menu

"၂၀၂၃ ခုနှစ်၊ စက်တင်ဘာလအတွက် လပတ်မိုးလေဝသခန့်မှန်းချက်"



🌾🌦️🌾🌦️🌾🌦️🌾🌦️🌾🌦️🌾

ဘင်္ဂလားပင်လယ်အော် အခြေအနေ .....

ယခုစက်တင်ဘာလအတွင်း ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်‌၀န်း (၂)ကြိမ်ဖြစ်ပေါ်နိုင်ပြီး၊ (၁)ကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ‌ရောက်ရှိနိုင်ပါသည်။ အနောက်တောင် မုတ်သုံလေသည် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၁၂ - ၁၈) ရက်နေ့အတွင်း မြန်မာနိုင်ငံမြောက်ပိုင်းဒေသ များမှ လည်းကောင်း၊ စက်တင်ဘာလ (၁၉ - ၂၅) ရက်နေ့အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသများမှ လည်းကောင်း၊ စက်တင်ဘာလ (၂၆) ရက်နေ့မှ အောက်တိုဘာလ (၁) ရက်နေ့အတွင်း မြစ်ဝကျွန်းပေါ် ဒေသများမှလည်းကောင်း ဆုတ်ခွာသွားဖွယ်ရာရှိပါသည်။ အနောက်တောင်မုတ်သုံလေသည် ကပ္ပလီပင်လယ်ပြင် နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် အားအနည်းငယ်မှ အားအသင့်အတင့် ရှိနိုင်ပါသည်။

မိုးရွာသွန်းနိုင်သည့် အခြေအနေ .....

စက်တင်ဘာလအတွင်း မိုးရွာသွန်းမှုအခြေအနေမှာ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ် နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ပါသည်။ 

မိုးရွာသွန်းနိုင်သည့်ရက်များ .....

ယခုစက်တင်ဘာလအတွင်း ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် (၂၁)ရက်မှ (၂၅)ရက်ခန့်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် (၁၆)ရက်မှ (၂၀)ရက်ခန့် နှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့တွင် (၁၁)ရက်မှ (၁၅)ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ပါသည်။

Sources : မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန