menu

၂၀၂၂ ခုနှစ် ဩဂုတ်လအတွင်း ‌ဖြစ်ပေါ်နိုင်သည့် “လာနီညာ” အခြေအနေသတင်း


🌾🌧🌾🌧🌾🌧🌾🌧🌾🌧🌾

⏩ယခုဩဂုတ်လအတွင်း အီကွေတာအနီးရှိအပူပိုင်းပစိဖိတ်သမုဒ္ဒရာ (Tropical Pacific Ocean) ၏ ပင်လယ်ရေမျက်နှာပြင်အပူချိန်နှင့် လေထုဖြစ်စဉ်များမှာ အားအနည်းငယ်ရှိသော “လာနီညာ” အခြေအနေသို့ ရောက်ရှိနေပါသည်။ နိုင်ငံတကာမိုးလေဝသဌာနများ၏ သင်္ချာပုံစံပြုမော်ဒယ်များ ခန့်မှန်းချက်အရ ဩဂုတ်လအတွင်းအားအနည်းငယ်ရှိသော “လာနီညာ” အဆင့်တွင် ဆက်လက် တည်ရှိနိုင်သည်ဟုခန့်မှန်းရပါသည်။ 

⏩“လာနီညာ” ဖြစ်စဉ်သည် ပစိဖိတ်သမုဒ္ဒရာတွင် ဖြစ်ပေါ်သည့်ဖြစ်စဉ် ဖြစ်သော်လည်း အဆိုပါ “လာနီညာ” ဖြစ်စဉ်ကြောင့် အကျိုးသက်ရောက်မှုမှာ ယေဘူယျအားဖြင့် အရှေ့ဘက်မှ လေပွေလှိုင်းများ တိုက်ခတ်ခြင်း၊ ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းများပိုမိုဖြစ်ပေါ်လာနိုင်ခြင်းနှင့် မိုးရွာသွန်းမှုပုံမှန်ထက်ပိုမိုခြင်း စသည့် ရာသီဥတုဖြစ်စဉ်များဖြစ်ပေါ်လေ့ရှိပါကြောင်း အသိပေးအပ်ပါ သည်။

⏩“လာနီညာ” ဖြစ်ပေါ်မှုနှင့် ပတ်သက်သည့်အခြေအနေသတင်းများအား အချိန်နှင့်တစ်ပြေးညီ တင်ပြပေးသွားမည် ဖြစ်ပါသည်။

Sources : မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

၁၀ . ၈ . ၂၀၂၂