menu

“၂၀၂၄ ခုနှစ်၊ ဧပြီလအတွင်း ‌ဖြစ်ပေါ်လာနိုင်သည့် အယ်လ်နီညို အခြေအနေသတင်း”


🌦️🌦️🌦️🌦️🌦️🌦️🌦️🌦️🌦️🌦️

⏩ အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ (Tropical Pacific Ocean)၏ ပင်လယ်ရေမျက်နှာပြင်အပူချိန်နှင့် လေထုဖြစ်စဉ်များမှာ အားအသင့်အတင့်မှ အားအနည်းငယ် ရှိသော "အယ်လ်နီညို" အခြေအနေတွင်ရှိနေပါသည်။ နိုင်ငံတကာ မိုးလေဝသဌာနများ၏ သင်္ချာပုံစံပြုမော်ဒယ်များ ခန့်မှန်းချက်အရ ၂၀၂၄ ခုနှစ်၊ ဧပြီလအတွင်း အားအနည်းငယ်ရှိသော "အယ်လ်နီညို" အခြေအနေသို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။

⏩ "အယ်လ်နီညို"ဖြစ်စဉ်သည် ပစိဖိတ်သမုဒ္ဒရာတွင် ဖြစ်ပေါ်သည့်ဖြစ်စဉ်ဖြစ်သော်လည်း အဆိုပါ "အယ်လ်နီညို" ဖြစ်စဉ်ကြောင့် အကျိုးသက်ရောက်မှုမှာ ယေဘုယျအားဖြင့် မိုးရွာသွန်းမှုမူမမှန်ခြင်း၊ နေ့အပူချိန်များမြင့်မားခြင်း၊ မုန်တိုင်းဖြစ်ပေါ်မှုများမူမမှန်ခြင်း၊ မိုးခေါင်ရေရှားခြင်း စသည့် အစွန်းရောက် မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသည်။

⏩ သို့ဖြစ်ပါ၍ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် ဧပြီလအတွင်း"အယ်လ်နီညို" ကြောင့်ဖြစ်ပေါ်လာနိုင်သည့် မိုးလေဝသဖြစ်စဉ်များနှင့်ပတ်သက်၍ ကြိုတင်သတိပြုနိုင်ပါရန် တင်ပြအပ်ပါသည်။

Sources : မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

(၂၀၂၄ ခုနှစ်၊ မတ်လ ၂၈ ရက်)