menu

“တရုတ်ဘက်က ရွှေလီ - ကျယ်ဂေါင် ကူးသန်းသွားလာခွင့်ကို ပြန်ခွင့်ပြု”


➖🔹➖🔹➖🔹➖🔹➖🔹➖

↗️တရုတ်နိုင်ငံအတွင်းက ရွှေလီ-ကျယ်ဂေါင် ကူးသန်းသွားလာခွင့်ကို (၂)နှစ်ကျော်ကြာ ပိတ်ထားရာက တရုတ်ဘက်က ပြန်ဖွင့်ကာ ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း မူဆယ်နယ်စပ် ကုန်သည်တွေထံက သိရပါတယ်။

↗️တရုတ်နိုင်ငံက ကိုဗစ်ကန့်သတ်ချက်တွေကို ဖြေလျော့ပေးပြီးနောက်ပိုင်းမှာ ကူးသန်းသွားလာမှုနဲ့ ကုန်သွယ်မှုတွေ အပေါ်မှာလည်း ပြန်ဖွင့်ပေးတာတွေ လုပ်လာတာလို့ ဆိုပါတယ်။

↗️လက်ရှိနယ်စပ်ကုန်သွယ်မှုအတွက် မူဆယ်နယ်စပ်မှာ ကျင်စန်းကျော့ဂိတ်တစ်ခုတည်းပဲ ကုန်သွယ်မှု လုပ်နေပြီး တစ်ရက်ကို ကုန်ကားအစီးရေ (၁၅၀) ဝန်းကျင် အဝင်အထွက် ရှိနေကြောင်း သိရပါတယ်။

↗️ရွှေလီ-ကျယ်ဂေါင် တံတားကို ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် ဧပြီလ က စပိတ်ထားတာဖြစ်ပြီး အခုနှစ် ဒီဇင်ဘာ(၁၀)ရက်မှာ ပြန်ဖွင့်ရာ ကျယ်ဂေါင်နဲ့ထိစပ်နေတဲ့ မြန်မာဘက်က မန်ဝိန်းနယ်စပ် ကုန်သွယ်ရေးဂိတ်၊ ဆင်ဖြူဂိတ်တို့လည်း မကြာခင်ပြန်ဖွင့်လာနိုင်ဖွယ်ရှိကြောင်း မူဆယ်နယ်စပ် ကုန်သည်တွေက ခန့်မှန်းထားပါတယ်။

↗️ကုန်စည် နှင့် ကူးသန်းရောင်းဝယ်မှုသတင်းများကို သိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။

Sources : Myanmaplatform

(၁၄ / ၁၂ / ၂၀၂၂)