menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
"တရုတ်ဘက်မှ ဖရဲသီးမဝယ်ယူ၍ ဖရဲစိုက်ပျိုးမှု ရပ်ဆိုင်းထားရ"
🍉🍉🍉🍉🍉🍉🍉🍉🍉🍉
🔘တရုတ်နိုင်ငံဘက်မှ ဖရဲသီးများကို ဝယ်ယူမှုမရှိသဖြင့် မြန်မာနိုင်ငံတွင်းရှိ ဖရဲသီးစိုက်ပျိုးသူများကို ရပ်တန့်ပစ်လိုက်ရကြောင်း စုံစမ်းသိရှိရသည်။ ကိုဗစ် -၁၉ ကို အကြောင်းပြပြီး တရုတ်နိုင်ငံအတွင်းမှ ကုန်ပစ္စည်းများကို တင်းသွင်းမှုလက်မခံသဖြင့် ဖရဲသီးကုန်သည်များ အရှုံးပေါ်ပြီး စိုက်ပျိုးမှုများကိုပါ ရပ်တန့်ထားလိုက်ရကြောင်း သိရသည်။
🔘“ရောဂါလည်း အရမ်းကိုပြန့်နှံ့နေတယ်။ တရုတ်ဘက်ကလည်းမဝယ်ဘူး။ ဒါတွေကို စိုက်နေတာလည်း ကျနော်တို့ အရင်ရင်းပြီးတော့ စိုက်တာဆိုတော့ အမြတ်ကမကျန်ဘူး။ အလကားစိုက်ပြီးပစ်နေသလိုပဲ။ အမြတ်လည်း ပြန်မရဘူး။ အကုန်ရှုံးတယ်။ ထပ်စိုက်ဖို့ကို ရပ်ထားရတယ်” ဟု လားရှိုးမြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
🔘လက်ရှိတွင် ဒေသခံများက ဖရဲသီးအစား ပြောင်းသီးနှံများကို ပြန်လည်အစားထိုး စိုက်ပျိုးနေသော်လည်း ရောင်းချရာတွင် အခက်ခဲများစွာရှိနေသေးကြောင်းသိရသည်။ ထို့အပြင် စိုက်ပျိုးရေးမကောင်းမှုသည် နိုင်ငံရေးမတည်ငြိမ်သောကြောင့် တောင်သူလယ်သမားများက နိုင်ငံရေးအမြန်ဆုံး ပြန်ကောင်းလာမှာကို မျှော်လင့်နေကြောင်း လားရှိုမြို့ တောင်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
🔘“နိုင်ငံရေးပြန်ကောင်းဖို့တော့ မျှော်လင့်တာပေါ့။ နိုင်ငံရေးကောင်းရင် ဘယ်သွားသွား အဆင်ပြေတယ်။ မူဆယ် ၁၀၅ မိုင်မှာ ရောင်းရနေသေးရင် လက်ထဲကျန်နိုင်သေးတယ်။ အခုက မရောင်းရဘူးဆိုတော့ လက်ထဲမကျန်တော့ဘူး။ ရှေ့ဆက်ပြီးတော့ ဘာမှလည်းမလုပ်နိုင်တော့ဘူး။ စိုက်ပျိုးရေးကလည်း အလုပ်မဖြစ်လာတော့ဘူး” ဟု အထက်ပါ လားရှိုးမြို့ တောင်သူတစ်ဦးကပြောသည်။
🔘တရုတ်နိုင်ငံတွင် ကိုဗစ် -၁၉ ကြောင့် နှင့် နိုင်ငံရေးအခြေနေကြောင့် ကုန်ပစ္စည်းများကို တင်ပို့မှုလက်မခံတော့တာကြောင့် မြန်မာနိုင်ငံတွင်းရှိ စိုက်ပျိုးရေးတောင်သူများက အခက်ခဲများစွာ ဆက်လက်ကြုံနေရကြောင်း သိရသည်။
🔘သီးနှံဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : သျှမ်းသံတော်ဆင့် ၊ ၂၀၂၂ခုနှစ် ဖေဖော်ဝါရီ (၁၆)ရက်။