menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
"ဝါဈေးကွက်ရရှိရေးအတွက် တင်ဒါစနစ်ဖြင့် ဝယ်ယူမည်"
🍃🍃🍃🍃🍃🍃🍃🍃🍃🍃
▶️ ပြည်တွင်းလက်ကျန်ဝါများကို ဈေးကွက်ရရှိရေးအတွက် အဆင့်သတ်မှတ်ချက်များအတိုင်း တင်ဒါစနစ်ဖြင့်ဝယ်ယူသွားမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာနမှသိရသည်။ ထိုသို့ ဝယ်ယူရာတွင် အေ အဆင့် ပိဿာချိန် ၂၉ သိန်းနှင့် စီအဆင့် ပိဿာချိန် တစ်သိန်း အား စက်မှုဝန်ကြီးဌာန အမှတ်(၃) စက်မှုလုပ်ငန်းလက်အောက်ရှိ ဝါကြိတ်စက်ရုံများတွင် အသုံးပြုရန်အတွက် ဝယ်ယူမည်ဖြစ်သည်။
▶️ ထို့ပြင် လာမည့်မိုးဦးဝါ စိုက်ပျိုးရေးအတွက် အထွက်နှုန်းတိုးစေရန် ထွက်ရှိသည့်ဝါပိဿာချိန်ပေါ်မူတည်ပြီး နေရာဒေသအလိုက် ဝါကြိတ်စက်များထားရှိရေး စီစဉ်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း တာဝန်ရှိသူများက ပြောသည်။
▶️ "ဝါကြိတ်စက်တွေ လုံလောက်မှုရှိပါတယ်။ အဓိက ဝါဈေးကွက်မကောင်းချိန် အရန် ဝါဝယ်ပေးတာတွေ၊ ပြည်ပဝါစပ်မျိုးကို လွယ်ကူလျင်မြန်စွာတင်သွင်းခွင့်ရရှိအောင် ဆောင်ရွက်ပေးသင့်ပါတယ်။ နယ်စပ်လမ်းကြောင်းများခက်ခဲနေချိန်မှာ ရေလမ်းကြောင်းကနေတင်ပို့နိုင်ရေး အဆင်ပြေအောင်ဆောင်ရွက်ပေးသင့်ပါတယ်" ဟု ဝါလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
▶️ လက်ရှိတွင် ဝါစိုက်ပျိုးရေးအတွက် သွင်းအားစုများအသုံးပြုရန် တစ်ဧကလျှင် ငွေကျပ် နှစ်သိန်းနှုန်းဖြင့် ထုတ်ချေးပေးလျက်ရှိသည်။ ၂၀၂၇ - ၂၈ ဘဏ္ဍာနှစ်တွင် ဝါစိုက်ဧက ခုနစ်သိန်းကျော် စိုက်ပျိုးထုတ်လုပ်နိုင်ရေး ဇုန်အလိုက်တာဝန်ပေးအပ်သွားမည်ဖြစ်သည်။ ပြည်တွင်း၌ ဝါကို မကွေးတိုင်း၊ မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့ရှိ မြို့နယ်များတွင် အများဆုံးစိုက်ပျိုးပြီး ဝါကိုအရေးကြီးကုန်အဖြစ် သတ်မှတ်ထားသည်။
▶️ ဝါသီးနှံ နှင့် ဝါဂွမ်းတို့ကို ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဖြန့်ဖြူးခြင်း(သို့)ဈေးကစားရန်ရည်ရွယ်ပြီး သိုလှောင်ခြင်းများကို ပြီးခဲ့တဲ့နှစ်က တားမြစ်ထားသည်။ ပြည်တွင်း၌ ဝါဈေးကွက်မှာ နိုဝင်ဘာလ မှ ဇန်နဝါရီလတွင် စတင်ထွက်ပေါ်ကာ ဧပြီလလယ်အထိ ထွက်လေ့ရှိပြီး တောင်သူအများစုက ဝါကို မိုးနှမ်းနှင့်အတူ မေလနှင့်ဇွန်လတွင် တွဲဖက်စိုက်ပျိုးလေ့ရှိကြောင်း သိရ သည်။
▶️ သီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : ရွှေမန်း (မကွေးဂျာနယ်)