menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
တရုတ်ဖက်သို့ ဖရဲသခွါးကား တစ်ရက်ပျှမ်းမျှ(၅)စီးခန့်သာ တင်ပို့နေရ
🍈🍉🍈🍉🍈🍉🍈🍉🍈🍉🍈
◾️ကုန်သွယ်ရေးကြန့်ကြာမှုများကြောင့်တရုတ်နိုင်ငံဖက်သို့ တစ်ရက်လျှင်ဖရဲသခွါးကားအစီးရေ ပျှမ်းမျှ (၅)စီးခန့်သာ တင်ပို့နေရကြောင်းသတင်းရရှိသည်။တရုတ်နိုင်ငံဘက်မှကုန်သွယ်သတ်မှတ်ချက်များနှင့် ကိုဗစ်ကျန်းမာရေးစည်းမျဉ်းစည်းကမ်းများကြောင့် ကုန်စည်လည်ပတ်မှုအားနည်းနေပြီးပုံမှန်ထက် အစတစ်ရာတွင်တစ်စခန့်သာတင်ပို့နေရကြောင်းသိရသည်။
◾️“လက်ရှိမှာသတ်မှတ်ချက်တွေကြောင့်ကုန်သွယ်မူနှေးပြီးလည်ပတ်မူမရှိနိုင်ဘူး။ ဒီဇင်ဘာလ(၃)ရက်နေ့ ကတင်ပို့ထားတဲ့ဖရဲကားအစီး(၂၁)စီးတောင်ကွင်းထဲကိုအကုန်မဝင်နိုင်သေးဘူး။ ဖရဲသီးကားအစီး (၁၈၀)ကလဲစောင့်ဆိုင်းနေတယ်။ အခုပုံစံနဲ့သွားရင်အရေအတွက်ရှိမှာမဟုတ်ဘူး။ အရင်နှစ်တွေနဲ့ ယှဉ်ရင်အစတစ်ရာမှတစ်စလောက်ပဲပို့နိုင်တယ်လို့ပြောရမှာပဲ“ ဟုမူဆယ်၁၀၅မိုင်သစ်သီးဝလံကုန်စည်ဒိုင် ဒုဥက္ကဌ ဦးအောင်သက်ဦးကပြောသည်။
◾️ယခင်ကပုံမှန်အနေဖြင့် တစ်ရက်ကိုဖရဲ၊ သခွားအစီးရေ (၅၀၀) ၀န်းကျင်ခန့် တရုတ်စျေးကွက်သို့ တင်ပို့နိုင်ခဲ့ပြီး ယခုနှစ်တွင်တစ်ရက်ကို(၅)စီးခန့်သာတင်ပို့နိုင်ကြောင်း မူဆယ်သစ်သီးဝလံကုန်သည်များ ထံမှသိရသည်။ ယင်းကဲ့သို့ကြန့်ကြာမှုများကြောင့်သစ်သီးအရည်အသွေးကျဆင်းကာ ဖရဲစျေး ရသင့်သလောက်မရကြောင်းလည်းကုန်သည်များကဆိုသည်။
◾️တရုတ်နိုင်ငံဘက်မှကုန်သွယ်ရေးစည်းမျဉ်းစည်းကမ်းများကို မဖြေလျှော့ပေးသ၍ ကုန်သွယ်မှုမှာကျဆင်း နေဦးမည်သာဖြစ်ကြောင်းကုန်သည်များကသုံးသပ်ကြသည်။ တရုတ်နိုင်ငံအနေဖြင့်ဖရဲသီးများကို ပိုးသတ်ဆေးဖျန်းပြီး မြန်မာဘက်ခြမ်းမှာ(၄၈)နာရီ၊ တရုတ်နိုင်ငံဘက်ခြမ်းမှာ(၂၄)နာရီထားရှိပြီးမှသာဝင်ရောက်ဆောင်ရွက်ခွင့်ပြုကာကိုဗစ်ကင်းရှင်းကြောင်း စစ်ဆေးထားနိုင်သည့်ဖရဲသီးမျာကိုသာ တင်ပို့ခွင့်ပြုထားခြင်းဖြစ်ကြောင်းသိရသည်။
◾️ဖရဲသီးနှံ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန်တင်ပြအပ်ပါသည်။
Sources : AMIA Market News