menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
တစ်ပတ်အတွင်း သီးနှံစျေးနှုန်း သုံးသပ်ချက် (၁၅.၃.၂၀၂၁ မှ ၁၉.၃.၂၀၂၁) ထိ
🌾🌿🌾🌿🌾🌿🌾🌿🌾🌿🌾
ဆန်
---
ဈေးကွက်ထဲကို စပါးသစ် ဆန်သစ်တွေ ဝင်ရောက်လာတဲ့အတွက် ဈေးတွေ ကျဆင်းနေပါတယ်။ လက်ရှိမှာ ဆန်ချောတွေကတော့ ဈေးကွက်ထဲ မရောက်ရှိသေးပဲ ဆန်ကြမ်းတွေသာ ဈေးကွက်ထဲ ရောက်နေပါတယ်။ ဘဏ်တွေ ပိတ်ထားတဲ့အတွက် အရောင်းအဝယ်ကတော့ အနည်းငယ်သာ ရှိတယ်လို့သိရပါတယ်။ ရန်ကုန်ဝါးတန်းဈေးကွက်မှာ ဧည့်မထ ၂၅ % သစ်က တစ်အိတ်ကို ၂၃,၀၀၀ ကနေ ၂၄,၀၀၀ ပေါက်ဈေး ရှိပြီး ၃,၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ ရက် ၉၀ သစ်ရှယ်က တစ်အိတ်ကို ၂၅,၀၀၀ ကနေ ၂၅,၅၀၀ ပေါက်ဈေးရှိပြီး ၁,၅၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ ဆန်သီးထပ်ကတော့ တစ်အိတ်ကို ၂၃,၅၀၀ ကနေ ၂၄,၀၀၀ ပေါက်ဈေးရှိပြီး ၁,၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
ဧရာဝတီတိုင်းမှာတော့ ဆန်ချောတွေက ဈေးငြိမ်နေပါတယ်။ ပုသိမ်ဧည့်မထ စပါး(မိုး)က တင်း ၁၀၀ ကို ၆၇၂,၀၀၀ ပေါက်ဈေးရှိပြီး ၁၈,၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ဆန်ကတော့ တစ်အိတ်ကို ၂၇,၀၀၀ နဲ့ ၅၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ အသစ်ထွက်ရှိတဲ့ ဧည့်မထ (နွေ)စပါးကတော့ တင်း ၁၀၀ ကို ၅၀၄,၀၀၀ ပေါက်ဈေးရှိပြီး ဆန်ကတော့ တစ်အိတ်ကို ၂၂,၀၀၀ ကျပ်ရှိပါတယ်။ မြောင်းမြဧည့်မထစပါး (မိုး)ကတော့ တစ်အိတ်ကို ၆၇၂,၀၀၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်ကာ ဆန်ကတော့ တစ်အိတ်ကို ၂၈,၀၀၀ ကျပ်ရှိပြီး တစ်အိတ်ကို ၁,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ဧည့်မထစပါး(နွေ) ကတော့ တင်း ၁၀၀ ကို ၅၄၃,၀၀၀ ပေါက်ဈေးရှိပြီး ဆန်ကတော့ မထွက်သေးပါဘူး။
ဒေးဒရဲဧည့်မထစပါး(မိုး)ကတော့ တင်း ၁၀၀ ကို ၆၁၆,၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၄၆,၀၀၀ ကျပ် ဈေးကျဆင်းသွားပြီး ဆန်ကတော့ တစ်အိတ်ကို ၂၇,၅၀၀ ပေါက်ဈေးရှိပါတယ်။ ဧည့်မထစပါး(နွေ) ကတော့ တင်း ၁၀၀ ကို ၅၆၁,၀၀၀ ပေါက်ဈေးရှိပြီး ဆန်ကတော့ တစ်အိတ်ကို ၂၃,၀၀၀ ပေါက်ဈေးရှိပါ တယ်။ ဖျာပုံဧည့်မထစပါး(မိုး)ကတော့ တင်း ၁၀၀ ကို ၆၁၆,၀၀၀ ပေါက်ဈေးရှိပြီး ၄၆,၀၀၀ ကျပ် ဈေးကျ ဆင်းသွားပြီး ဆန်က တစ်အိတ်ကို ၂၇,၅၀၀ ပေါက်ဈေးရှိပါတယ်။ ဧည့်မထစပါး(နွေ)ကတော့ တင်း ၁၀၀ ကို ၅၅၂,၀၀၀ ပေါက်ဈေးရှိပြီး ဆန်ကတော့ တစ်အိတ်ကို ၂၃,၀၀၀ ကျပ်ပေါက်ဈေးရှိပါတယ်။
မတ်ပဲ
-----
ပြီးခဲ့တဲ့အပတ်က ဈေးတက်လာခဲ့တဲ့ မတ်ပဲက ဒီတစ်ပတ်မှာတော့ ဈေးကပြန်ကျဆင်းသွားပါတယ်။ လက်ထဲငွေမရှိတဲ့အတွက် အရောင်းအဝယ်က လက်ရှိမှာ မရှိသလောက်ဖြစ်နေပြီးဈေးကျဆင်းနေတာ ဖြစ်ပါတယ်။ ငွေလိုတဲ့တောင်သူအချို့ပဲ ထုတ်ရောင်းနေတာဖြစ်ပြီး ကုန်သည်တွေကလည်း ဈေးပေးမှု နည်းတယ်လို့ သိရပါတယ်။ မန္တလေးဈေးကွက်မှာ မတ်ပဲက သုံးတင်းဝင် တစ်အိတ်ကို ၇၈,၀၀၀ ကနေ ၈၀,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂,၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ မော်လမြိုင်ဈေးကွက် မှာတော့ တစ်တင်းကို ၂၆,၅၀၀ ပေါက်ဈေးရှိပါတယ်။
ပဲစင်းငုံနီ
-------
ပဲစင်းငုံနီကလည်း လက်ရှိမှာ အရောင်းအဝယ်အေးပြီး ဈေးလည်းအေးနေပါတယ်။ အတက်အကျ က တော့ အရောင်းအဝယ် ရှိမရှိပေါ်မူတည်ပြီး အနည်းငယ်သာ အပြောင်းအလဲ ဖြစ်နေပါတယ်။မန္တလေးဈေးကွက်မှာ ပဲစင်းငုံနီက သုံးတင်းဝင် တစ်အိတ်ကို ၇၁,၅၀၀ ကနေ ၇၂,၀၀၀ ပေါက်ဈေးရှိပြီး ၁,၀၀၀ ကျပ် ဈေးတက်လာပါတယ်။
ပဲတီစိမ်း
-------
ပဲတီစိမ်းက ဈေးကျဆင်းသွားပါတယ်။ အရောင်းအဝယ်နည်းတဲ့အတွက်ဈေးကျဆင်းသွားတာလို့သိရပါ တယ်။ မန္တလေးဈေးကွက်မှာတော့ ပဲတီစိမ်းခရမ်းရွှေဝါက တစ်အိတ်ကို ၁၁၄,၀၀၀ ကနေ ၁၁၅,၀၀၀ ပေါက်ဈေးရှိပါတယ်။ မော်လမြိုင်ဈေးကွက်မှာတော့ တစ်တင်းကို ၃၆,၅၀၀ ကနေ ၃၇,၀၀၀ ပေါက်ဈေး ရှိပြီး တစ်တင်းကို ၁,၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
ကုလားပဲ
--------
လက်ရှိမှာတော့ ပဲမျိုးစုံကျဆင်းနေတာဖြစ်တဲ့အတွက် ကုလားပဲကလည်း နေ့စဉ် ဈေးကျဆင်းနေခဲ့ပါ တယ်။ အနည်းငယ်သာ အရောင်းအဝယ်ရှိပြီး ပြည်ပတင်ပို့မှုကမရှိသလောက် ဖြစ်နေပါတယ်။ ဈေးအတက်အကျကတော့ ထိန်းနေတဲ့အနေအထားမို့ အနည်းငယ်သာ ရှိပါတယ်။ မန္တလေးဈေးကွက်မှာ တစ်ပတ်အတွင်း ကုလားပဲ (၉၂၉) က တစ်အိတ်ကို ၆၉,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁,၀၀၀ ကျပ် ကုလားပဲ (V2)က တစ်အိတ်ကို ၇၀,၀၀၀ ကျပ် ရှိပြီး ၁,၅၀၀ ကျပ်၊ကုလားပဲ (V7) က တစ်အိတ်ကို ၇၀,၀၀၀ ကနေ ၇၁,၀၀၀ ကျပ်ရှိပြီး ၁,၀၀၀ ကျပ် အသီးသီး ဈေးကျဆင်းသွားပါတယ်။
Sources : AMIA (Farmer Digital TV)