menu

၂၀၂၃ - ၂၀၂၄ တွင် ပဲတီစိမ်းတန်ချိန် ၆သိန်းကို ပြည်ပသို့တင်ပို့မည်


🌱🌱🌱🌱🌱🌱🌱🌱🌱🌱

➡️ ယခုလာမည့် ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံကနေ ပြည်ပကို ပဲတီစိမ်းတန်ချိန်၆သိန်း တင်ပို့ဖို့ရှိနေကာ လေးကြိမ်ခွဲကာတင်ပို့ပေးသွားမယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရပါတယ်။

➡️ ပဲတီစိမ်းတွေကို ပြည်ပတင်ပို့မှုလေးကြိမ်မှာ တစ်ကြိမ်ကို တန်ချိန်တစ်သိန်းခွဲ သတ်မှတ်ကာ တင်ပို့ပေးသွားမယ်လို့ ဆိုပါတယ်။

➡️ ပဲတီစိမ်း တန်ချိန်၆သိန်း ရဲ့ ခန့်မှန်းတန်ဖိုးအနေနဲ့ အမေရိကန်ဒေါ်လာ ၅၁၆သန်းခန့် တန်ဖိုးရှိကြောင်းနဲ့ လက်ရှိ ၂၀၂၂-၂၀၂၃ခုနှစ်ဘဏ္ဍာနှစ်မှာတော့ ပဲတီစိမ်းပြည်ပတင်ပို့မှု အမေရိကန်ဒေါ်လာ ၃၅၃သန်းကျော်ဖိုး တင်ပို့ထားတယ်လို့သိရပါတယ်။

➡️ ပဲတီစိမ်းပြည်ပတင်ပို့မှု အနေနဲ့ နယ်စပ်ကနေ တင်ပို့တာထက် ရန်ကုန်ကနေ သင်္ဘောနဲ့တင်ပို့တဲ့ ဈေးကွက်က ဈေးပိုမိုရရှိနေပြီး ဥရောပနိုင်ငံတွေဖြစ်တဲ့ နယ်သာလန်၊ အိုင်ယာလန်၊ အင်္ဂလန်၊ ဂျာမနီနိုင်ငံ စတဲ့နိုင်ငံတွေကိုတင်ပို့နေပြီး အိမ်နီးချင်း တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေကလည်း ပဲတီစိမ်းဝယ်လိုအားရှိနေတယ်လို့ သိရပါတယ်။

➡️ သီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။ 

Sources : MyanmaPlatform

25 – 2 – 2023