menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
၂၀၂၃တွင် မြန်မာ့ပဲတီစိမ်းတန်ချိန် ၁၀,၀၀၀ကျော် ဥရောပသို့ တင်ပို့သွားမည်
🌿🌱🌿🌱🌿🌱🌿🌱🌿🌱🌿
↔️ လာမည့် ၂၀၂၃ ခုနှစ်မှာ မြန်မာ့ပဲတီစိမ်းတန်ချိန် ၁၀,၀၀၀ ကျော်ကို ဥရောပသမဂ္ဂနိုင်ငံတွေဆီ တင်ပို့သွားမယ်လို့ စားသုံးသူရေးရာဦးစီးဌာနမှ သိရပါသည်။
↔️ “ဥရောပသမဂ္ဂနိုင်ငံတွေက မြန်မာ့ပဲတီစိမ်းဝယ်ယူရာမှာ သတ်မှတ်ထားတဲ့ Guide Line တွေရှိပါတယ်။ အရည်အသွေးကောင်းမွန်မှု ရှိ/မရှိ၊ ဝယ်ယူထုတ်ပိုးသိုလှောင်တာကအစ သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းတွေကို လိုက်နာရတယ်။ သူတို့ဘက်က အသိအမှတ်ပြုထားတဲ့အဖွဲ့အစည်းတွေကတစ်ဆင့် လာရောက်စစ်ဆေးပြီး တင်ပို့ရတာဖြစ်ပါတယ်” လို့ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
↔️ ဥရောပသမဂ္ဂနိုင်ငံတွေက မြန်မာ့ပဲတီစိမ်းကို ပဲပင်ပေါက်ပြုလုပ်ပြီး စားသုံးကြကာ မြန်မာနိုင်ငံအနေနဲ့ သတ်မှတ်ထားတဲ့ အရည်အသွေးစံချိန်စံညွှန်းတွေနဲ့ကိုက်ညီတဲ့ EU Guide Line ပါ စည်းကမ်းချက်တွေ နဲ့အညီ လိုက်နာတင်ပို့ရတာဖြစ်တယ်လို့ သိရပါတယ်။
↔️ မြန်မာ့ပဲတီစိမ်းကို ဥရောပသမဂ္ဂနိုင်ငံတွေကို တင်ပို့ရာမှာ အဓိအားဖြင့် နယ်သာလန်၊ အိုင်ယာလန်၊ အင်္ဂလန်၊ ဂျာမနီစတဲ့နိုင်ငံတွေကိုတင်ပို့နေပြီး အဲ့ဒီနိုင်ငံတွေက အခြားသော ဥရောပကုန်သည်တွေနဲ့ ချိတ်ဆက်ကာ ပြန်လည်ဖြန့်ဖြူးနေတာဖြစ်တယ်လို့ သိရပါတယ်။
↔️ လက်ရှိမှာ ပဲတီစိမ်းနဲ့ စပါးစိုက်ပျိုးမှုတွေတိုးတက်လာစေဖို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ဆီက စိုက်ပျိုးရေးစရိတ်အဖြစ်ချေးယူထားတဲ့ တောင်သူတွေရဲ့ ကြွေးကျန်ပမာဏထဲက ၂၅ ရာခိုင်နှုန်းကို စပါးနဲ့ ပဲတီစိမ်းအား ကာလပေါက်ဈေးနဲ့ဈေးဖြတ်ယူပြီး ပြန်လည်ပေးဆပ်နိုင်အောင် ဆောင်ရွက်ပေး သွားဖို့ရှိနေတယ်လို့လည်း သိရပါတယ်။
↔️ သီးနှံဈေးကွက် နှင့် ကုန်သွယ်မှုသတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : Myanmaplatform