menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
တရုတ်-မြန်မာ နယ်စပ်ဂိတ်နှစ်ခုကို ယခုလအတွင်းဖွင့်လှစ်နိုင်ရန် ဆောင်ရွက်နေ
🔹➖🔹➖🔹➖🔹➖🔹➖🔹
🔹တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ဂိတ်တွေဖြစ်တဲ့ ကျင်ဆန်းကျော့ နှင့် ဝမ်တိန်ဂိတ်တွေကို ယခု နိုဝင်ဘာလနောက်ဆုံးထားပြီး အမြန်ဆုံးပြန်ဖွင့်လှစ်နိုင်ရန် ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံတာဝန်ရှိသူများဘက်မှပြောဆိုခဲ့ကြောင်း မူဆယ် အခြေစိုက်ကုန်သည်တွေထံက သိရပါသည်။
🔹မူဆယ်ဆန်စပါး ကုန်စည်ဒိုင် ဒုဥက္ကဠ ဦးမင်းသိန်း က “အတိအကျတော့ ပြောလို့မရသေးဘူး၊ နိုဝင်ဘာလကိုနောက်ဆုံးထားပြီး ပြန်ဖွင့်လှစ်ဖို့အတွက် တစ်ဖက်နိုင်ငံနဲ့ ကြိုတင်ညှိနှိုင်းပြီး အမြန်ဆုံး ကြိုးပမ်းဆောင် ရွက်သွားမယ်လို့ စာထုတ်လာတာပေါ့။ ဖွင့်မယ်လို့တော့မပြောသေးဘူး။ ဖွင့်ဖို့ကြိုးစားနေတဲ့ အခြေအနေဆိုတဲ့ သဘောပါ” ဟုဆိုသည်။
🔹တရုတ်-မြန်မာနှစ်နိုင်ငံနယ်စပ်ဂိတ်တွေ လအတန်ကြာပိတ်ထားတာကြောင့် တရုတ်နိုင်ငံရွှေလီမြို့မှာ အရောင်းအဝယ်တွေ ရပ်တန့်သွားပြီး စီးပွားရေးကြပ်တည်းလာတာကြောင့် ရွှေလီမြို့တွင်း ဒေသခံပြည်သူတွေမှ နယ်စပ်ဂိတ်များ အမြန်ဆုံးပြန်လည်ဖွင့်လှစ်ပေးရန် တောင်းဆိုဆန္ဒပြမှုရှိခဲ့သည်။ အဆိုပါဆန္ဒပြတောင်းဆိုမှုတွေကြောင့် တရုတ်နိုင်ငံဘက်တာဝန်ရှိသူများက နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်နိုင်ရန် ရွှေလီမြို့တွင် ပြီးခဲ့တဲ့နိုဝင်ဘာ(၃)ရက်နေ့က အထူးအစည်းအဝေးတစ်ရပ်ပြုလုပ်ခဲ့ကြောင်း ဦးမင်းသိန်း ကဆိုသည်။
🔹မူဆယ်မြို့ တရုတ်-မြန်မာနှစ်နိုင်ငံ နယ်စပ်ဝင်ထွက်ဂိတ်တွေကို ကိုဗစ်ကာကွယ်ထိန်းချုပ်ရေး အတွက်ဆိုကာ ၂၀၂၁ခုနှစ် ဇူလှိုင်လဆန်းပိုင်းမှာ တရုတ်နိုင်ငံဘက်ကလုံး၀ပိတ်ထားခဲ့ခြင်း ဖြစ်သည်။ ထိုကဲ့သို့ ကုန်သွယ်ရေးဂိတ်တွေ ပိတ်လိုက်ခြင်းကြောင့် တရုတ်နိုင်ငံကို တင်ပို့မည့် မြန်မာ့လယ်ယာ ထွက်ကုန်ကားများ ပြည်တွင်းကိုပြန်လှည့်ခဲ့ရပြီး အများအားဖြင်း မူဆယ်မြို့ (၁၀၅)မိုင်ကုန်သွယ် ရေးဇုန်၊ ကျင်းစန်းကျော့-လွင်အင် စသည့်နေရာများက ဂိုဒေါင်များမှာ ကုန်ပစ္စည်းတွေကိုချထားခဲ့ရကြောင်း သိရသည်။
🔹အဆိုပါ ကုန်ပစ္စည်းများမှာ အချိန်(၄)လနီးပါး ဂိုဒေါင်များတွင် ပိတ်မိနေခြင်းကြောင့် အချိန်နှင့်အမျှ ဂိုဒေါင်ငှားရမ်းခ၊ ဆေးဖြန်းခ စသဖြင့် စရိတ်စကများ ပိုမိုကုန်ကျလာကာ ကုန်သည်တွေ နေ့စဉ် နစ်နာနေရတယ်လို့သိရသည်။ ထို့အပြင် တရုတ်နိုင်ငံမှ မြန်မာနိုင်ငံကို တင်သွင်းမည့် မြန်မာသွင်းကုန် ကားများနှင့်ကုန်စ္စည်းများလည်း လအတန်ကြာ ပိတ်မိနေခဲ့သည်။ တရုတ်-မြန်မာနှစ်နိုင်ငံ နယ်စပ် ဂိတ်တွေ ပြန်လည်ဖွင့်လှစ်နိုင်ပါက တရုတ်နိုင်ငံကြယ်ခေါင်မှာ ပိတ်မိနေတဲ့ မြန်မာသွင်းကုန်တွေ ကိစ္စတွေကို ကနဦးဖြေရှင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
🔹သီးနှံဈေးကွက်သတင်းများကို သိရှိနိုင်ပါရန်တင်ပြအပ်ပါသည်။
Credit to : AMIA Market News