menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
“တစ်ပတ်အတွင်း ပဲဈေးနှုန်းများ ၂၀ ရာခိုင်နှုန်းအထိ မြင့်တက်နေ”
🫘🫘🫘🫘🫘🫘🫘🫘🫘🫘
▶️တစ်ပတ်အတွင်း ပဲဈေးနှုန်း ၂၀ ရာခိုင်နှုန်းအထိမြင့်တက်နေပြီး အိန္ဒိယသို့ တင်ပို့ရန်အတွက် ပြည်တွင်း၌ပဲများ အဝယ်လိုက်နေကြောင်း ကုန်သည်များထံမှ သိရသည်။ ပြင်ပဒေါ်လာပေါက်ဈေးက ၂,၈၀၀ ကနေ ၃,၀၀၀ အထိ စျေးမြင့်တက်နေသည့်အပြင် အိန္ဒိယတွင် ရာသီဉတုအပါအဝင် အခြား အကြောင်းအမျိုးမျိုးကြောင့် ပဲအထွက်နှုန်းနည်းခဲ့သည့်အတွက် အိန္ဒိယမှာ ပဲလိုအပ်ချက်များရှိနေ၍ အခြား ပြည်ပပဲများဝယ်မည်ဖြစ်သောကြောင့် ပြည်တွင်း၌ ယခုလိုစျေးနှုန်းများ မြင့်တက်နေရခြင်း ဖြစ်ကြောင်းလည်း သိရသည်။
▶️“အဓိက က ငွေစျေးကြောင့်ပဲစျေးတွေမြင့်တက်နေတာပါ။ အိန္ဒိယကလဲ ပဲစင်းငုံပိုပြီးလိုအပ်ချက်ရှိတော့ စျေးတွေတက်တယ်။ အရောင်းအဝယ်ဖြစ်နေပါတယ်။ စျေးကွက်က အိန္ဒိယပေါ်မူတည်တယ်။ (၁၅)ရက်အတွင်းမှာပဲ တစ်တန်ကို လေး၊ ငါးသိန်း ထိတက်သွားတယ်” ဟု အောင်လံမြို့မှ ပဲကုန်သည် ဦးအောင်မိုး ကပြောသည်။
▶️မြန်မာငွေတန်ဖိုးကျဆင်းမှုနဲ့အတူ ပြည်တွင်းစားသုံးသည့် ပဲများတွင် တက်ပြီးသား ပဲကြီး မှလွဲ၍ ကုလားပဲအပါအဝင် ကျန်ပဲများလည်းနှစ်ဆယ်ရာခိုင်နှုန်းခန့် ဈေးတက်နေကြောင်း စျေးကွက်အရ သိရသည်။ လက်ရှိ ပဲစင်းငုံ တစ်တန်လျှင် ဝယ်စျေး ၁,၉၄၀,၀၀၀ နှင့် ရောင်းစျေး ၁,၉၉၀,၀၀၀ ကျပ် ပေါက်စျေးရှိပြီး မတ်ပဲတစ်တန်လျှင် ဝယ်စျေး ၁,၈၄၀,၀၀၀ နှင့် ၁,၈၈၀,၀၀၀ မှ ၁,၈၉၀,၀၀၀ ကျပ် အထိ ရှိနေကြောင်းသိရသည်။
▶️ထိုစျေးနှုန်းမှာ နေရာဒေသပေါ်မူတည်ပြီး စျေးနှုန်းအပြောင်းအလဲ ရှိနိုင်ကြောင်းလည်းသိရသည်။ နောက်ပိုင်းတွင် လက်ရှိ အိန္ဒိယနိုင်ငံမှ လိုအပ်ချက်အများဆုံးဖြစ်နေသည့် ပဲစင်းငုံမှာ စျေးဆက်လက် တက်နိုင်ကြောင်း ကုန်သည်တချို့က ခန့်မှန်းကြသည်။ “နိုင်ငံခြားငွေလဲလှယ်နှုန်း မြှင့်တက်လာတာရယ်၊ FOB ဈေးနှုန်းမြင့်တက်လာခြင်းကြောင့် စျေးတက်လာတယ်၊ အိန္ဒိယကလိုတော့ ခုရက်ပိုင်းအတွင်း ပို့ကုန်ပဲများမှာ အရောင်းအဝယ်သွက်လာတာ” ဟု မန္တလေး ပဲကုန်သည်တစ်ဦးကပြောသည်။
▶️ထို့အပြင် ပြည်တွင်းပဲအထွက်နှုန်းမှာ သွင်းအားစုစျေးနှုန်းတွေ မြင့်တက်နေမှုနှင့် အခြား ပြည်တွင်း အခက်ခဲများကြောင့် စိုက်ဧကများ လျော့ကျလျှက်ရှိကြောင်းလည်း သိရသည်။ မြန်မာနိုင်ငံမှာ အဓိကစိုက်ပျိုးသည့်ပဲအမျိုးအစားတွေဖြစ်သည့် မတ်ပဲ၊ ပဲစင်းငုံ နှင့် ပဲတီစိမ်းစျေးနှုန်း အပြောင်းအလဲမှာ အဓိက ၀ယ်လက်နိုင်ငံဖြစ်သည့်အိန္ဒိယနိုင်ငံ၏ ပဲတင်သွင်းမှု မူဝါဒအပေါ်မှာလည်း အများကြီးသက်ဆိုင် ကြောင်း သိရသည်။
▶️မြန်မာနိုင်ငံအနေဖြင့် အိန္ဒိယအပါအဝင် တရုတ်၊ သီရိလင်္ကာ၊ နီပေါ၊ မလေးရှား၊ ထိုင်း နှင့် UAE နိုင်ငံတွေကို ပဲမျိုးစုံတင်ပို့နေပြီး ၇၅ ရာခိုင်နှုန်းကို အိန္ဒိယနိုင်ငံသို့ တင်ပို့နေကြောင်းသိရသည်။
▶️သီးနှံဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : ဖိုးချဲ(AMIA)