menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
"၂၀၂၅ ခုနှစ်၊ မိုးနှောင်းကာလအတွက် မိုးလေဝသနှင့်ဇလဗေဒခန့်မှန်းချက်"
🌱⛈️🌱⛈️🌱⛈️🌱⛈️🌱⛈️🌱
၂၀၂၅ ခုနှစ်၊ မိုးနှောင်းကာလ သတ်မှတ်ခြင်း
--------------------------------------
၂၀၂၅ ခုနှစ်၊ မိုးနှောင်းကာလသည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ(၁)ရက်နေ့ (မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၁၀ ရက်နေ့)မှစ၍ အနောက်တောင်မုတ်သုံလေ မြန်မာနိုင်ငံတစ်ဝန်းလုံးမှ ပြန်လည်ဆုတ်ခွာသွားသည့်နေ့အထိဖြစ်ပါသည်။
မုတ်သုံလေဆုတ်ခွာသည့် အခြေအနေ
---------------------------------
အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံအရပ်ရပ်မှ အောက်ပါအတိုင်း ဆုတ်ခွာသွားဖွယ်ရာရှိပါသည်။ (က) စက်တင်ဘာလ (၁၄ ရက်နေ့မှ ၁၉ ရက်) နေ့အတွင်း မြန်မာနိုင်ငံမြောက်ပိုင်းဒေသများ (ခ) စက်တင်ဘာလ (၂၀ ရက်နေ့မှ ၂၅ ရက်) နေ့အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသများ (ဂ) စက်တင်ဘာလ (၂၆ ရက်နေ့မှ အောက်တိုဘာလ ၁ ရက်) နေ့အတွင်း မြစ်ဝကျွန်းပေါ်ဒေသများ (ဃ) အောက်တိုဘာလ (၂ ရက်နေ့မှ ၇ ရက်) နေ့အတွင်း မြန်မာနိုင်ငံတောင်ပိုင်းဒေသများ မှ အသီးသီးဆုတ်ခွာနိုင်ပါသည်။
ဘင်္ဂလားပင်လယ်အော်အခြေအနေ
-------------------------------
မိုးနှောင်းကာလများအတွင်း ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်၀န်း(၃)ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ (၂)ကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ပါသည်။ အနောက်တောင်မုတ်သုံလေသည် ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တို့တွင် အားအနည်းငယ်မှ အားအသင့်အတင့်ရှိနိုင်ပါသည်။
မိုးရွာသွန်းနိုင်သည့် အခြေအနေ
---------------------------
ယခုမိုးနှောင်းကာလအတွင်း မိုးရွာသွန်းနိုင်သည့်အခြေအနေမှာ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်းနှင့်အရှေ့ပိုင်း)တို့တွင် ရွာသွန်းမြဲထက်ပိုနိုင်ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း နှင့် ကချင်ပြည်နယ်တို့တွင် ရွာသွန်းမြဲအောက်လျော့နည်းနိုင်ကာ၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ပါသည်။
မြစ်ရေအခြေအနေ
---------------
မြစ်ရေအခြေအနေများမှာ မိုးနှောင်းကာလစက်တင်ဘာလ နှင့် အောက်တိုဘာလတို့တွင် ဧရာဝတီမြစ်ရေသည် ရွှေကူမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် (၁)ကြိမ်ခန့်စီ၊ ချင်းတွင်းမြစ်ရေသည် ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့နှင့် မုံရွာမြို့တို့တွင် (၁)ကြိမ်ခန့်စီ၊ ဒုဋ္ဌဝတီမြစ်ရေသည် မြစ်ငယ်မြို့တွင် (၁)ကြိမ်ခန့်၊ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့နှင့် မဒေါက်မြို့တွင် (၁)ကြိမ်ခန့်စီ၊ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် (၁)ကြိမ်ခန့်၊ ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင် (၁)ကြိမ်ခန့်၊ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် (၁)ကြိမ်ခန့်၊ သောင်ရင်းမြစ်ရေသည် မြဝတီမြို့တွင် (၁)ကြိမ်ခန့်၊ ငဝန်မြစ်ရေ သည် ငါးသိုင်းချောင်းမြို့နှင့် သာပေါင်းမြို့တို့တွင် (၁) ကြိမ်ခန့်စီ၊ တိုးမြစ်ရေသည် မအူပင်မြို့တွင် (၁)ကြိမ်ခန့်နှင့် ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့တွင်(၁)ကြိမ်ခန့် ယင်းမြို့များ၏ စိုးရိမ်ရေမှတ် အသီးသီးအထက်သို့ ကျော်လွန်ရောက်ရှိနိုင်ပါသည်။
Sources : မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန