menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
တရုတ်နှစ်သစ်ကူးကာလ ဖရဲသီးဈေးကွက် အခြေအနေ
🌿🍉🌿🍉🌿🍉🌿🍉🌿🍉🌿
🔘 ပြည်တွင်းဖရဲကားများ ဝင်ရောက်မူများသောကြောင့် တရုတ်နှစ်သစ်ကူးကာလတွင် ဖရဲသီးစျေးများ ကျဆင်းနေကြောင်း သိရသည်။ စျေးကွက်သဘောအရ ရောင်းလိုအားများနေသည့် အတွက် ဖရဲသီးစျေးများမှာ တက်မလိုလိုနှင့် စျေးနှုန်းများကျဆင်းနေကြောင်း သိရသည်။
🔘 “ဖရဲသီးကတင်ပို့ရတာ လက်ရှိကမောက်ကမ ဖြစ်နေတယ်။ စျေးတက်လာ မလိုလိုနဲ့ပြန်ပြီး ကျသွားတယ်။ တရုတ်ပြည်ဘက် စစ်ဆေးရေးကွင်းထဲမှာ စောင့်နေရတဲ့ဖရဲကားတွေ တစ်ဖြတ်တဖြတ် စု ပြုံပြီးဝင်နေတော့ စျေးကကျတယ်” ဟု မူဆယ် သစ်သီဝလံကုန်စည်ဒိုင်မှ ဦးစိုင်းခင်မောင် က ပြောသည်။
🔘 လက်ရှိ ဖရဲကား တစ်တန်လျှင် ယွမ် ၃,၀၀၀ မှ ၄,၀၀၀အတွင်း သာရှိကြောင်း စျေးနှုန်းများမှ အမြဲတမ်း ပြောင်းလဲနေပြီး ဖရဲသီးအရည်အသွေးကို ဈေးဖြတ်နေသောကြောင့် ဖရဲဈေးမှာခန့်မှန်းမရနိုင်ကြောင်း သစ်သီးကုန်သည်တွေထံနေသိရသည်။ ယခုစျေးမှာပြီးခဲ့သည့်နှစ်များဖြင့်ယှဉ်လျှင် အတက်စျေးဖြစ်နေသော်လည်း ယခုနှစ်မှာဖရဲတင်ပို့ရာတွင် ကုန်ကျစရိတ်ပိုမိုများသည့်အတွက် တစ်တန်လျှင်ယွမ် ၅,၀၀၀ ကျော် ရရှိမှသာတွက်ခြေကိုက်မည် ဖြစ်ကြောင်းသိရသည်။
🔘 “စျေးက အကျစျေးမှာပါ။ ဒါပေမဲ့ အခုစျေးက ပြီးခဲ့တဲ့နှစ်တွေမှာအမြင့်စျေးပေါ့။ ဒီနှစ်က စောင့်ရတဲ့ ရက်ကကြာတယ် ကုန်ကျစရိတ်မြင့်တယ် ဒီစျေးတွေနဲ့ မကိုက်ဘူး” ဟု ၎င်းကဆက်လက်ပြောသည်။ လက်ရှိတွင် ပြည်တွင်းသို့ တရုတ်ဝယ်လက်များလည်း ဝင်ရောက်၍မရသောကြောင့် စျေးကွက်မှာအေးနေကြောင်းလည်းသိရသည်။
🔘 “တရုတ်ဘက်က လူလည်းဝင်လို့မရသလို လူလဲထွက်လို့မရဘူး သူတို့သတ်မှတ်ပေးထားတဲ့ နေရာက နေပဲရောင်းဝယ်ပြုရတာဆိုတော့ အရင်လိုပြည်တွင်းကို ဝယ်လိုက်မလာဘူး။ ပြည်တွင်း စျေးကွက်လဲ အေးနေတယ်။ ပြီးခဲ့တဲ့ဟိုနှစ်တွေက တော့ဒီလိုချိန် တရုတ်နှစ်သစ်ကူးကာလဆိုရင် စျေးလဲကောင်း တယ် အရောင်းလည်းကောင်းတယ်” ဟု သစ်သီးကုန်သည်တစ်ဦးကပြောသည်။ လက်ရှိ တရုတ်ဘက်သို့ ဖရဲသီးတရုတ်ကားအစီးရေ (၂၀ မှ ၃၀) စီးသာ ဝင်ရောက်နိုင်ကြောင်း သိရသည်။
🔘 ထို့ကြောင့် ဈေးကွက်အတွင်းဝင်ရောက်နိုင်ရန်ကြာမြင့်ရက်နှင့် ကုန်ကျစရိတ်များကြောင့်ချင့်ချိန်တင်ပို့ သင့်ကြောင်း၊ အရည်အသွေးကျဆင်းနေသောဖရဲများရောင်းမရကြောင်း၊ လက်ရှိစျေးကွက် အခြေအနေ မှာ ရပ်တံ့နေတာထက်ပိုသောအရွေ့တခုမျှသာရှိနေကြောင်း ၊ လက်ရှိတင်ပို့ရန်စောင့်ဆိုင်းနေသော ဖရဲကားများနှင့် လမ်းကြောင်းရှိဖရဲများနည်းပါးသောအချိန်အထိစောင့်ဆိုင်းပြီး တင်ပို့နိုင်ရန်နှင့် သတင်းအချက်အလက်များကိုမေးမြန်းစုံစမ်းပြီးမှတင်ပို့ကြပါရန် မူဆယ် သစ်သီးဝလံကုန်စည်ဒိုင်များမှ အသိပေးထားခြင်းများလည်းရှိသည်။ ဖရဲစျေးကွက်မှာ ပုံမှန်အရောင်းအဝယ်ဖြစ်နေတာမဟုတ်သည့် အတွက် နောက်ပိုင်းဖရဲစျေးကွက်မှာခန့်မှန်းရခက်ကြောင်း သစ်သီးပွဲရုံများထံမှသိရသည်။
🔘 ဖရဲသီးဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : AMIA Market News