menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
သွင်းအားစုများ လက်ငင်းဝယ်နေရသဖြင့် စိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုခက်ခဲလာ
🌾🌾🌾🌾🌾🌾🌾🌾🌾🌾
🔸စိုက်ပျိုးရေး လုပ်ငန်းတွင် မရှိမဖြစ် သုံးစွဲနေကြရသည့် အပင်အားဆေးများနှင့် ဓာတ်မြေသြဇာများကို လက်ရှိတွင်လက်ငင်းငွေပေးချေမှုစနစ်ဖြင့်သာ ရောင်းချလာသဖြင့် တောင်သူများ သွင်းအားစုသုံးစွဲရာတွင် အခက်အခဲများ ပိုမိုဖြစ်ပေါ်လာကြောင်း စိုက်ပျိုးရေးသွင်းအားစုဈေးကွက်က စုံစမ်းသိရှိရသည်။ တောင်သူအများစုသည် လက်ရှိကဲ့သို့စပါးစိုက်ပျိုးချိန်တွင် သွင်းအားစုကို ပိုမိုသုံးစွဲကြရပြီး ၎င်းတို့နှင့် သိကျွမ်းရင်းနှီးသည့်ဆိုင်ထံမှ အကြွေးစနစ်ဖြင့် ရယူ သုံးစွဲကာ သီးနှံပေါ်ချိန်ငွေရှင်းသည့်စနစ်ဖြင့် စိုက်ပျိုးရေးရာသီချိန်တိုင်းတွင် ဆောင်ရွက်နေရကြခြင်းဖြစ်သည်။
🔸“ကျွန်တော် အခု စပါးစိုက်ဖို့ ပေါင်းသတ်ဆေးတို့၊ ပုလဲတို့ သွားဝယ်တာ လက်ငင်းငွေရှင်းခဲ့ရတယ်။ အရင်က စပါးပေါ်မှပေးလို့ရတယ်။ နောက်ဆုံး စိုက်ဘဏ်က ချေးငွေရတဲ့အခါ ပေးလို့ရတယ်။ အခုဆေးဆိုင်က သူတို့လည်းခေါက်ပြန်မရတော့လို့ လက်ငင်းဝယ်ရလို့ပါလို့ပြောတယ်။ ဆိုင်နဲ့က ကျွန်တော်တို့က အခုလို ငွေနောက်မှပေးပြီး ပစ္စည်းယူတာ ဟိုးတုန်းကတည်းကပါ။ အခုလိုဆိုတော့ ပုလဲကိုဝယ်လာတယ်။ ကျန်တာ မဝယ်တော့ဘူး။စပါးကြဲပြီးမှပဲ ပေါင်းသတ်ဆေးသုံးတော့မယ်။ အခုအချိန်က ငွေမှမလွယ်တာ“ဟု ပျဉ်းမနားမြို့နယ် ရွာသာအုပ်စုမျောက်လွတ်ကုန်းကျေးရွာမှ တောင်သူဦးသန်းထူးက ပြောသည်။
🔸စပျစ်စိုက်ပျိုးနေသည့်တောင်သူတစ်ဦးကလည်း “အရင်က အခုလိုအချိန် စပျစ်ကိုင်းဖြတ်ပြီးရင် အပင်အတွက်အာဟာရဖြစ်ဖို့ ကျွန်တော်တို့အများကြီးသုံးနိုင်တယ်။ အခုတော့ အပင်မသေရုံ ပုလဲပါးပါးပဲ ပက်ရတော့မယ်။ သီးနှံဈေးကလည်း သိပ်မရတော့ အခက်အခဲဖြစ်တာပေါ့” ဟု ပြောသည်။ လက်ရှိတွင် ဘဏ်များက ငွေထုတ်ရန် အခက်အခဲများရှိနေသဖြင့် ရောင်းချသည့်ဆိုင်များအနေဖြင့် လည်း ယခင်ကဲ့သို့ ကုမ္ပဏီများသို့ ပစ္စည်းကုန်ငွေချေ (ခေါက်ပြန်) စနစ်ဖြင့် လွယ်ကူမှုမရှိတော့ဘဲ နိုင်သလောက်လက်ငင်းငွေချေ ဆောင်ရွက်နေရသဖြင့် တောင်သူများကိုလည်းငွေမဆိုင်းနိုင်တော့ဘဲ လက်ငင်းစနစ်ကိုသာ ဆောင်ရွက်နေရကြောင်း နေပြည်တော်ရှိ စိုက်ပျိုးရေးဆေးအရောင်းဆိုင် ပိုင်ရှင်တစ်ဦးကလည်း ပြောသည်။
🔸“ကိုယ်နိုင်သလောက်ပဲ ငွေနဲ့လက်ငင်းဝယ်ရတဲ့ အနေအထားမျိုးဖြစ်နေပါတယ်။ ကျွန်တော်တို့လည်းတောင်သူကို ကြွေးပြန်မပေးနိုင်တဲ့အနေအထားဖြစ်နေပါတယ်။ ကုမ္ပဏီတွေကလည်းလက်ငင်းစနစ်နဲ့ပဲ လုပ်တော့တယ်။ အခုဆို အရင်လိုမျိုး ကုန်မလှောင်နိုင်တော့ဘူး။ ထက်ဝက်လောက် လျော့ကျသွားတယ်။ ငွေပေးမငြိမ်တာရယ်၊ ကိုယ့်ဘာသာရင်းရတာရယ်ကြောင့် အရင်က ကုန်ချပြီးမှ ပိုက်ဆံရှင်းရတာ အခုက လက်ငင်းရှင်းရတာကြောင့် ကျွန်တော်တို့အတွက်က အခြေအနေဆိုးပါတယ်”ဟု ၎င်းက ပြောသည်။
🔸“တောင်သူက သူတို့ပစ္စည်းအမြဲအားပေးတဲ့ ကျွန်တော်တို့လို ပွဲရုံတွေမှာ ငွေကြိုထုတ်တာတွေလည်းရှိပါတယ်။ စိုက်ပျိုးရေးသွင်းအားစုဖြစ်တဲ့ အပင်အားဆေးတို့၊ ပေါင်းသတ်ဆေးတို့၊ ဓာတ်မြေသြဇာတို့ကို ကျွန်တော်တို့က စိုက်ဝယ်ပေးပြီးတော့မှ စပါးတို့၊ ပဲနှမ်းတို့၊ ပြောင်းတို့စသဖြင့် သူတို့စိုက်ပျိုးထားတဲ့ဟာတွေပေါ်ချိန်ရောက်မှ ကျွန်တော်တို့လိုပွဲရုံကို လာရောင်းချိန်ကျမှ ငွေရှင်းရတာမျိုးတွေရှိပါတယ်။ တချို့လည်း ဆေးရောင်းတဲ့ဆိုင်ကနေ အကြွေးယူတာရှိပါတယ်။ အခုချိန်မှာတော့ ငွေခက်ခဲလာတော့ အကြွေးစနစ်က မလွယ်လောက်တော့ဘူး။ တောင်သူတွေက ပိုထိတာပေါ့။နောက်ပြီး ရာသီဥတုကလည်း မကောင်း၊ သီးနှံကမကောင်းရင် ဈေးကောင်းမရနိုင်ဘူး။ ဈေးက နှိမ်ခံရဦးမယ်။တောင်သူတွေအတွက် သက်ဆိုင်ရာက ကူညီထောက်ပံ့ပေးနိုင်ရင်တော့ ကောင်းတာပေါ့”ဟု တပ်ကုန်းမြို့နယ်ရှိပွဲရုံလုပ်ငန်းရှင်တစ်ဦးက ပြောသည်။ ယခုအခါ စိုက်ပျိုးရေးသုံးဆေးများ ဈေးတက်နေပြီး ဓာတ်မြေသြဇာအမျိုးမျိုးလည်း ဈေးတက်ကြောင်း သိရသည်။ “ကျွန်တော်တို့ ကုမ္ပဏီက ယူဈေးတောင် အခုဈေးတက်တယ်။ အပင်အားဆေးတွေဆို ၁၅ ရာခိုင်နှုန်းလောက်တက်တယ်။ ပုလဲဆိုလည်း အရင်က ကျပ် ၂၆,၀၀၀ လောက်ပဲ။ အခု ကျပ် ၃၆,၀၀၀ဝန်းကျင်ဖြစ်နေပြီ။ ပိုတက်ရှ်တို့၊ တီစူပါတို့၊ ကွန်ပေါင်းတို့ဆိုလည်းလေး၊ ငါးထောင်လောက် ဈေးတက်တယ်။လက်ငင်းစနစ်နဲ့ပဲ ရောင်းတော့တယ်။ ငွေကြေးအခြေအနေကဘာမှန်းမသိဖြစ်နေတာ။ အရောင်းအဝယ်လည်း အခုအတော်ပါးတယ်“ဟု ပျဉ်းမနားမြို့ရှိ စိုက်ပျိုးရေးဆေးဆိုင်တစ်ဆိုင်၏ ပိုင်ရှင်ဖြစ်သူက ပြောသည်။ တောင်ငူခရိုင်၊ရေတာရှည်မြို့နယ်က လယ်သမား ဦးကျော်ဝင်းက “ဒီနှစ်ကတော့ အကြွေးစနစ်နဲ့ ချထားပေးမှာထက် လက်ရှိမှာ တင် သွင်းအားစုဈေးနှုန်းတွေက တက်လာပြီ။ တစ်မျိုးကို ကျပ် ၃,၀၀၀ ကျော်လောက် တက်လာတယ်။ စပါးအတွက်နဲ့ သုံးမဲ့သွင်းအားစုတွေ အကုန်ဈေးတက်နေတယ်။ အရင်စိုက်ပျိုးတုန်းကဆိုရင် သွင်းအားစုကို ကြွေးချပေးတာရှိတယ်။အတိုးနှစ်ကျပ်နှုန်းယူတယ်။ တစ်ဦးနဲ့တစ်ဦး ယုံကြည်မှုနဲ့ ပေးကြတာပေါ့။ ဒီနှစ် အနေအထားကတော့ အကြွေးစနစ်နဲ့ ရ၊ မရ မသေချာဘူး။ အကြွေးစနစ်နဲ့ မရဘူးဆိုရင်တော့ တောင်သူတွေ သွင်းအားစုလျှော့သုံးပေါ့။ ဒီလိုပဲလုပ် ရမှာပဲ။ သွင်းအားစုလျော့ရင်တော့ အထွက်နှုန်းတော့ကျမှာ” ဟု ပြောသည်။ “ကျွန်တော်တို့ စပါးအတွက် စိုက်ပျိုးရေးဆေးဝါးတွေယူမယ်ဆိုရင် တောင်သူက လိုချင်သလောက်ယူကျသင့်ငွေပမာဏတွက်ပြီး သုံးကျပ်တိုးပေးရတယ်။တစ်ရာသီစာစိုက်မယ်ဆိုရင် လေးလလောက်တော့ကြာတယ်။ ကျွန်တော်တို့ဒေသက အပေးအယူမှန်တော့အဆင်ပြေတယ်။ ဒီလိုလာရောင်းပေးနေတာဆိုလည်း ငါးနှစ်လောက်ရှိပြီ။ ပဲဆိုရင်တော့ အတိုးပေးစရာမလိုဘူး။ စပါးနဲ့ ပဲဆိုရင် ပဲက သွင်းအားစုပိုသုံးရတယ်။ တစ်ဧကအတွက် ပဲက ငါးသောင်းလောက်ကုန်ရင် စပါးက သုံးသောင်းလောက်ပဲ ကုန်တယ်“ဟု ဦးဌေးအောင်က ပြောသည်။
🔸ပုံမှန်အားဖြင့် ဇူလိုင်လပိုင်းတွင် အကြွေးစနစ်ဖြင့် ရောင်းချမည့်ကုမ္ပဏီများ လာရောက်မည်ဖြစ်သော်လည်း ယခုနှစ်တွင် သွင်းအားစုများအကြွေးစနစ်ဖြင့် ထုတ်ပေး မပေးကို စောင့်ကြည့်ရဦးမည်ဖြစ်ကြောင်း ခရမ်းလယ်သမားများကပြောသည်။လက်ရှိအနေအထားများကြောင့် စိုက်ပျိုးရေးသွင်းအားစု သုံးစွဲမှုအရောင်းအားမှာ လုပ်ငန်းအကြီးအသေးအလိုက် အနည်းဆုံး ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားနိုင်ကြောင်းနှင့် အဆိုပါ ကျဆင်းမှုမှာ လက် ရှိစိုက်ပျိုးနေကြသည့် သီးနှံများ၏ အထွက်နှုန်းနှင့် ဆက်စပ်မှုရှိကြောင်း စိုက်ပျိုးရေးဆေး ကုမ္ပဏီတစ်ခုက တာဝန်ရှိသူတစ်ဦးကလည်း ပြောကြားထားသည်။
🔸လက်ရှိ ငွေကြေးလည်ပတ်မှုအားနည်းနေခြင်းသည် နယ်ရှိ စိုက်ပျိုးရေးအရောင်းကိုယ်စားလှယ်များက သွင်းအားစုဖြန့်ချိသည့် ကုမ္ပဏီများသို့ ရောင်းချပြီး ငွေလက်ကျန်များ သတ်မှတ်ကာလများအတွင်း ပေးချေနိုင်ရန်လည်း အခက်အခဲများရှိလာကြောင်း သိရသည်။ အဆိုပါအခက်အခဲများ၏ နောက်ဆက်တွဲအနေဖြင့် လက်ရှိတွင် ကုမ္ပဏီများကလည်း ငွေပေးချေမှု သတ်မှတ်ချိန်များကို လျှော့ချခြင်းများရှိလာပြီးယခင်ဆိုင်းငံ့ကာလကို သုံးလအထိထားရှိရာက လက်ရှိတွင် တစ်လအတွင်း ငွေပေးချေရန်နှင့် လက်ငင်းစနစ်များကိုပါ ကျင့်သုံးလာကြောင်း သိရသည်။
🔸“ကျွန်တော်တို့အနေနဲ့လည်း တခြားကုန်ကြမ်းဝယ်ယူတာပဲဖြစ်ဖြစ်၊ ပြည်ပက မှာရတဲ့ပစ္စည်းတွေအတွက်ပဲဖြစ်ဖြစ်လက်ထဲငွေရှိနေမှ အဆင်ပြေမဲ့ အနေအထားပါ။ အဓိက ဘဏ်ငွေထုတ်ယူရေး အခက်အခဲက ငွေသားပမာဏကိုကိုယ့်ဆီမှာရှိအောင် ထားရတဲ့ပုံစံဖြစ်လာတာပါ။ လုပ်ငန်းတွေအတွက် အဆင်ပြေမဲ့ပုံစံရှိလာမယ်ဆိုရင် ဒီလိုအဆင်ပြေမှုကနေ အဘက်ဘက်က ပိုချောမွေ့လာနိုင်မဲ့အခြေအနေ ရှိလာနိုင်ပါတယ်။ “လက်ရှိတချို့ကိုယ်စားလှယ်တွေလည်း ငွေမလည်ပတ်နိုင်တော့ သတ်မှတ်ကာလအတွင်း မပေးနိုင်၊ မပေးနိုင်တော့ ပစ္စည်းက ထပ်မပေးနိုင်တဲ့ပုံစံမျိုးတွေ ဖြစ်နေတယ်။ နောက်ဆုံး အခြေခံတောင်သူတွေအထိ ငွေကြေးမလည်ပတ်မှုက ရိုက်ခတ်တဲ့သဘောတွေဖြစ်လာတာပေါ့” ဟု အဆိုပါ ကုမ္ပဏီတာဝန်ရှိသူကပြောသည်။
🔸လက်ရှိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လယ်ယာကဏ္ဍတွင် အသုံးပြုရန် ပြည်ပက ဝယ်ယူတင်သွင်းမှုအနေဖြင့် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလမှ ၂၀၂၁ ခုနှစ်ဧပြီလအတွင်းယူရီးယား တန် ၆၇၀,၀၀၀၊ ပိုးသတ်ဆေး တန် ၁၆,၀၀၀ နှင့် မျိုးစေ့ တန် ၅,၀၀၀ တင်သွင်းပြီး ဖြစ်ကြောင်းသိရသည်။မြန်မာနိုင်ငံတွင် မှတ်ပုံတင်ပြီးသော ပိုးသတ်ဆေးကုမ္ပဏီ ၃၇၇ ခု၊ ရာနှုန်းပြည့် နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်နေသော ပိုးသတ်ဆေး ကုမ္ပဏီငါးခု၊ ပြည်တွင်း၌ ပိုးသတ်ဆေးဖော်စပ်ထုတ်လုပ်ရောင်းချနေသည့် ကုမ္ပဏီ ၂၂၂ခု၊ ပြည်တွင်း၌ ပိုးသတ်ဆေးပြန်လည်ထုပ်ပိုးရောင်းချနေသော ကုမ္ပဏီလေးခု၊ မှတ်ပုံတင်ခွင့်ပြုပြီးသော ဓာတ်မြေသြဇာကုမ္ပဏီ ၆၃၇ ခု၊ ရာနှုန်းပြည့်နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်နေသော ဓာတ်မြေသြဇာ ကုမ္ပဏီရှစ်ခုရှိကြောင်း သိရသည်။
မြင့်ဇော်ထွန်း ၊ ဂျူးမေဇင် (မြန်မာတောင်သူကြီးများ ဂျာနယ်)