menu

တစ်ပတ်အတွင်း သီးနှံစျေးနှုန်းသုံးသပ်ချက် (၃.၅.၂၀၂၁ မှ ၇.၅.၂၀၂၁) ထိ


🌾🌿🌱🌿🌾🌾🌿🌱🌿🌾

🌾ဆန်၊စပါး🌾

 ▪️ဒီတစ်ပတ်မှာတော့ ရန်ကုန်ဈေးကွက်မှာရော နယ်ဈေးကွက်မှာပါဆန်ဈေး စပါးဈေး အနည်းငယ် မြင့်တက်လာပါတယ်။ ပြည်တွင်းဝယ်ယူမှုများတဲ့အတွက်ဈေးတက်နေတာလို့သိရပါတယ်။ ဒုတိယတန်းစားဆန်တွေ ဈေးပိုမြင့်တယ်လို့ သိရပါတယ်။
 ▪️ရန်ကုန်ဈေးကွက်မှာတော့ ဖျာပုံပေါ်ဆန်းမွှေး(သစ်)က တစ်အိတ်ကို ၃၆,၀၀၀ ကနေ ၃၉,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၃,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ဒေးဒရဲပေါ်ဆန်းမွှေးက တစ်အိတ်ကို ၃၆,၀၀၀ ကနေ ၃၉,၀၀၀ ပေါက်ဈေးရှိပြီး ၂,၅၀၀ ကျပ်ဈေးတက်လာပါတယ်။ မြောင်းမြပေါ်ဆန်းမွေး ကတော့ တစ်အိတ်ကို ၃၈,၀၀၀ ကနေ ၄၀,၀၀၀ ပေါက်ဈေးရှိပြီး ၂,၀၀၀ ကျပ်၊ပေါ်ဆန်းနယ်စုံသစ်က တစ်အိတ်ကို ၃၅,၀၀၀ ကနေ ၃၈,၅၀၀ ပေါက်ဈေးရှိပြီး ၄,၀၀၀ ကျပ်၊ရွှေဘိုပေါ်ဆန်းက တစ်အိတ်ကို ၄၇,၀၀၀ ကနေ ၅၀,၀၀၀ ပေါက်ဈေးရှိပြီး ၁,၅၀၀ ကျပ် အသီးသီးဈေးတက်လာပါတယ်။ ▪️ဆန်ကြမ်းတွေဖြစ်တဲ့ မြီးဒုံဆန်က တစ်အိတ်ကို ၃၀,၀၀၀ ကနေ ၃၁,၀၀၀ ပေါက်ဈေးရှိပြီး ၁,၀၀၀ ကျပ်၊ဧည့်မထ ၂၅ % က တစ်အိတ်ကို ၂၂,၀၀၀ ကနေ ၂၂,၇၀၀ ပေါက်ဈေးရှိပြီး ၂,၇၀၀ ကျပ်၊ရက် ၉၀ ရှယ်က တစ်အိတ်ကို ၂၃,၀၀၀ ကနေ ၂၄,၀၀၀ ပေါက်ဈေးရှိပြီး ၁,၅၀၀ ကျပ်၊သီးထပ်ဆန်ကတော့ တစ်အိတ်ကို ၂၂,၃၀၀ ကနေ ၂၂,၅၀၀ ပေါက်ဈေးရှိပြီး ၇၀၀ ကျပ် အသီးသီးဈေးတက်လာပါတယ်။
 ▪️ပုသိမ်ဈေးကွက်မှာတော့ ပုသိမ်ဧည့်မထ(နွေ)စပါးက တင်း၁၀၀ကို ၅၀၆,၀၀၀ ပေါက်ဈေးရှိပြီး ၂၀,၀၀၀ ကျပ်ဈေးတက်လာပြီး ဆန်ကတော့တစ်အိတ်ကို ၂၂,၀၀၀ နဲ့ဈေးငြိမ်ပါတယ်။ မြောင်းမြဧည့်မထ(နွေ) စပါးက တင်း ၁၀၀ ကို ၅၂၄,၀၀၀ပေါက်ဈေးရှိပြီး ၃၃,၀၀၀ ကျပ် ဈေးတက်လာကာ ဆန်ကတော့ တစ်အိတ်ကို ၂၁,၀၀၀ ကျပ်နဲ့ ၁,၅၀၀ ကျပ်ဈေးတက်လာပါတယ်။
 ▪️ဒေးဒရဲဧည့်မထ(နွေ)စပါးကတော့ တင်း ၁၀၀ ကို ၅၂၄,၀၀၀ ပေါက်ဈေးရှိပြီး ၉,၀၀၀ ကျပ် ဈေးတက် လာပါတယ်။ ဆန်ကတော့ တစ်အိတ်ကို ၂၂,၀၀၀ ပေါက်ဈေးရှိပါတယ်။ ဖျာပုံဧည့်မထ(နွေ) စပါးကတော့ တင်း ၁၀၀ ကို ၅၂၄,၀၀၀ ပေါက်ဈေးရှိပြီး ၁၈,၀၀၀ ကျပ်ဈေးတက်လာပြီး ဆန်ကတော့ ၂၂,၀၀၀ ကျပ်ရှိပါတယ်။

🌿မတ်ပဲ🌿

 ▪️မတ်ပဲက ဒီတစ်ပတ်မှာနယ်အချို့မှာဈေးအနည်းငယ်ပြန်တက်လာပါတယ်။ ပြည်တွင်း အဝယ်လိုက်တဲ့ အတွက် အနည်းငယ်တက်ပါတယ်။ ဒီတစ်ပတ် ရန်ကုန်ဈေးကွက်မှာ မတ်ပဲ (FAQ/RC) က တစ်တန်ကို ၈၈၈,၄၀၀ ပေါက်ဈေးရှိပြီး တစ်တန် ကို ၈,၀၀၀ လောက်သာတက်ပါတယ်။ မော်လမြိုင်ဈေးကွက် မှာတော့ တစ်တင်းကို ၂၈,၂၀၀ ပေါက်ဈေးရှိပြီး ၂၀၀ကျပ်ဈေးတက်လာပါတယ်။
 ▪️မုံရွာမှာတော့တစ်တင်းကို ၂၇,၅၀၀ ပေါက်ဈေးရှိပြီး ၂၀၀ ကျပ် ဈေးတက်လာပြီး ပြည်ဈေးကွက်မှာတော့ တစ်တင်းကို ၂၈,၆၀၀ ပေါက်ဈေးရှိပါတယ်။မန္တလေးဈေးကွက်မှာတော့ သုံးတင်းဝင် တစ်အိတ်ကို ၈၀,၀၀၀ ကနေ ၈၃,၀၀၀ ပေါက်ဈေးရှိပြီး ၂,၀၀၀ ကျပ်ဈေးကျဆင်းပါတယ်။ အောင်လံဈေးကွက် မှာတော့ တစ်တင်းကို ၂၇,၀၀၀ ပေါက်ဈေးရှိပါတယ်။

🌱ပဲစင်းငုံနီ🌱

 ▪️ပဲစင်းငုံနီကတော့ ဒီတစ်ပတ်မှာလည်း ဈေးကျဆင်းနေပါတယ်။အရောင်း အဝယ်ရှိပေမယ့် ဈေးချဝယ်ယူမှုတွေကြောင့်ဈေးကျဆင်းနေတယ်လို့ သိရပါတယ်။ ရန်ကုန်ဘုရင့်နောင် ဈေးကွက်မှာ ပဲတီစိမ်းက တစ်တန်ကို ၉၁၅,၀၀၀ ပေါက်ဈေးရှိပြီး ၇,၅၀၀ ကျပ်ဈေးကျဆင်း ပါတယ်။
 ▪️မန္တလေးဈေးကွက်မှာတော့ သုံးတင်းဝင် တစ်အိတ်ကို ၈၄,၅၀၀ ကနေ ၈၅,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁,၅၀၀ ကျပ်ဈေးတက်လာပါတယ်။ မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၂၇,၇၀၀ ကနေ ၂၇,၈၀၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်တဲ့အခြေအနေရှိပါတယ်။ ပြည်ဈေးကွက်မှာတေ့ တစ်တင်းကို ၂၈,၅၀၀ ပေါက်ဈေးရှိပြီး အောင်လံဈေးကွက်မှာလည်း တစ်တင်းကို ၂၈,၅၀၀ ပေါက်ဈေးရှိပါတယ်။

🌿ကုလားပဲ🌿

 ▪️ကုလားပဲကတော့ လက်ရှိမှာ အဝယ်တွေပြန်အေးသွားတဲ့အတွက် အကျဈေးနဲ့ပဲ ဈေးငြိမ်သွားပါတယ်။ ပြည်တွင်း ရောင်းဝယ်မှုကတော့ ပုံမှန်အတိုင်းရှိပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ ကုလားပဲဖြူလုံးက တစ်ပိဿာကို ၁,၄၃၀ ကနေ ၁,၄၇၀ ပေါက်ဈေးရှိပြီး ၊ကုလားပဲလုံးဖြူကြီးက တစ်ပိဿာကို ၁,၄၈၀ ကနေ ၁,၅၀၀ ပေါက်ဈေးနဲ့ ဈေးငြိမ်ပါတယ်။
 ▪️မန္တလေးကုန်စည်ဒိုင်ဈေးကွက်မှာတော့ ကုလားပဲ (ထိုင်ဝမ်)က တစ်အိတ်ကို ၇၈,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁,၀၀၀ ကျပ်၊ကုလားပဲ (၉၂၉) က တစ်အိတ်ကို ၇၉,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂,၀၀၀ ကျပ်၊ကုလားပဲ (V2)က တစ်အိတ်ကို ၈၅,၀၀၀ကနေ ၈၆,၀၀၀ ပေါက်ဈေးရှိပြီး ၁,၀၀၀ ကျပ်၊ ကုလားပဲ (V7) က တစ်အိတ်ကို ၈၉,၀၀၀ကျပ်ရှိပြီး ၁,၀၀၀ ကျပ် အသီးသီးဈေးပြန်ကျဆင်းသွားပါ တယ်။
 ▪️ပဲခူးပေါင်းတည်ကုန်စည်ဒိုင်ဈေးကွက်မှာတော့ ကုလားပဲ(V2) က တစ်တင်းကို ၂၉,၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၅၀၀ ကျပ်၊ ကုလားပဲ ဟော်လန်ကတစ်တင်းကို ၂၈,၀၀၀ ကျပ်ရှိပြီး ၁,၅၀၀ ကျပ် အသီးသီးဈေးကျဆင်းပြီး ကုလားပဲ (929) က တစ်တင်းကို ၂၉,၀၀၀ နဲ့ ဈေးငြိမ်ပါတယ်။
 ▪️မုံရွာဈေးကွက်မှာတော့ ကုလားပဲ(ထိုင်ဝမ်) က ၂၅,၈၀၀ ပေါက်ဈေးရှိပြီး ၆၀၀ ကျပ် ၊၉၂၉ က တစ်အိတ်ကို ၂၆,၅၀၀ ရှိပြီး ၃၀၀ကျပ် ဈေးကျဆင်းပြီး ၊ကုလားပဲ (V2) ကတော့ တစ်တင်းကို ၂၈,၀၀၀ ကျပ် နဲ့ ဈေးငြိမ်ပါတယ်။

🌱ပဲပုတ်🌱

 ▪️ပဲပုတ်ကတော့ ဒီတစ်ပတ်မှာ ဈေးကျဆင်းသွားပါတယ်။ ဧပြီလကတည်းက အဝင်နည်းတဲ့အတွက် ဈေးတက်လာခဲ့ပေမယ့်လက်ရှိမှာတော့အဝင်များပြီး ဈေးကျဆင်းသွားခဲ့ပါတယ်။ မန္တလေးဈေးကွက်မှာ တော့ ပဲပုတ်(ဗမာ)က တစ်အိတ်ကို ၈၈,၀၀၀ ကနေ ၈၉,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၆,၀၀၀ ကျပ်၊ ပဲပုတ် (ရှမ်း)ကတော့ တစ်အိတ်ကို ၆၃,၀၀၀ ကနေ ၆၇,၀၀၀ပေါက်ဈေးရှိပြီး ၃,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ ပဲပုတ်(မြစ်ဝကျွန်းပေါ်) က တစ်ပိဿာကို ၁,၃၆၅ ကနေ ၁,၄၂၀ ပေါက်ဈေးရှိပြီး ၅၀ ကျပ်ဈေးတက်လာပါတယ်။

Sources : AMIA (Farmer Digital TV)