menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
ငရုတ်၊ ရှမ်းကြက်သွန်ဖြူနှင့် စားအုန်းဆီဈေးနှုန်း ထပ်မံမြင့်တက်
🌿🌶🌿🌶🌿🌶🌿🌶🌿🌶🌿🌶🌿
☑️နိုဝင်ဘာ ၁၂ ရက် ရန်ကုန်ဈေးကွက်တွင် ရှမ်းကြက်သွန်ဖြူအောင်ပန်းအမျိုးအစား လက်ကားတစ်ပိဿာကျပ် ၂,၂၀၀ မှ ၃,၀၀၀ နှုန်းသို့ မြင့်တက်လာသော်လည်းကြူကုတ်ကြက်သွန်ဖြူမှာမူလက်ကား တစ်ပိဿာ ၁,၈၇၅-၁,၉၀၀ ကျပ်နှုန်းသာရှိနေသည်။ ၂၀၁၈ နိုဝင်ဘာ ၁၂ ရက်တွင်ရှမ်းအောင်ပန်း ကြက်သွန်ဖြူ လက်ကား တစ်ပိဿာ ကျပ် ၇၅၀ မှ ၁,၃၀၀၊ ကြူကုတ်ကြက်သွန်ဖြူ ကျပ် ၁,၄၅၀ နှုန်း၊ ၂၀၁၉ နိုဝင်ဘာ ၁၃ ရက်တွင် ရှမ်းကြက်သွန်ဖြူလက်ကားတစ်ပိဿာ ကျပ် ၂,၅၀၀ မှ ၃,၉၀၀၊ ကြူကုတ် ကြက်သွန်ဖြူ ကျပ် ၃,၀၀၀ နှုန်းရှိခဲ့သည်။ ၂၀၁၉ နိုဝင်ဘာ ၅ ရက်တွင် ရှမ်းကြက်သွန်ဖြူ ကျပ် ၂,၇၅၀ မှ ၄,၅၀၀ အထိ ဈေးမြင့်ခဲ့ပြီး ကြူကုတ်မှာမူ ကျပ် ၂,၉၅၀ နှုန်းသာရှိသည်ဟု ဈေးနှုန်းဟောင်းများအရ သိရသည်။
☑️၂၀၂၀ နိုဝင်ဘာ ၁၂ ရက် ရန်ကုန်ဈေးကွက်အတွင်း ငရုတ်ဈေးနှုန်းများ ထပ်မံမြင့်တက်လာရာအိန္ဒိယ ငရုတ်ရှည် လက်ကားတစ်ပိဿာ ကျပ် ၅,၇၀၀-၅,၈၀၀၊ ဝါးခယ်မ (အအေးခန်းထုတ် AC) ငရုတ်ရှည်လက်ကားတစ်ပိဿာ ကျပ် ၅,၂၀၀၊ ပျော်ဘွယ်မိုးထောင်ငရုတ် ကျပ် ၅,၃၀၀-၅,၄၀၀၊ တရုတ်စက ငရုတ်ပွ ကျပ်၅,၈၀၀ နှုန်း၊ ဆင်ဖြူကျွန်းငရုတ်ပွ ကျပ် ၁၃,၀၀၀ နှုန်းအသီးသီးဈေးမြင့်တက်လာသည်။
☑️၂၀၂၀ နိုဝင်ဘာ ၂ ရက်တွင် အိန္ဒိယငရုတ်ရှည်လက်ကားတစ်ပိဿာ ကျပ် ၅,၀၀၀၊ ဝါးခယ်မအအေးခန်းထုတ် ငရုတ်ရှည် ကျပ် ၄,၅၀၀၊ ပျော်ဘွယ်မိုးထောင်ကျပ် ၅,၀၀၀၊ နယ်သာလန်ငရုတ်ရှည် လက်ကားတစ်ပိဿာ ကျပ် ၄,၈၀၀၊ တရုတ်စက ငရုတ်ပွ ကျပ် ၅,၁၀၀၊ဆင်ဖြူကျွန်းငရုတ်ပွ ကျပ် ၁၃,၀၀၀ နှုန်းရှိရာက တစ်ပတ်ကျော်ကာလအတွင်း ငရုတ်ဈေးနှုန်း အတက်ကြမ်းလာသည်ဟု ငရုတ်ဈေးကွက်က သိရသည်။
☑️ကိုဗစ်ကာလ အရေးကြီးကုန်စည်ဥပဒေ ပြဋ္ဌာန်းထားသော်လည်း စားအုန်းဆီဈေးနှုန်းသည် မြင့်တက်မှု မကြာခဏဖြစ်လာရာ ကိုဗစ်ကာလမတိုင်မီကာလ နှစ်အတန်ကြာနှင့် ယခု ၂၀၂၀ကိုဗစ်ကြုံတွေ့နေရ သည့်၁၀ လဝန်းကျင်ကာလတို့အတွင်း စားအုန်းဆီ ပြည်ပကတင်သွင်းလာသူများနှင့်ပြည်တွင်း စားအုန်း ဆီလက်ဝယ်ရှိသူများ ကိုဗစ် ၁၀ လဝန်းကျင်ကာလအတွင်းအကျိုးအမြတ်ရရှိမှုမှာ ပုံမှန်ကာလများထက် ပိုမိုရရှိလာသည်ဟု ဆိုနိုင်သည်။
☑️၂၀၂၀ နိုဝင်ဘာ ၁၁ ရက်တွင် ပြည်ပစားအုန်းဆီ FOB တစ်တန် ဒီဇင်ဘာသင်္ဘောတင် ၈၈၅ ဒေါ်လာနှုန်း၊ ပြည်တွင်းငွေလဲနှုန်း ၁,၂၉၈ ကျပ်ဖြင့် ဆိပ်ကမ်းရောက်တစ်ပိဿာအရင်းဈေး ၂,၀၅၆ ကျပ်နှုန်းရှိပြီး ဆီထုတ်ယူခွင့်စာရွက် လက်ကားတစ်ပိဿာရောင်းဈေးကျပ် ၁,၉၇၀၊ ပီပါဈေး (လက်ငင်း) တစ်ပိဿာ ကျပ်၂,၀၀၀ ဟု နေ့စဉ်စားအုန်းဆီဈေးနှုန်းဖော်ပြချက်တွင်မြင်တွေ့ရသည်။
☑️ရန်ကုန်ဈေးကွက်အတွင်း ကြက်သွန်နီဈေးနှုန်းများ ထပ်မံကျဆင်းလာရာ ၂၀၂၀ နိုဝင်ဘာ ၁၂ ရက်တွင် ဆိပ်ဖြူလက်ကားတစ်ပိဿာ ကျပ် ၇၀၀ မှ ၉၂၅ ကျပ်နှုန်းသာရှိသည်။ နိုဝင်ဘာ ၄ ရက်တွင် ကျပ် ၈၀၀မှ ၁,၀၀၀ နှုန်းရှိခဲ့သည်။ရန်ကုန်လက်လီဈေးကွက်တွင် တစ်ပိဿာ ကျပ်၉၀၀ နှုန်းဖြင့် ရောင်းချမှုများ ရှိလာသည်။ ပခုက္ကူဈေးကွက်တွင်လည်း နိုဝင်ဘာ ၁၂ ရက်တွင် အမြင့်ဆုံးဈေးအဖြစ် တစ်ပိဿာ ကျပ် ၇၈၀ နှုန်းသာရှိသည်။ ထိုဈေးကွက်တွင် နိုဝင်ဘာ ၄ ရက် အမြင့်ဆုံး တစ်ပိဿာ ၈၇၅ကျပ်နှုန်း၊ နိုဝင်ဘာ ၅ ရက်တွင်မူ ကျပ် ၈၀၀ နှုန်းသာရှိသည်ဟု ပခုက္ကူကြက်သွန်နီဈေးနှုန်းသတင်းများအရသိရသည်။
မောင်စေအောင်
မြန်မာတောင်သူကြီးများဂျာနယ်
၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ (၁၆-၂၂)ရက်။