menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
တရုတ်ယွမ်ဈေး တက်လာသဖြင့် ပဲတီစိမ်း၊ နှမ်းဈေးနှုန်း ပြန်လည်မြင့်တက်လာ
🔶တရုတ်ယွမ်ဈေး တက်လာသဖြင့် ပဲတီစိမ်း၊ နှမ်းဈေးနှုန်း ပြန်လည်မြင့်တက်လာ🔶 🌿🍃🍂🌱🌿🍃🍂🌱
🔸ကိုရိုနာဗိုင်းရပ်စ်ကြောင့် မန္တလေးပဲမျိုးစုံဈေးကွက်အတွင်းအရောင်းအဝယ်ထိ ခိုက်မှုမရှိပေ။ ယခုတစ်ပတ်အတွင်း တရုတ်ငွေ ဈေး ပြန်လည်မြင့်တက်လာခြင်းကြောင့် ပဲတီစိမ်း၊ နှမ်း ဈေးနှုန်း အနည်းငယ်မြင့်တက်လာပြီး အခြားပဲမျိုးစုံမှာလည်း ပုံမှန်အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း မန္တလေး ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော်အသင်းက သိရသည်။
🔸ပဲတီစိမ်း🔸
ပုံမှန်အရောင်းအဝယ်သာ ရှိသော်လည်း တရုတ်ငွေဈေး မြင့် တက်လာခြင်းကြောင့် ပဲတီစိမ်းဈေးနှုန်းမှာ မတ် ၆ ရက်က ခရမ်း သုံးခွ ကျပ် ၁၁၂ç၀၀၀ မှ မတ် ၁၃ ရက်တွင် ကျပ် ၁၁၅ç၀၀၀ သို့ မြင့်တက်လာသည်။ “တရုတ်ငွေဈေးတက်လို့ အရင်တစ်ပတ်က ဈေးနှုန်းနဲ့စာရင် တက်လာတာဖြစ်ပါတယ်။ ဒီထက်တော့ ဆက်တက်မယ့်အနေ အထားတော့ မရှိပါဘူး“ဟု မန္တလေး ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော်အသင်း ဒုတိယဥက္ကဋ္ဌ ဦးမျိုးဆွေက ပြောသည်။
🔸နှမ်း🔸
တရုတ်နိုင်ငံက အဓိကဝယ်ယူနေသည့် နှမ်းဖြူနှင့် နှမ်းနက်(စမုန်) တို့မှာ ငွေဈေးမြင့်တက်လာမှုကြောင့် ယခင်သီတင်းပတ်ထက်စာလျှင် ဈေးနှုန်းအနည်းငယ် မြင့်တက်လာသည်။ မတ် ၆ ရက်က သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၁၃၁၀၀၀ မှ မတ် ၁၃ ရက်တွင်ကျပ် ၁၃၃၀၀၀၊ နှမ်းနက်(စမုန်) ကျပ် ၂၂၀၀၀၀ မှ ကျပ် ၂၃၀၀၀၀ သို့ မြင့်တက်လာသည်။ တရုတ်ငွေဈေး မြင့်တက်လာခြင်းကြောင့် ယခုသီတင်းပတ် တွင် ဈေးနှုန်းအနည်းငယ် မြင့်တက်လာခြင်းဖြစ်ပြီး ငွေဈေးဆက် လက်မြင့်တက်ခြင်း မရှိလျှင် ယခုဈေးနှုန်းထက် မြင့်တက်နိုင်ရန် မလွယ်ကူကြောင်း သိရသည်။
🔸ပဲစင်းငုံ🔸
အိန္ဒိယနိုင်ငံက ဝယ်ယူမှုမရှိသော်လည်း ပြည်တွင်းဝယ်ရောင်းလုပ်ကိုင်သူများက အပြန်အလှန်ရောင်းဝယ်မှု ရှိနေခြင်းကြောင့် ဈေးနှုန်းကျဆင်းခြင်းမရှိဘဲတည်ငြိမ်နေသည်။ မတ် ၁၃ရက်က သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၆၂၅ç၀၀၀ ရှိသည်။
🔸မတ်ပဲ🔸
အိန္ဒိယနိုင်ငံက သတ်မှတ်ဈေးနှုန်းအတိုင်း ဝယ်ယူနေသဖြင့် အတက်အကျ ဈေးနှုန်းပြောင်းလဲခြင်းမရှိဘဲ တည်ငြိမ်နေသည်။ မတ် ၁၃ ရက်က သုံးတင်းဝင်တစ်အိတ်လျှင် ထိပ်စ ကျပ် ၈၂၀၀၀- ၈၅၀၀၀ ဝန်းကျင်ရှိသည်။
🔸ကုလားပဲ🔸
ပြည်တွင်းပဲခွဲစက်လုပ်ငန်းရှင်များက စားသောက်ကုန်လုပ်ငန်းများအသုံးပြုရန် မှန်မှန်ဝယ်ယူနေသည်။ ပြည်ပနိုင်ငံများက ဝယ်ယူမှု လုံးဝမရှိသော်လည်း ထွက်ရှိမှုနှင့် ပြည်တွင်းဝယ်ယူမှု ထပ်တူကျနေကာ ဈေးနှုန်း အတက်၊ အကျ ပြောင်းလဲမှုမရှိဘဲ သုံးတင်းဝင်တစ်အိတ်လျှင် ကုလားပဲ (ထိုင်ဝမ်) ကျပ် ၇၀၀၀၀၊ ကုလားပဲ (ဗွီတူး) ကျပ် ၇၂၀၀၀၊ ကုလားပဲ (နိုင်းတူးနိုင်း) ကျပ် ၇၄၀၀၀ ရှိသည်။
- မျိုးသန့်
- မြန်မာတောင်သူကြီးများဂျာနယ်
- ၂၀၂၀ပြည့်နှစ် မတ်လ (၁၆)ရက်။