menu

၂၀၂၃ခုနှစ် ဇန်နဝါရီလအတွင်း ‌ဖြစ်ပေါ်နိုင်သည့် "လာနီညာ" အခြေအနေသတင်း


⛈️⛈️⛈️⛈️⛈️⛈️⛈️⛈️⛈️⛈️

🔹အီကွေတာအနီးရှိအပူပိုင်းပစိဖိတ်သမုဒ္ဒရာ (Tropical Pacific Ocean)၏ ပင်လယ်ရေမျက်နှာပြင် အပူချိန်နှင့် လေထုဖြစ်စဉ်များမှာ အားအနည်းငယ်မှ အားအသင့်အတင့်ရှိသော “လာနီညာ” အခြေအနေသို့ ရောက်ရှိနေပါသည်။ နိုင်ငံတကာမိုးလေဝသဌာနများ၏ သင်္ချာပုံစံပြုမော်ဒယ်များ ခန့်မှန်းချက်အရ ယခု ဇန်နဝါရီလအတွင်း အားအနည်းငယ်ရှိသော “လာနီညာ” အဆင့်တွင် တည်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။ 

🔹အဆိုပါ“လာနီညာ” ဖြစ်စဉ်သည် ပစိဖိတ်သမုဒ္ဒရာတွင် ဖြစ်ပေါ်သည့်ဖြစ်စဉ် ဖြစ်သော်လည်း အဆိုပါ “လာနီညာ” ဖြစ်စဉ်ကြောင့် အကျိုးသက်ရောက်မှုမှာ ယေဘုယျအားဖြင့် အရှေ့ဘက်မှ လေပွေလှိုင်းများ တိုက်ခတ်ခြင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်းများ ပိုမိုဖြစ်ပေါ်လာနိုင်ခြင်း၊ ဒေသအချို့တွင် ညအပူချိန်များလျော့နည်းနိုင်ခြင်းနှင့် အချိန်အခါမဟုတ် မိုးရွာသွန်းမှုဖြစ်စဉ်များ ပိုမိုဖြစ်ပေါ်လာခြင်း စသည့် ရာသီဥတုဖြစ်စဉ်များ ဖြစ်ပေါ်လေ့ရှိပါသည်။

🔹“လာနီညာ” ဖြစ်ပေါ်မှုနှင့်ပတ်သက်သည့် အခြေအနေသတင်းများအား အချိန်နှင့်တစ်ပြေးညီ တင်ပြပေးသွားမည် ဖြစ်ပါသည်။

Sources : မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

(၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၀ရက်)