menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
တစ်ပတ်အတွင်း သီးနှံစျေးနှုန်းသုံးသပ်ချက် (၂၂.၃.၂၀၂၁ မှ ၂၆.၃.၂၀၂၁) ထိ
🌾🌿🍃🌿🌾🌾🌿🍃🌿🌾
ဆန် စပါး
--------
ဆန်ဈေးရော စပါးဈေးရော ဒီတစ်ပတ်မှာလည်း ထပ်ပြီး ကျဆင်းသွားပါတယ်။ငွေကြေး စီးဆင်းမှု မရှိတဲ့ အတွက် ကုန်သည်တွေ ကလည်း ဈေးချ ဝယ်ယူမှုတွေကြောင့် ဈေးက ပိုပြီး ကျဆင်းသွားတယ်လို့ သိရပါတယ်။လက်ရှိမှာ ရောင်းသူ ရှိပြီး ဝယ်သူမရှိတဲ့အခြေအနေ ဖြစ်နေပါတယ်။ရန်ကုန်ဈေးကွက်မှာတော့ ရိက္ခာစုဆောင်းမှုတွေကြောင့် အရောင်းအဝယ်က ပုံမှန် အခြေအနေမှာပဲ ရှိပါတယ်။
ဧရာဝတီတိုင်းမှာတော့ ပုသိမ်ဈေးကွက်မှာ မိုးစပါးအဟောင်းတွေက ဈေးငြိမ်ပြီး နွေစပါးအသစ်ကတော့ ဈေးတက်ပါတယ်။ဧည့်မထ(နွေ)စပါးက တင်း ၁၀၀ ကို ၅၂၀,၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၁၆,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ ဆန်ကတော့ တစ်အိတ်ကို ၂၂,၀၀၀ နဲ့ ဈေးငြိမ်ပါတယ်။မြောင်းမြမှာတော့ မိုးစပါးဆန်တွေ က ဈေးငြိမ်နေပြီး နွေစပါးတွေက ဈေးကျဆင်း နေပါတယ်။မြောင်းမြနွေဧည့်မထ စပါးက တင်း ၁၀၀ ကို ၅၂၄,၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၁၉,၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ဆန်ကတော့ တစ်အိတ်ကို ၂၁,၀၀၀ ကျပ်ရှိပါတယ်။ ဒေးဒရဲမှာတော့ ဒေးဒရဲဧည့်မထ(မိုး)က တင်း ၁၀၀ ကို ၅၈၀,၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၃၆,၀၀၀ ကျပ်ဈေးကျဆင်းကာ ဆန်ကတော့ တစ်အိတ်ကို ၂၆,၅၀၀ ရှိပြီး ၁,၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ဧည့်မထ (နွေ)ကတော့ တင်း ၁၀၀ ကို ၅၁၅,၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၄၆,၀၀၀ ကျပ်ဈေးကျဆင်းကာ ဆန်ကတော့ တစ်အိတ်ကို ၂၂,၀၀၀ရှိပြီး ၁,၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
ဖျာပုံဧည့်မထ(မိုး)ကတော့ တင်း ၁၀၀ ကို ၅၈၈၀၀၀ ပေါက်ဈေးရှိပြီး ၂၈,၀၀၀ ကျပ်ဈေးကျဆင်းကာ ဆန်ကတော့ တစ်အိတ်ကို ၂၆,၅၀၀ ရှိပြီး ၁,၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ဧည့်မထ (နွေ)ကတော့ တစ်အိတ်ကို ၅၀၆,၀၀၀ ပေါက်ဈေးရှိပြီး ၄၆,၀၀၀ ကျပ်ဈေးကျဆင်းကာ ဆန်ကတော့ တစ်အိတ်ကို ၂၂,၀၀၀ ရှိပြီး ၁,၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။မအူပင်မှာတော့ မအူပင်ပေါ်ဆန်းစပါး(မိုး)က တင်း ၁၀၀ ကို ၇၇၃,၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၉,၀၀၀ကျပ် ဈေးကျဆင်းသွားပါတယ်။ဧည့်မထစပါး(မိုး)ကတော့ တင်း ၁၀၀ကို ၆၂၆,၀၀၀ ပေါက်ဈေးရှိပြီး ၉,၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။
မတ်ပဲ
-----
မတ်ပဲကတော့ ဒီတစ်ပတ်မှာ အနည်းငယ်ဈေးတက်လာပါတယ်။အိန္ဒိယက ဝယ်ယူဖို့ စာချုပ် ချုပ်ထားပေမယ့် လက်ရှိပြည်တွင်း နိုင်ငံရေးအခြေအနေကြောင့် ပြည်ပ ထွက်ရှိမှု နည်းနေပြီး ပြည်တွင်း ဝယ်ယူမှုကလည်း ဘဏ်တွေ ပိတ်ထားတဲ့အတွက် ငွေကြေးမလည်ပတ်ပဲ ဈေးက ထင်သလောက် မတက်ပဲ ရှိနေတာပါ။မန္တလေးဈေးကွက်မှာ မတ်ပဲက သုံးတင်း ဝင် တစ်အိတ်ကို ၇၇,၀၀၀ ကနေ ၈၂,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂,၀၀၀ လောက်ဈေးတက်လာပါတယ်။မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၂၇,၂၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၅၀၀ ကျပ်ဈေးတက်လာပါတယ်။ပေါင်းတည်ဈေးကွက်မှာတော့ တစ်တင်းကို ၂၆,၃၀၀ ပေါက်ဈေးရှိပြီး ၃၀၀ ကျပ်ဈေးတက်လာပါတယ်။
ပဲစင်းငုံနီ
-------
ပဲစင်းငုံနီကလည်း ဒီတစ်ပတ်မှာ ဈေးတက်ပါတယ်။ ပဲထွက်ရှိမှုနှုန်းလည်း နည်းပါတယ်။ပြည်တွင်း ငွေလဲလှယ်နှုန်း ဈေးကလည်း မြင့်တက်နေတဲ့အတွက် ဈေးက တက်နေတာလည်း ဖြစ်ပါတယ်။မန္တလေးဈေးကွက်မှာတော့ သုံးတင်းဝင် တစ်အိတ်ကို ၇၆,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၄,၀၀၀ ကျပ်ဈေးတက်လာပါတယ်။
ကုလားပဲ
--------
ကုလားပဲက ဒီတစ်ပတ်မှာတော အနည်းငယ် ဈေးတက်လာပါတယ်။ ဈေးကွက်အတွင်း ရောင်းသူလည်း မရှိ ဝယ်သူလည်း မရှိတဲ့အပြင် ပဲရောင်းဝယ်မှုက နယ်မကျော်ကြတဲ့အတွက် ပဲဈေးက တန့်နေတာဖြစ်ပါတယ်။ဝယ် ယူမှု အနည်းငယ်ပိုတဲ့နေ့ ဈေးအနည်းငယ် တက်တာတွေ့ရပါတယ်။မန္တလေးဈေးကွက်မှာ တစ်ပတ်အတွင်း ၊ကုလားပဲ (၉၂၉) က တစ်အိတ်ကို ၆၉,၀၀၀ မှ ၇၀,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁,၀၀၀ ကျပ်၊ကုလားပဲ (V2)က တစ်အိတ်ကို ၇၀,၀၀၀ မှ ၇၁,၀၀၀ ကျပ် ရှိပြီး ၁,၀၀၀ ကျပ်၊ကုလားပဲ (V7) က တစ်အိတ်ကို ၇၁,၀၀၀ ကနေ ၇၂,၀၀၀ ကျပ်ရှိပြီး ၁,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ ပေါင်းတည်မှာတော့ ကုလားပဲ(ဟော်လန်)က တစ်တင်းကို ၂၅,၃၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၁,၃၀၀ ကျပ်၊ကုလားပဲ (၉၂၉) က တစ်တင်းကို ၂၅,၅၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်အသီးသီးဈေးတက်လာပြီးကုလား ပဲ (V2) ကတော့ တစ်တင်းကို ၂၅,၅၀၀ ကျပ်နဲ့ ဈေးငြိမ်ပါတယ်။
ပဲဇီးကွက်
---------
ပဲဇီးကွက်ကလည်း ဈေးကျဆင်းသွားပါတယ်။ပြည်တွင်း ဝယ်ယူမှုလျော့နည်းပြီး ဈေးကွက်ထဲ ပဲအဝင် များနေတဲ့ အတွက်ဈေးကျဆင်းနေတာလို့သိရပါတယ်။ မန္တလေးဈေးကွက် တစ်အိတ်ကို ၅၉,၀၀၀ ကနေ ၆၀,၀၀၀ ပေါက်ဈေးရှိပြီးတစ်အိတ်ကို ၂,၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
နံနံစေ့
------
နံနံစေ့ကတော့ ဒီတစ်ပတ်မှာဈေးတက်လာပါတယ်။ပြည်ပတင်ပို့မှု အဓိက ဖြစ်ပေမယ့် လက်ရှိမှာတော့ ဈေးကွက် အတွင်း အဝင်နည်းတဲ့အတွက်ဈေးတက်နေတာဖြစ်ပါတယ်။ တစ်အိတ်ကို ၁၀,၀၀၀ ကနေ ၁၀,၅၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၂၀၀ ကျပ်ဈေးတက်လာပါတယ်။ မတ်လ အစပိုင်းကတည်းက ဈေးဆက်တိုက်တက်နေခဲ့တာဖြစ်ပါတယ်။
Sources : AMIA (Farmer Digital TV)