menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
၂၀၂၁ခုနှစ် တစ်နှစ်တာ ဈေးကွက်သုံးသပ်ချက် …..
🌾🌿🧄🌿🌾🧄🌾🌿🧄🌿🌾
⏭ ၂၀၂၁ခုနှစ်ကတော့ အပြောင်းအလဲများစွာရှိခဲ့တဲ့နှစ်တစ်နှစ်ဖြစ်ပါတယ်။ ကိုဗစ်ရောဂါကူးစက်မှု အခြေအနေဆိုးရွားခဲ့သလိုပြောင်းလဲသွားတဲ့နိုင်ငံရေးအခြေအနေကြောင့်ငွေကြေးဖောင်းပွမှု၊ ဘဏ်ငွေ ထုတ်ရာတွင် ခက်ခဲမှု၊ သယ်ယူပို့ဆောင်ရေးစရိတ် မြင့်တက်လာမှု၊ဓာတ်မြေဩဇာအဆမတန်မြင့်တက် လာမှု၊ ပြည်ပသွင်းကုန်မဝင်ရောက်တော့တဲ့အတွက် ပြည်တွင်းထုတ်ကုန်ဈေးနှုန်း များမြင့်တက် လာမှုတွေနဲ့ ကြုံတွေ့ရတဲ့ နှစ်လည်း ဖြစ်ပါတယ်။
⏭ စိုက်ပျိုးရေးကဏ္ဍမှာလည်း ပြည်ပတင်ပို့မှုမရှိတဲ့အတွက်ကြောင့် စိုက်ပျိုးထုတ်လုပ်မှုတွေကို လျော့ချခဲ့ပြီး ထောပတ်သီး၊ကော်ဖီ၊ဝဥ အစရှိတဲ့ ထုတ်ကုန်တွေကို ပြည်ပတင်ပို့မှု ဈေးကွက်သစ်တွေလည်း ဆုံးရှုံးခဲ့ပါတယ်။
🌾ဆန်၊စပါး🌾
စပါးဈေး၊ဆန်ဈေးတွေကတော့ ပြီးခဲ့တဲ့ ၂၀၂၀ နဲ့ ယှဉ်လိုက်ရင်ဈေးတွေက မြင့်တက်လာခဲ့ပါတယ်။ ပြည်တွင်းဝယ်ယူစားသုံးမှု များတဲ့အတွက် မြင့်တက်လာခဲ့သလို ပြည်ပတင်ပို့မှုကလည်း ပင်လယ်ရေကြောင်းကနေတဆင့် တင်ပို့မှုတွေများတဲ့အတွက်ကြောင့် ဈေးတွေက မြင့်တက်လာခဲ့ပါ တယ်။ အဓိကတင်ပို့မှုကတော့ တရုတ်ဖြစ်ပြီး အာဆီယံနိုင်ငံများအပါအဝင် အီးယူနိုင်ငံများကိုလည်း တင်ပို့မှုရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၀ဒီဇင်ဘာလမှာတော့ ရန်ကုန်ဈေးကွက်မှာ ပေါ်ဆန်း(ဖျာပုံ၊ဒေးဒရဲ၊မြောင်းမြ၊ပုသိမ်၊နယ်စုံ) တို့က တစ်အိတ်ကို ၃၄,၀၀၀ ကနေ ၄၁,၀၀၀ ကြားပေါက်ဈေးရှိခဲ့ပေမယ့် ယခုနှစ် ၂၀၂၁ ဒီဇင်ဘာလမှာတော့ တစ်အိတ်ကို ၄၃,၀၀၀ ကနေ ၅၀,၀၀၀ ကြားပေါက်ဈေးရှိနေပါတယ်။ ဧည့်မထ နဲ့ ၂၅ မှတ်တန် တို့ကတော့ တစ်အိတ်ကို ၂၀၂၀ ဒီဇင်ဘာလမှာ တစ်အိတ်ကို ၂၁,၀၀၀ ကနေ ၂၆,၀၀၀ ကြားပေါက်ဈေးရှိခဲ့ပြီး ၂၀၂၁ ဒီဇင်ဘာလမှာတော့ တစ်အိတ်ကို ၂၂,၅၀၀ ကနေ ၂၃,၅၀၀ ပေါက်ဈေးရှိနေပါတယ်။ ဆန်ကြမ်းကို တရုတ်နယ်စပ်ကနေ တဆင့်အဓိက တင်ပို့မှု ပြုနေပေမယ့် ကိုဗစ်ကြောင့် တင်ပို့မှု ရပ်နားမှုတွေကြောင့် ဈေးက ကျဆင်းခဲ့တယ်လို့ လည်းသိရပါတယ်၊ စပါးတွေကတော့ ဆန်ဈေးအတက်နဲ့အတူ ဈေးတွေလည်း မြင့်တက်လာပါတယ်။စပါးဈေးတွေ မြင့်တက်ပေမယ့် ဓာတ်မြေဩဇာမြင့်တက်မှုတွေကြောင့် ဈေးရရှိနေပေမယ့် တောင်သူအကျိုးခံစားမှု ကတော့ မရှိဘူးလို့ သိရပါတယ်။ ထို့ပြင် သီးနှံပေါ်ပေးစနစ်ကလည်း မရှိတော့တဲ့အတွက် စိုက်ဧကလျော့ချစိုက်ပျိုးမှုတွေလည်း ရှိလာပါတယ်။ ၂၀၂၀ ဒီဇင်ဘာ မှာ ဧရာဝတီတိုင်း ဈေးကွက်မှာ ပေါ်ဆန်းစပါးက တင်း ၁၀၀ ကို ၆၈၅,၀၀၀ ကနေ ၇၈၆,၀၀၀ ကြား ပေါက်ဈေးရှိခဲ့ပြီး ၂၀၂၁ ဒီဇင်ဘာလမှာတော့ ပေါ်ဆန်းစပါးက တင်း ၁၀၀ ကို ၈၄၁,၀၀၀ ကနေ ၉၅၅,၀၀၀ ကြား ပေါက်ဈေးရှိပါတယ်။ ဧည့်မထစပါးကတော့ ပြီးခဲ့တဲ့ နှစ်က တင်း ၁၀၀ ကို ၆၂၅,၀၀၀ ကနေ ၆၄၀,၀၀၀ ကြားပေါက်ဈေးရှိခဲ့ပြီး ယခု ၂၀၂၁ မှာတော့ တင်း ၁၀၀ ကို ၆၆၂,၀၀၀ ကနေ ၆၈၀,၀၀၀ ကြားပေါက်ဈေးရှိနေပါတယ်။ အချောစပါးတွေက ဈေးကွာဟမှုတွေရှိပေမယ့် ဆန်ကြမ်းစပါးတွေကတော့ ဈေးကွာဟမှု သိပ်မရှိပါဘူး။
🌿မတ်ပဲ🌿
မတ်ပဲကတော့ ယခုနှစ်မှာ ဈေးအမြင့်ဆုံး တစ်တန်ကို သိန်း၂၀ ကျော်ထိ မြင့်တက်လာခဲ့ပါတယ်။အဓိက နိုင်ငံခြားငွေလဲလှယ်နှုန်းဈေးက တစ်ဒေါ်လာကို ငွေကျပ် ၃,၀၀၀ အထိ ဈေး မြင့်တက်ခဲ့တဲ့အတွက် ပြည်တွင်းပဲဈေးကလည်း မြင့်တက်လာခဲ့တာဖြစ်ပါတယ်။ ဘဏ်ငွေထုတ်ခက်ခဲခြင်း၊ငွေစက္ကူရှားပါးမှု ပြဿနာတို့ကြောင့် ပဲဈေးတွေမြင့်တက်လာပေမယ့်လည်း တောင်သူအများစု ဈေးကောင်းရရှိမှု မရှိပါဘူး။ ထို့ပြင် သယ်ယူရန်ကွန်တင်နာငှားခ သယ်ယူစရိတ်တွေက မြင့်တက်လာခဲ့ခြင်းတို့ကြောင့် ဈေးက ဆက်တိုက် မြင့်တက်နေခဲ့တာလည်း ဖြစ်ပါတယ်။ အိန္ဒိယတင်ပို့မှုကတော့ လာမယ့် ၂၀၂၁ မတ်လ အထိ G to G စာချုပ်အရ ဆက်လက်တင်ပို့နိုင်ဦးမှာဖြစ်ပါတယ်။ ၂ လကျော် ၃ လနီးပါး အမြင့်ဈေးနဲ့ ရှိခဲ့တဲ့ မတ်ပဲဈေးကလက်ရှိနှစ်ကုန်ပိုင်းမှာတော့ ငွေကြေးထိန်းချုပ်မှု၊ ပဲအသစ်တွေဈေးကွက်ဝင်ရောက်လာမှုတို့ကြောင့် ဈေးတွေ ပြန်ကျဆင်းလာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၀ ဒီဇင်ဘာလမှာ မတ်ပဲက ရန်ကုန်ပေါက်ဈေးက တစ်တန်ကို ၉၄၅,၀၀၀ ကနေ ၁,၀၅၀,၀၀၀ ကျော် ပေါက်ဈေးရှိခဲ့ပြီး ယခု ၂၀၂၁ ဒီဇင်ဘာလ မှာတော့ မတ်ပဲက တစ်တန်ကို ၁,၂၇၀,၀၀၀ ကနေ ၁,၄၂၀,၀၀၀ ကျော်ထိ ပေါက်ဈေးရှိပါတယ်။ မန္တလေးဈေးကွက်မှာတော့ ပြီးခဲ့တဲ့ နှစ်က တစ်အိတ်ကို ၉၅,၀၀၀ ကနေ ၁၀၀,၀၀၀ ကြားပေါက်ဈေးရှိခဲ့ပြီး ယခုနှစ်မှာတော့ တစ်အိတ်ကို ၁၂၀,၀၀၀ ထိ ပေါက်ဈေးရှိနေခဲ့ပါတယ်။ လက်ရှိ မတ်ပဲဈေးကတော့ အိန္ဒိယလိုအပ်ချက်လည်းရှိနေပြီး ငွေကြေးလဲလှယ်နှုန်းဈေးက အတက်ဈေးနဲ့ပဲ ရပ်တန့်နေခဲ့တဲ့အတွက် မတ်ပဲ ဈေးက အများကြီးကျဆင်းသွားနိုင်တာ မျိုးမရှိဘူးလို့ကုန်သည်တွေက သုံးသပ်ပေမယ့် တောင်သူအများစုကတော့ သွင်းအားစုဈေးကြီးမြင့်တဲ့ အတွက် ရရှိဈေးနဲ့ ပြန်လည် စိုက်ပျိုးဖို့ အတွက် ခက်ခဲလို့ စိုက်ဧက လျော့ချစိုက်ပျိုးတာတွေ၊ သွင်းအားစုလျော့ထည့်တာတွေ ရှိနေတယ်လို့သိရပါတယ်။
🌿ပဲစင်းငုံနီ🌿
ပဲစင်းငုံနီကလည်း မတ်ပဲနည်းတူ ဈေးတွေတက်ခဲ့ပါတယ်။ တစ်တန်ကို ၁၈ သိန်းကျော်ထိဈေးရောက်ရှိခဲ့ပါ တယ်။ပဲစင်းငုံနီက မတ်ပဲလောက် စိုက်ဧက မများတဲ့အပြင် အိန္ဒိယနိုင်ငံအပြင် အခြားနိုင်ငံတွေကလည်း ဝယ်ယူမှု ရှိတဲ့အတွက် လက်ကျန်တွေကလည်း အများကြီးမရှိပါဘူး။ ပဲစင်းငုံနီသီးသန့် ကုန်သည်ကြီးတွေကလည်း သိပ်မများတဲ့အတွက်ကြောင့် ဈေးကစားမှုကလည်း အများကြီးမရှိပဲ ဝယ်လိုမှုပေါ်မူတည်ပြီးဈေးအတက်အကျ သာဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံက လာမယ့်မတ်လ အထိ တန်ချိန် ၁ သိန်းခန့် ဝယ်ယူမှာ ဖြစ်ပေမယ့် အသစ်တွေကလည်း ထွက်ရှိနေပြီ ဖြစ်လို့ ဈေးကတော့ လက်ရှိဈေးထပ် ကျဆင်းနိုင်ပေမယ့် အများကြီးတော့ မကျဆင်းနိုင်ဘူးလို့ ကုန်သည်တွေ က သုံးသပ်ပေးထားပါတယ်။ ပြီးခဲ့ ၂၀၂၀ ခုနှစ်ဒီဇင်ဘာလ မှာ ပဲစင်းငုံနီက တစ်တန်ကို ၇၅၀,၀၀၀ ကနေ ၈၃၀,၀၀၀ ကျော်ပေါက်ဈေးရှိခဲ့ပြီး ယခု ၂၀၂၁ ဒီဇင်ဘာလမှာတော့ ၁၁ သိန်း ကနေ ၁,၁၇၅,၀၀၀ ကြား ပေါက်ဈေးရှိနေခဲ့ပါတယ်။ မနှစ်က ဒီဇင်ဘာ လမှာတော့ မန္တလေးမှာဈေးအသစ်မဖွင့်သေးပဲ ယခုနှစ်ကတော့ တစ်အိတ်ကို ၁၀၀,၀၀၀ ကနေ ၁၀၅,၀၀၀ ကြားပေါက်ဈေးရှိနေပါတယ်။ ပဲတင်ပို့မှုကတော့ လာမယ့် ၂၀၂၅-၂၀၂၆ အထိ နှစ်စဉ် မတ်ပဲ တစ်တန်ချိန် ၂ သိန်းခွဲ နှင့် ပဲစင်းငုံနီ တန်ချိန် တစ်သိန်း ခန့်ကို တင်ပို့သွားဖို့အတွက် နားလည်မှု စာချွန်လွှာ ရေးထိုးထားကြောင်း သိရသည်။
🧄ကြက်သွန်ဖြူ🧄
ကြက်သွန်ဖြူ(ကြူကုတ်)ကလည်း ဒီနှစ်မှာ ဈေးတက်လာခဲ့ပါတယ်။ တရုတ်ဘက်က တင်သွင်းမှုရော တင်ပို့တာရော ပိတ်လိုက်တာ ဖြစ်တဲ့အတွက် ပြည်တွင်းရှားပါးခဲ့ပြီးဈေးတွေက တက်လာခဲ့ပါတယ်။ စားသုံးမှုကလည်း များတဲ့အတွက်ဈေးတွေက မြင့်တက်လာတယ်လို့ ကုန်သည်တွေက ဆိုပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၀ ဒီဇင်ဘာလ မှာ ကြက်သွန်ဖြူ(ကြူကုတ်)က တစ်ပိဿာကို ၁,၉၅၀ ကနေ ၂,၀၀၀ ကြားပေါက်ဈေးရှိခဲ့ပြီး ယခုနှစ် ၂၀၂၁ မှာတော့ တစ်ပိဿာကို ၄,၅၀၀ ကနေ ၅,၅၀၀ ကြားပေါက်ဈေး ရှိနေပါတယ်။ကြက်သွန်ဖြူ (ရှမ်း) ကလည်း ကြူကုတ်အစားထို စားသုံးမှုကြောင့်ဈေးတွေ တက်လာခဲ့ပါတယ်။ လက်ကားဈေးထပ် လက်လီဈေးက ပိုများနေတာကိုလည်း တွေ့ရပါတယ်။ ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ပြီးခဲ့တဲ့နှစ်စာရင်းအရ တစ်ပိဿာကို ၂,၀၀၀ ကနေ ၂,၆၅၀ ကြားပေါက်ဈေးရှိခဲ့ပြီး ယခုနှစ် ၂၀၂၁ မှာတော့ တစ်ပိဿာကို ၁,၅၀၀ ကနေ ၃,၀၀၀ ကြားပေါက်ဈေးရှိနေပါတယ်။ လက်လီဈေးကွက်မှာတော့ တစ်ပိဿာကို ၄,၀၀၀ ကနေ ၅,၀၀၀ နီးပါးပေါက်ဈေးရှိနေပါတယ်။
🌿နှမ်းနက်(စမုံ)🌿
နှမ်းနက်(စမုံ)ကတော့ ပြည်ပတင်ပို့မှုမရှိတဲ့အတွက် တစ်နှစ်ပတ်လုံးအကျဈေးနဲ့ပဲ ရှိနေခဲ့ပြီး နှစ်ခါကုန်နီးအချိန်မှ တင်ပို့မှု အနည်းငယ်ရှိလာတဲ့အတွက်ကြောင့် ဈေးက အနည်းငယ် တက်လာခဲ့ပါတယ်။အဓိက တရုတ်နိုင်ငံကို တင်ပို့တာဖြစ်ပြီးတော့ အရည်အသွေးကောင်း အက်စစ်အောင်တဲ့ နှမ်းတွေကိုတော့ ဂျပန်နိုင်ငံကို တင်ပို့နေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ နှမ်းနက်(စမုံ)က သုံးတင်းဝင် တစ်အိတ်ကို ၁၄၀,၀၀၀ ကနေ ၁၇၅,၀၀၀ ကြားပေါက်ဈေးရှိနေပြီး ယခုနှစ်မှာလည်း တစ်အိတ်ကို ၁၃၅,၀၀၀ ကနေ ၁၈၀,၀၀၀ ကြားပေါက်ဈေးရှိနေပြီး ပြီးခဲ့တဲ့နှစ်နဲ့ယှဉ်လိုက်ရင် အပြောင်းအလဲသိပ်မရှိတာတွေ့ရပါတယ်။
Sources : AMIA (Farmer Digital TV)