန်ကုန်ဈေးကွက်မှာ ဟဲဟိုး အမျိုးအစားက တစ်ပိဿာကို ၅၅၀ ကနေ ၈၂၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၄၀ ကျပ်ဈေးတက်လာပါတယ်။
Sources : AMIA (Farmer Digital TV)