menu

၂၀၂၂ ခုနှစ် မတ်လအတွင်း ဖြစ်ပေါ်လာနိုင်သည့် “လာနီညာ” အခြေအနေသတင်း


🌾🌧🌿🌧🌾🌧🌾🌧🌿🌧🌾

🔹အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ (Tropical Pacific Ocean)၏ ပင်လယ်ရေမျက်နှာပြင် အပူချိန်နှင့်လေထုဖြစ်စဉ်များမှာ အားအနည်းငယ်ရှိသော “လာနီညာ” အခြေအနေသို့ ရောက်ရှိ နေပါသည်။ နိုင်ငံတကာမိုးလေဝသဌာနများ၏ သင်္ချာပုံစံပြုမော်ဒယ်များ ခန့်မှန်းချက်အရ မတ်လအတွင်း အားအနည်းငယ်ရှိသော “လာနီညာ” အဆင့်တွင် ဆက်လက်တည်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။

🔹“လာနီညာ” ဖြစ်စဉ်သည် ပစိဖိတ်သမုဒ္ဒရာတွင် ဖြစ်ပေါ်သည့်ဖြစ်စဉ်ဖြစ်သော်လည်း အဆိုပါ “လာနီညာ” ဖြစ်စဉ်ကြောင့် အကျိုးသက်ရောက်မှုမှာ ယေဘုယျအားဖြင့် အရှေ့ဘက်မှ လေပွေလှိုင်းများတိုက်ခတ် ခြင်း၊ အချိန်အခါမဟုတ် မိုးရွာသွန်းမှုဖြစ်စဉ်များပိုမိုဖြစ်ပေါ်လာခြင်း စသည့်ရာသီဥတုဖြစ်စဉ်များ ဖြစ်ပေါ်လေ့ရှိပါသည်။

🔹“လာနီညာ” ဖြစ်ပေါ်မှုနှင့် ပတ်သက်သည့် အခြေအနေများအား အချိန်နှင့်တစ်ပြေးညီ ဆက်လက် တင်ပြပေးသွားမည်ဖြစ်ပါသည်။

 Sources : မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန 

 ၂၀၂၂ ခုနှစ် မတ်လ (၁) ရက်