menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
ငရုတ်မှည့်အစိုပေါ်ချိန်က ဈေးကွက်ပျက်ခဲ့သော်လည်း အခြောက်လှမ်း၍ရောင်းရာ ဈေးကောင်းရရှိ .....
🌶🌶🌶🌶🌶🌶🌶🌶🌶🌶
✔️မကွေးတိုင်းဒေသကြီးအတွင်း ဧရာဝတီမြစ် အနောက်ရှိ မင်းဘူး (စကု)၊ ပွင့်ဖြူ။စလင်း၊ ငဖဲမြို့နယ် များတွင် စိုက်ပျိုးထွက်ရှိသော ငရုတ်သီးများမှာ ယခုနှစ်ပေါ်ချိန်က ငရုတ်သီးမှည့်အစိုဈေးကွက် ပျက်ခဲ့သော်လည်း အခြောက်လှမ်းရောင်းရာ လက်ရှိတွင် ဈေးကောင်း ရရှိနေကြောင်း ဒေသခံ တောင်သူများထံက သိရသည်။ ယခုနှစ်တွင် ငရုတ်စိုက်တောင်သူများက ဒေသမျိုးဖြစ်သည့် အောက်သီးပန်းဆွဲမျိုးအပြင် ဗီယက်နမ်မျိုး၊ အိန္ဒိယမျိုးနှင့် ၆၉၂ ငရုတ်မျိုးစသည့်တို့ကို စိုက်ပျိုးခဲ့ ကြသည်။
✔️ယခုနှစ် ဇန်နဝါရီလကုန်အထိ ငရုတ်သီးမှည့်အစိုများမှာ တစ်ပိဿာကို ၁,၆၀၀ မှ ၄,၀၀၀ ကျပ်ကြား အထိ ရောင်းချခဲ့ရပြီး ဖေဖော်ဝါရီလမှစ၍ နိုင်ငံရေးအပြောင်းအလဲအခြေအနေ နှင့် လမ်းပန်းဆက်သွယ်ရေးအခက်အခဲများရှိ၍ ဈေးကွက်ပျက်ခဲ့ကြရသဖြင့် ငရုတ်မှည့်အစို တစ်ပိဿာကို ၆၅၀ မှ ၈၅၀ ကျပ်ကြားအထိ ဈေးကျခဲ့ကြောင်း ပွင့်ဖြူမြို့နယ်ဆည်မုန်းကျေးရွာမှတောင်သူ ဦးဝင်းနိုင်က ပြောသည်။
✔️" အခုနှစ်က ငရုတ်သီးက အစိုရောင်းရတာနဲ့ အမှည့်စို ဈေးကွက်က ဘာမှမရတော့ တောင်သူတွေက အခြောက်လှမ်းရောင်းကြတယ်။ မိုးလေဝသအခြေအနေအရတော့ အလုပ်နည်းနည်း ရှုပ်တာပေါ့။ ဒါပေမယ့် အခြောက်တစ်ပိဿာကို ကျပ် ၆,၀၀၀ အထိ ရောင်းရတော့ ဈေးကောင်းရတယ်။ အခုနှစ်က ငရုတ်စိုက်တောင်သူတွေ တွက်ခြေကိုက်တယ် " ဟု ၎င်းကပြောသည်။ ၂၀၁၉ - ၂၀၂၀ ခုနှစ်က ဧရာဝတီမြစ်ဘေးဒေသများ မြစ်ရေဝင်ရောက်မှု နည်းခဲ့သဖြင့် ငရုတ်သီး သီးနှုန်း နည်းခဲ့သည့်အပြင် ငရုပ်သီးခြောက် တစ်ပိဿာကို ၃,၅၀၀ မှ ၄,၀၀၀ ကျပ်အထိသာ ရောင်းချရကြောင်း တောင်သူများထံက သိရသည်။
✔️မင်းဘူး စကုမြို့နယ် ပေါက်ငူကျေးရွာမှ တောင်သူတစ်ဦးက " ငရုတ်မှည့်စို ၆၉၂ မျိုးဆိုရင် တစ်ပိဿာကို ၄,၀၀၀ ကျပ်အထိ ရပြီး တရုတ်နဲ့ အိန္ဒိယအထိ တင်ပို့ဖို့ ကုမ္ပဏီက လာဝယ်တာပေါ့။ နောက်ပိုင်း နိုင်ငံရေးက အပြောင်းအလဲဖြစ်တော့ ဈေးကွက်က ပျက်သလောက်ဖြစ်သွားတယ်။ အခုက အခြေအနေပေါ်မူတည်ပြီး အခြောက်လှမ်းရောင်းတာ ဈေးကောင်းတော့ရတယ် " ဟု ပြောသည်။
Sources : အောင်တင်ဝင်း - The Farmer Media