menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
၂၀၂၂ခုနှစ် တစ်နှစ်တာ သီးနှံဈေးကွက် သုံးသပ်ချက် ..... (၂၀၂၂ခုနှစ် ဇန်နဝါရီလ မှ ဒီဇင်ဘာလ အထိ)
🌾🫘🧄🥜🌾🌿🌾🥜🧄🫘🌾
⬆️၂၀၂၂ခုနှစ်မှာတော့ သီးနှံမျိုးစုံက ဈေးတွေ မြင့်တက်လာခဲ့ပါတယ်။ ငွေသားထုတ်ယူမှု ခက်ခဲခြင်း၊ ကျပ်ငွေဈေးကျဆင်းခြင်း၊ ကိုဗစ်ရောဂါကြောင့် ကုန်သွယ်မှုပိတ်ထားရခြင်းများ ဖြစ်ပေါ်ခဲ့ပြီး နောက်ဆက်တွဲအနေဖြင့် သယ်ယူပို့ဆောင်စရိတ်မြင့်တက်လာခြင်း၊ ဓာတ်မြေဩဇာဈေးများ မြင့်တက်လာခြင်း၊ စက်သုံးဆီများ မြင့်တက်လာခြင်းများ ဖြစ်ပေါ်လာခဲ့ပါတယ်။ ထို့ပြင် ရုရှား -ယူကရိန်း စစ်ပွဲကြောင့် ကမ္ဘာ့စားနပ်ရိက္ခာသီးနှံတွေ ဆက်တိုက်ဆိုသလို ဈေးမြင့်တက်လာခဲ့ပြီး ပြည်တွင်းမှာပါ ရိုက်ခတ်မှုတွေ ဖြစ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၁နဲ့ နှိုင်းယှဉ်ရင်တော့ ပြည်ပတင်ပို့တင်သွင်းမှုတွေ ရှိလာခဲ့ပေမယ့် အချို့သီးနှံတွေကလည်း ပြန်လည်စမ်းသပ်တင်ပို့မှုတွေ ပြုလုပ်လာခဲ့ပါတယ်။ 🌾ဆန်စပါး🌾 ဆန်စပါးဈေးကတော့ ယခုနှစ်မှာ စံချိန်တင်ဈေးမြင့်တက်မှုတွေဖြစ်ပေါ်လာခဲ့ပါတယ်။ နိုင်ငံရေးအခြေအနေကြောင့် ပြည်တွင်းဝယ်ယူစားသုံးသိုလှောင်မှုများပြားလာသလို ထွက်ရှိမှုနှုန်းလည်း လျော့ကျခဲ့တယ်လို့ သိရပါတယ်။ ထို့အပြင် နေရာအနှံ့အပြား မီးပြတ်မှုကြောင့် ဆန်စက်တွေအထိနာခဲ့ပြီး သယ်ယူပို့ဆောင်စရိတ် မြင့်တက်မှုကြောင့် စပါးဈေးတွေ မြင့်တက်လာခဲ့တာလည်း ဖြစ်ပါတယ်။ ဓာတ်မြေဩဇာဈေးကလည်း ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ်ကတည်းက မြင့်တက်နေခဲ့တာဖြစ်ပြီးလက်ရှိမှာ တစ်အိတ် ၁သိန်းကျော်ထိ မြင့်တက်မှုကြောင့် စပါးစိုက်တောင်သူတွေအနေနဲ့ စိုက်စရိတ်ရှုံးတဲ့အထိ ဖြစ်ခဲ့ပါတယ်။
ထို့သို့ ဈေးတွေမြင့်တက်လာခဲ့တဲ့အတွက် ဆန်စပါးအသင်းမှ ဈေးနှုန်းသတ်မှတ်ရောင်းချပေးခဲ့ပြီး အရန်ဆန်စီမံကိန်းကိုဆောင်ရွက်ခဲ့ပေမယ့် ဈေးတွေကတော့ ဆက်တိုက်မြင့်တက်နေခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၉-၂၀၂၀ မိုးစပါး၊ နွေစပါးစိုက်ပျိုးမှုဧက က ၁၇.၃၁သန်း ထိ စိုက်ပျိုးနိုင်ခဲ့ပေမယ့် ၂၀၂၀-၂၀၂၁ ခုနှစ်မှာတော့ မိုးစပါး၊ နွေစပါးစိုက်ပျိုးမှုက ဧက ၁၇ သန်းထိလျော့ကျခဲ့ပြီး ယခု ၂၀၂၁-၂၀၂၂ မှာတော့ ပိုပြီးလျော့ကျနိုင်တယ်လို့ ကုန်သည်အများစုကခန့်မှန်းထားပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှာ ဆန်ချောတွေဖြစ်တဲ့ ပေါ်ဆန်း(ဖျာပုံ၊ ဒေးဒရဲ၊ မြောင်းမြ၊ ပုသိမ်၊ နယ်စုံ) တို့က တစ်အိတ်ကို ၄၃,၀၀၀ ကနေ ၅၀,၀၀၀ကြား ပေါက်ဈေးရှိခဲ့ပေမယ့် ယခု ၂၀၂၂ ခုနှစ်ဒီဇင်ဘာလမှာတော့ တစ်အိတ်ကို ၆၀,၀၀၀ ကနေ ၆၅,၀၀၀ ကြား အရောင်းအဝယ်ရှိနေပါတယ်။ ဆန်ကြမ်းဖြစ်တဲ့ ဧည့်မထဆန် နှင့် ၂၅မှတ်တန်ဆန်တို့ကလည်း ပြီးခဲ့တဲ့နှစ်က တစ်အိတ်ကို အမြင့်ဆုံးဈေး ၂၃,၅၀၀ ရှိခဲ့ပေမယ့် ယခုနှစ်မှာတော့ တစ်အိတ်ကို အမြင့်ဆုံးဈေး ၄၇,၀၀၀ ထိ မြင့်တက်လာခဲ့ပါတယ်။ ပထမတန်းစားစပါးတွေဖြစ်တဲ့ ပေါ်ဆန်းစပါးတွေကလည်း ပြီးခဲ့တဲ့နှစ်က တင်း ၁၀၀ ကို အမြင့်ဆုံးဈေး ၉သိန်းခွဲ အထိမြင့်တက်ခဲ့ပြီး ယခုနှစ်မှာတော့ ၁၆သိန်းအထိ မြင့်တက်လာခဲ့ပါတယ်။ ဒုတိယတန်းစားစပါးတွေကလည်း ပြီးခဲ့တဲ့နှစ်က အမြင့်ဆုံးဈေး ၆၈၀,၀၀၀ ထိရှိခဲ့ပေမယ့် ယခုနှစ်မှာတော့ တင်း ၁၀၀ ကို ၁၃သိန်းထိ မြင့်တက်လာခဲ့ပါတယ်။ ယခု ၂နှစ် ကာလအတွင်း ဆန်တစ်အိတ်ကို ၂၅,၀၀၀ကျော် ဈေးမြင့်တက်လာခဲ့သလို စပါးတင်း ၁၀၀ ကို ၈သိန်း နီးပါးဈေးမြင့်တက်လာခဲ့ပါတယ်။ လက်ရှိ မြန်မာ့ဆန်ကို ဘင်္ဂလာဒေ့ရှ်နိုင်ငံ၊ တရုတ်၊ ပိုလန်၊ ဘယ်လ်ဂျီယံ၊ ဖိလစ်ပိုင်နိုင်ငံတို့ကို တင်ပို့နေပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အများဆုံးတင်ပို့နေတယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးစာရင်းများအရ သိရပါတယ်။ တင်ပို့မှုကလည်း ပြီးခဲ့တဲ့ နှစ်နဲ့ ယှဉ်ရင် ဆန် နဲ့ ဆန်ကွဲ တင်ပို့မှုက တန်ချိန် ၁ သိန်း ၂သောင်းကျော် ပိုမိုတင်ပို့ထားတယ်လို့ သိရပါတယ်။
🫘မတ်ပဲ🫘
မတ်ပဲကတော့ ပြီးခဲ့တဲ့နှစ်နဲ့နှိုင်းယှဉ်ရင် အများကြီးပြောင်းလဲသွားတာမျိုးမရှိပေမယ့် ငွေသားထုတ်ယူရန်ခက်ခဲခြင်း၊ သယ်ယူပို့ဆောင်စရိတ်မြင့်တက်ခြင်း၊ ငွေကြေးလဲလှယ်နှုန်းမြင့် တက်ခြင်းတို့ကြောင့် ဈေးက ကျဆင်းသွားတာမျိုးမရှိပါဘူး။ အိန္ဒိယနိုင်ငံတင်ပို့မှုကလည်း ပုံမှန်ရှိနေပေမယ့် ပဲဈေးက ငွေကြေးလဲလှယ်ဈေးနှုန်း ပြောင်းလဲနေတဲ့ ဗဟိုဘဏ်မူဝါဒ နဲ့ အိန္ဒိယနိုင်ငံရဲ့ မြန်မာ့ငွေကြေးဈေးကွက်ကို စောင့်ကြည့်ဝယ်ယူမှုကြောင့် အတက်အကျကတော့ များတဲ့နှစ်လည်း ဖြစ်ပါတယ်။ ဈေးတွေမြင့်တက်နေခဲ့ပေမယ့် နောက်ဆက်တွဲစိုက်စရိတ်မြင့်တက်မှုတွေကြောင့် ဈေးကောင်းရရှိတယ်လို့ သတ်မှတ်လို့မရပါဘူး။ ပဲတင်ပို့မှုကတော့ ယခု ၂၀၂၂ခုနှစ်မှာ မတ်ပဲက တင်ပို့မှုအများဆုံးနဲ့ တန်ချိန် ၄သိန်း ၅သောင်းကျော်အထိ တင်ပို့ထားတယ်လို့ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးစာရင်းတွေအရ သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှာ မတ်ပဲက တစ်တန်ကို အမြင့်ဆုံးဈေး ၁၅ သိန်းထိ ရှိခဲ့ပြီး ယခုနှစ် ၂၀၂၂ခုနှစ် ဒီဇင်ဘာလမှာတော့ တစ်တန်ကို အမြင့်ဆုံးဈေး ၁၇ သိန်းထိ ပေါက်ဈေးရှိနေပါတယ်။
🌿ပဲစင်းငုံ🌿
ပဲစင်းငုံနီကတော့ အိန္ဒိယနိုင်ငံက ၂၀၂၅-၂၀၂၆ ခုနှစ်အထိ နှစ်စဉ် ပဲတန်ချိန်တစ်သိန်းခန့် ဝယ်ယူသွားဖို့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးထားတဲ့အတွက် လက်ရှိပေါက်ဈေးထက် ကျဆင်းနိုင်ခြေမရှိဘူးလို့ ကုန်သည်အများစုကတော့ သုံးသပ်ထားပါတယ်။ ၂၀၂၂ ခုနှစ်အတွင်းမှာတော့ အဓိက ငွေကြေးလဲလှယ်နှုန်းထားမြင့်တက်မှုတွေကြောင့် ဆက်တိုက်မြင့်တက်ခဲ့ပေမယ့် ပြည်တွင်းပဲ ထွက်ရှိမှုနှုန်း လျော့နည်းတဲ့အတွက် မတ်ပဲထက် ဈေးကောင်းရရှိခဲ့ပါတယ်။ ပြည်ပတင်ပို့မှုကလည်း ယခုနှစ်က တန်ချိန် ၁ သိန်းနီးပါးသာ တင်ပို့နိုင်တယ်လို့ စာရင်းများအရ သိရပါတယ်။ အတက်အကျကလည်း အများကြီးပြောင်းလဲသွားတာမျိုး မရှိပါဘူး။အိန္ဒိယနိုင်ငံမှာလည်း ပဲစင်းငုံနီထွက်ရှိမှုနှုန်းက လျော့နည်းတယ်လို့ ထုတ်ပြန်ထားတဲ့အတွက်ကြောင့် ပဲစင်းငုံနီကတော့ လာမယ့်နှစ်မှာလည်း ကာလရှည်ဈေးကွက်မှာ ဈေးကောင်းရနိုင်မယ်လို့ ခန့်မှန်းထားပေမယ့် ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှာ ပဲစင်းငုံနီက အမြင့်ဆုံးဈေး တစ်တန်ကို ၁၂ သိန်းထိ ပေါက်ဈေးရှိခဲ့ပြီး ယခု ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှာတော့ တစ်တန်ကို ၁၇ သိန်းခွဲထိ ဈေးရရှိနေပါတယ်။
🧄ကြက်သွန်နီ🧄
ကြက်သွန်နီကတော့ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းနဲ့နှိုင်းယှဉ်ရင် ဈေးကောင်းရရှိတဲ့နှစ်လို့ သတ်မှတ်လို့ရပေမယ့် စိုက်စရိတ်မြင့်မားမှုတွေကြောင့် မျှော်မှန်းထားသလောက်မရရှိဘူးလို့ ကြက်သွန်တောင်သူတွေက ဆိုပါတယ်။ ကြက်သွန်နီကို ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံအပြင် ထိုင်းနိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံတို့ကပါ ပြန်လည်ဝယ်ယူနေတဲ့အတွက် ဈေးကောင်းရရှိနေခဲ့တာလည်း ဖြစ်ပါတယ်။ ထို့ပြင် ပြီးခဲ့တဲ့နှစ်တွေနဲ့ ယှဉ်ရင် စိုက်ပျိုးသူလျော့နည်းသွားတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့နှစ် ကာလအတွင်း ပြည်ပပို့ကုန်လျော့နည်းသွားခဲ့ပြီး ပြည်တွင်းပိုလျှံတာတွေကြောင့် လျှော့ချစိုက်ပျိုးခဲ့တယ်လို့ တောင်သူတွေက ဆိုပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှာ ကြက်သွန်နီဈေးက အမြင့်ဆုံး တစ်ပိဿာကို ၈၀၀ ကျပ် ပေါက်ဈေးရှိနေခဲ့ပြီး ယခု ၂၀၂၂ခုနှစ် ဒီဇင်ဘာလမှာတော့ ကြက်သွန်နီ အမြင့်ဆုံးဈေးက တစ်ပိဿာကို ၂,၈၀၀ ပေါက်ဈေး ရှိနေပါတယ်။
🥜မြေပဲ🥜
မြေပဲဆံကတော့ ဒီနှစ်မှာစံချိန်တင်မြင့်တက်လာခဲ့ပါတယ်။ ဆီအတွက်အသုံးပြုရန်အတွက် ဆီစက်တွေ က အများအပြားဝယ်ယူမှုတွေပြုလုပ်လာတဲ့အတွက် လက်ကျန်မရှိတော့တဲ့အထိ အရောင်း အဝယ်ဖြစ်ခဲ့ပါတယ်။ မြေပဲဈေးတွေမြင့်တက်လာသလို မြေပဲဆီတွေလည်း ဈေးမြင့်တက်လာခဲ့ပါတယ်။ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ် ဒီဇင်ဘာလမှာ မြေပဲလုံးဆံအနီအဖြူတို့က တစ်ပိဿာကို အမြင့်ဆုံးဈေး ၂,၆၀၀ ကနေ ၂,၈၀၀ကြားသာ ပေါက်ဈေးရှိခဲ့ပေမယ့် ယခု ၂၀၂၂ခုနှစ် ဒီဇင်ဘာလမှာတော့ တစ်ပိဿာကို အမြင့်ဆုံးဈေး ၆,၅၀၀ထိ ပေါက်ဈေးရှိနေပါတယ်။ တစ်နှစ်အတွင်း တစ်ပိဿာကို ထက်ဝက်ကျော် ဈေးမြင့်တက်လာခဲ့ပါတယ်။ မြေပဲဆီဈေးနှုန်းကလည်း လက်ရှိပေါက်ဈေး တစ်ပိဿာကို ၁၁,၀၀၀ ပေါက်ဈေးရှိနေပြီး ပြီးခဲ့တဲ့နှစ်နဲ့ နှိုင်းယှဉ်ရင် တစ်ပိဿာကို ၅,၀၀၀လောက် ဈေးမြင့်တက်လာခဲ့ပါတယ်။
⬆️၂၀၂၂ခုနှစ် တစ်နှစ်တာအတွက် သီးနှံဈေးကွက် နှင့် ကုန်စည်ကူးသန်းရောင်းဝယ်မှု သတင်းများကို သိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : AMIA (Farmer Digital TV)