menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
တရုတ်က ပဲတီစိမ်း အဝယ်လိုက်လာခြင်းကြောင့် ဈေးနှုန်း မြင့်တက်လာ
✅တရုတ်က ပဲတီစိမ်း အဝယ်လိုက်လာခြင်းကြောင့် ဈေးနှုန်း မြင့်တက်လာ✅
🔹မန္တလေးပဲမျိုးစုံဈေးကွက်အတွင်း အဓိကဝယ်ယူနေသည့် တရုတ် နိုင်ငံက ပဲတီစိမ်းကို ဆက်တိုက်ဝယ်ယူနေခြင်းကြောင့် ဈေးနှုန်း တဖြည်းဖြည်း မြင့်တက်လာသည်။ သို့သော် အခြားပဲမျိုးစုံမှာ အရောင်းအဝယ်ပုံမှန်သာရှိကြောင်း မန္တလေးပွဲစား၊ ကုန်သည်၊ စက်ပိုင်များမဟာကထိန်တော်အသင်းက သိရသည်။
ပဲတီစိမ်း...
🔹တရုတ်နိုင်ငံက ဖေဖော်ဝါရီလ ဒုတိယပတ်မှစတင်ကာ ဝယ်ယူမှုကို တဖြည်းဖြည်း တိုးမြှင့်ဝယ်ယူလာသဖြင့် ဖေဖော်ဝါရီ ၁၄ ရက်က သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၁၂၀၀၀၀ မှ ဖေဖော်ဝါရီ ၂၁ ရက်တွင် ကျပ် ၁၂၃၀၀၀ သို့ မြင့်တက်လာခဲ့သည်။ “တရုတ်ဘက်က ဆက်တိုက်ဝယ်ယူနေတယ်။ ဈေးကွက်ထဲမှာလည်း အရောင်းအဝယ်ဖြစ်နေတယ်။ အဝယ်လျှော့ချဖို့လည်း မရှိတာကြောင့် ဈေးက ဆက်တက်မယ်လို့ ပြောလို့ရပါတယ်“ဟု ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော်အသင်း ဒုတိယ ဥက္ကဋ္ဌ ဦးမျိုးဆွေက ပြောသည်။
မတ်ပဲ...
🔹မြန်မာနိုင်ငံအတွင်းက မတ်ပဲကို အိန္ဒိယနိုင်ငံက မတ်လကုန် အထိ ဝယ်ယူမည်ဖြစ်သောကြောင့် ဈေးကွက်အတွင်း အရောင်းအဝယ်ကောင်းမွန်လျက်ရှိသည်။ သို့သော် ဈေးနှုန်းအားဖြင့် တိုးမြှင့်ဝယ်ယူခြင်းမဟုတ်ဘဲ ပုံမှန်ဈေးနှုန်းတစ်ခု သတ်မှတ်ဝယ်ယူခြင်းကြောင့် ဈေးနှုန်းမြင့်တက်ခြင်းမရှိပေ။ ထို့ကြောင့် ဖေဖော်ဝါရီ ၂၁ရက်က သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၉၅၀၀၀-၉၇၀၀၀ ရှိနေသည်။
ပဲစင်းငုံ...
🔹အိန္ဒိယနိုင်ငံက ဝယ်ယူမှုမရှိသော်လည်း ပြည်တွင်းသိုလှောင် သူများက ဝယ်ယူနေခြင်းကြောင့် ဈေးနှုန်းအတက်၊ အကျမရှိဘဲတန့်နေသည်။ သုံးတင်းဝင်တစ်အိတ်လျှင် ဖေဖော်ဝါရီ ၂၁ ရက်ကပဲစင်းငုံနီ ကျပ် ၆၈၀၀၀ ရှိသည်။“အိန္ဒိယနိုင်ငံက မတ်ပဲကိုပဲ ဝယ်နေတယ်။ ပဲစင်းငုံကို မဝယ် သေးဘူး။ ဒါပေမယ့် ထွက်နှုန်းလည်းနည်းတာရယ်၊ သိုလှောင်သူတွေဝယ်တာရယ်ကြောင့် ခုရက်ပိုင်းမှာ ဈေးနှုန်းမကျဘဲ တန့်နေ တာပါ“ဟု ဦးမျိုးဆွေက ပြောသည်။
ကုလားပဲ...
🔹ပြည်တွင်းဝယ်ယူသူများက ဝယ်ယူနေခြင်းကြောင့် ဈေးနှုန်း အပြောင်းအလဲမရှိဘဲ တန့်နေသည်။ ဖေဖော်ဝါရီ ၂၁ ရက်က သုံးတင်းဝင်တစ်အိတ်လျှင် ကုလားပဲ(ထိုင်ဝမ်) ကျပ် ၈၀၀၀၀၊ ကုလားပဲ(ဗွီတူး) ကျပ် ၇၇၀၀၀၊ ကုလားပဲ (ဗွီဆဲဗင်း) ကျပ် ၇၈၀၀၀၊ ကုလားပဲ (နိုင်းတူးနိုင်း) ကျပ် ၈၀၀၀၀ ရှိသည်။
နှမ်း...
🔹တရုတ်နိုင်ငံက ဝယ်ယူမှုနည်းပါးနေခြင်းကြောင့် အရောင်းအဝယ်အေးလျက်ရှိသည်။ သို့သော်လည်း ယခုဈေးနှုန်းထက်လည်း ကုန်သည်များက လျှော့ချမရောင်း၍ ဈေးနှုန်းတည်ငြိမ်နေသည်။ ဖေဖော်ဝါရီ ၂၁ ရက်က သုံးတင်းဝင်တစ်အိတ်လျှင် နှမ်းနက် (စမုန်) ကျပ် ၂၁၅၀၀၀ ၊ နှမ်းဖြူ ကျပ် ၁၃၀၀၀၀-၁၃၂၀၀၀ ရှိသည်။
- မျိုးသန့်
- မြန်မာတောင်သူကြီးများဂျာနယ်
- ၂၀၂၀ပြည့်နှစ် ဖေဖေါ်ဝါရီလ ( ၂၄)ရက်။