menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
တရုတ်နယ်စပ်ဂိတ်ပိတ်ခြင်းကြောင့် ကြံ နှင့် ပြောင်းစျေးကွက်ပါ ထိခိုက်လာနိုင်
🎋🌽🎋🌽🎋🌽🎋🌽🎋🌽🎋
🔘တရုတ်ဘက်က နယ်စပ်ဂိတ်များပိတ်လိုက်လိုက်ခြင်းကြောင့် ပြည်တွင်း၌ ထွက်ပေါ်နေသည့် ရာသီပေါ် သီးနှံများ စျေးနှုန်းထိုးကျမှုနှင့် အတူနယ်စပ်ဒေသများတွင် လယ်ယာထွက်ကုန်များ ပိတ်မိနေကြောင်း သိရသည်။
🔘"အခုလက်ရှိ ရာသီပေါ်သီးနှံတွေဖြစ်တဲ့ ပြောင်း၊ ဝါစျေးကွက်က စတင်စျေးထိုးကျလာပါပြီ။အခုဆိုရင် ဝါစျေးက တစ်ပိဿာကို ကျပ် ၁,၄၀၀ ရှိရာကနေ အခု ကျပ် ၁,၁၀၀ စွန်းစွန်းပဲရှိတော့တယ်။တရုတ်ကို နယ်စပ်ကနေမှီခိုပို့ရမယ့် လယ်ယာထွက်ကုန်မှန်သမျှဟာ အကျစျေးနဲ့ပဲ ဖြစ်ရတော့မယ်။ ဒါကို ကျော်ဖြတ်ဖို့ နည်းလမ်း မရှိရင် လယ်ယာထွက်ကုန်တွေ အကြီးအကျယ် ထိခိုက်နိုင်ပါတယ်" ဟု နေ ပြည်တော်-မူဆယ် ကုန်သည် ကွန်ရက်ဝင် ဦးမျိုးနိုင်ဦးက ပြောသည်။ လက်ရှိ နယ်စပ်ဂိတ်များတွင် ဆန်၊ပဲ၊ ပြောင်း၊ နှမ်း နှင့် ဝါကုန်စည်အချို့ သိုလှောင်ရုံ များတွင် လက်ကျန်များရှိနေပြီး လုပ်ငန်းရှင် အချို့က နှစ်နိုင်ငံဆွေးနွေးချက်များ စောင့်နေကြသလို အချို့ကုန်သည် များက ဂိုထောင်ရှိ ပစ္စည်းများ ပြန်လည်သယ်ဆောင်မှုများ ရှိနေကြောင်း သိရသည်။
🔘မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်း ဒုဥက္ကဋ္ဌ ဦးဝင်းဌေးက "ကြံတင်ပို့ဖို့က ဒီဇင်ဘာလလောက်မှာ ဆိုတော့ အခက်အခဲရှိနိုင်တယ်။ သိပ်မကြာခင် ကြံရာသီ ရောက်တော့မယ်။ နယ်စပ်ဘက်ကနေ ကြံအတိုင်း ပို့လို့ရနိုင်မလား မသိနိုင်သေးဘူး။ နယ်စပ်ဂိတ်တွေနောက် နှစ်လလောက်ထိ ပိတ်ထားရင်အခက်အခဲတွေ အများကြီး ရှိလာနိုင်တယ် "ဟု ပြောသည်။ လက်ရှိကြားကာလ ပြောင်းများ စတင်ထွက်ရှိချိန်နှင့် တိုက်ဆိုင်၍ ရှမ်းပြည်မြောက်ပိုင်းထွက် ပြောင်းသစ်များ အဓိကစျေးကွက်ထိခိုက်နိုင်ကြောင်း မြန်မာနိုင်ငံပြောင်းလုပ်ငန်း အသင်းက္ကဋ္ဌ ဦးမင်းခိုင်က ပြောသည်။
🔘"အရင်ကလည်း ကိုတာ ပြောင်းစနစ်ကိုမှီငြမ်းပြီးတော့ တရားမဝင်ပြောင်းပို့လို့ရတယ်။ အဲ့ဒီတုန်းက ပိတ်ထားတယ်ဆိုရင်တောင် အခုလိုအားလုံးပိတ်လိုက်တာ မဟုတ်ဘူး သွားလို့ရနေသေးတယ်။ အခုက အားလုံးပိတ်လိုက်တာ ဖြစ်တဲ့အတွက် ရှမ်းမြောက်ကထွက်တဲ့ပြောင်းတွေဟာ တရုတ်ကိုပဲ အား ထားရတာဖြစ်လို့ အခက်အခဲတွေ ရှိနိုင်ပါတယ်"ဟု ပြောသည်။ မိုးပြောင်း အထွက်နှုန်းက တစ်နိုင်ငံလုံး စိုက်ပျိုးမှု၏ ၇၀ရာခိုင်နှုန်းရှိ၍ ခန့်မှန်းတန်ချိန် တစ်သန်းခွဲခန့် ရှိနိူင်ကြောင်း သိရသည်။
🔘နယ်စပ်မှတင်ပို့မည့် ဆန်ပို့ကုန်လုပ်ငန်းများအတွက် အခက်အခဲများရှိနေသော်လည်း ပင်လယ်ရေကြောင်းမှ နှစ်ဖက်သဘောတူစာချုပ်ဖြင့်တင်ပို့နိုင်မည့်ဆန်များက ပုံမှန်အတိုင်း ဖြစ်နေသေးကြောင်းသိရသည်။ တရုတ်အစိုးရက ကိုဗစ်ကပ်ရောဂါ အကြောင်းပြ၍ နယ်စပ်ဂိတ်များ ပိတ်ထားမှု နှစ်လကျော်ကြာလာပြီး မြန်မာ့လယ်ယာထွက်ကုန်များ တင်ပို့နိုင်ခြင်းမရှိခဲ့ပဲ ကိုဗစ်ကာ ကွယ်ရေး ပစ္စည်းများသား ခွင့်ပြုခဲ့ကြောင်းသိရသည်။
🔘ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ရှိသည့် တရုတ်−မြန်မာ နယ်စပ်လမ်း ကြောင်းဖြစ်သည့် မူဆယ်မြို့ ဆင်ဖြူဂိတ်၊ မန့်ဝိန်းဂိတ်၊ နန်းတော်ဂိတ်၊ ချင်းရွှေဟော်၊ ကြူကုတ် (ပန်ဆိုင်း)၊ ဝန်တိန်ပေါက်၊ကျင်စန်းကျော့ အစရှိသည့်နယ်စပ်ဂိတ်များအားလုံးကို အောက်တိုဘာလ (၆) ရက်က စ၍ ပိတ်လိုက်ပြီဖြစ်သည်။ ထို့ပြင် ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ချင်းရွှေဟော်မြို့မှာ တရုတ်ဖက်မှ တင်သွင်းသည် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးပစ္စည်းများလွဲ၍ အခြားကုန်ပစ္စည်း တွေကို တင်သွင်းခွင့်မရတော့ကြောင်း ၊ ကြူကုတ် (ပန်ဆိုင်း) ဝမ်တိန်ပေါက် နှင့် ဆင်ဖြူပေါက်တို့ကို ပိတ်ထားကြောင်း သိရသည်။
🔘မူဆယ်မြို့ မန့်ဝိန်းဂိတ်တွင် ကျယ်ဂေါင်မှာပိတ်မိနေသည့် မြန်မာဘက်သွင်းမည့် ကုန်ပစ္စည်းများကို ကားများဖြင့် ရှင်းထုတ်နေကြပြီး မူဆယ်မြို့ နန်းတော်ဂိတ်တွင် နှစ်နိုင်ငံ နိုင်ငံသား လွှဲပြောင်းမှုမှအပ တရုတ်မှ မြန်မာဘက်သို့ အထွက်ရပြီး အဝင်ကိုပိတ်ထားသည်။ စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန စာရင်းအရ ၂၀၂၀ -၂၀၂၁ ဘဏ္ဍာနှစ် ၁၁လကျော် ကာလအတွင်း မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှုပမာဏဟာ ကုန်ခဲ့သည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ကာလတူထက် ကန်ဒေါ်လာ (၁) ဘီလီယံကျော် ကျဆင်းသွားကြောင်း ဖော်ပြထားသည်။
Sources : ဈေးကွက်သတင်းများ