menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
ငွေစျေးအကျနှင့် ဧရာမတ်ပဲ
🍃🌱🍃🌱🍃🌱🍃🌱🍃🌱🍃
▶️မြန်မာငွေကြေးစျေးနှုန်းတရိပ်ရိပ်ကျဆင်းလာခြင်းနှင့်အတူ ကုန်ပစ္စည်းစျေးနှုန်းများအတက်မြန်နေချိန် မတ်ပဲစျေးနှုန်းများလည်း အလားတူတရိပ်ရိပ်မြင့်တက်လာနေသည်။ ယခင်သီတင်းပါတ်ကာလ အထိ မတ်ပဲစျေးနှုန်း တစ်တင်းလျှင် ကျပ် ၅၄,၀၀၀ ဖြစ်သည်။
▶️ထို့နောက် စက်တင်ဘာလ ၂၄ ရက်နေ့တွင် ကျပ် ၅၅,၈၀၀၊ ၂၅ ရက်နေ့တွင် ကျပ် ၅၇,၈၀၀၊ ၂၆ ရက်နေ့ နှင့် ၂၇ ရက်နေ့များတွင် ကျပ် ၅၉,၀၀၀ ဖြစ်ပြီး ၂၈ ရက်နေ့တွင် ကျပ် ၆၁,၀၀၀ ထိစျေးတက်လာကာ ၂၉ ရက်နေ့တွင် ကျပ် ၆၆,၅၀၀-၆၇,၀၀၀ အသီးသီးဖြစ်သည်။ တစ်ရက်တည်းမှာပင် စျေးနှုန်းအပြောင်းအလဲ အကြိမ်ကြိမ်ဖြစ်ပေါ်လျှက်ရှိပြီး တစ်တင်းလျှင် ကျပ် ၇၀,၀၀၀ ဝန်းကျင်ထိ ဖြစ်လာနိုင်ကြောင်း ခန့်မှန်းရသည်။
▶️လွန်ခဲ့သော ၂၀၁၅ ခုနှစ်အတွင်း မတ်ပဲစျေးနှုန်း တစ်တင်းလျှင် ကျပ် ၆၀,၀၀၀ ဝန်းကျင်ထိမြင့်တက်ခဲ့စဥ်က ဝယ်လိုအားအမှန်တကယ်ကောင်းခဲ့ပြီး စျေးကောင်းရခဲ့ခြင်းဖြစ်သော်လည်း ယခုနှစ်မတ်ပဲစျေးနှုန်းအတက်ကြမ်းနေခြင်းသည် မြန်မာငွေကြေးစျေးနှုန်းကျဆင်းခြင်းနှင့်သာ အဓိကသက်ဆိုင်နေသည်။
▶️အဓိကဝယ်လက်ဖြစ်သော အိန္ဒိယနိုင်ငံတွင် မတ်ပဲအသစ်များစျေးကွက်အတွင်းဝင်ရောက်လျှက်ရှိပြီး ရိတ်သိမ်းချိန်တွင် မိုးများခြင်း၊ မုတ်သုံအထွက်နောက်ကျနေခြင်းကြောင့် မတ်ပဲအထွက်နှုန်း လျော့ကျခြင်း အရည်အသွေးကျဆင်းခြင်းများဖြစ်ပေါ်လျှက်ရှိသော်လည်း မတ်ပဲအသစ်များ စျေးကွက်အတွင်းဝင်ရောက်လာခြင်းနှင့်အတူ အစိုးရကလည်း လှောင်ပဲများထုတ်ရောင်းပေးလာသဖြင့် ပြည်တွင်း မတ်ပဲစျေးငြိမ်လျှက်ရှိသည်။
▶️မြန်မာငွေကြေးစျေးနှုန်းအကျအဆင်းအလွန်များနေခြင်းကြောင့် ပြည်တွင်းစျေးနှုန်းများ တစ်ရက်ထက် တစ်ရက် တက်လာလျှက်ရှိကာ မတ်ပဲစျေးနှုန်းများလည်း ဆက်တိုက်တက်လာနေသည်။ သို့သော် ထိုဖြစ်စဥ်ကြောင့် တောင်သူများသာမက ပဲအရောင်းအဝယ်ဒိုင်များမှာ အရောင်းအဝယ်မရှိသလောက် ရပ်တန့်လျှက်ရှိသည်။ ယနေ့ရောင်းရသောစျေးနှုန်းသည် နောက်တစ်နေ့တွင် အရှုံးနှင့်ရင်ဆိုင်ရသော အခြေအနေဖြစ်သဖြင့် ပဲလက်ကျန်နည်းနေသော်လည်း လက်ဝယ်ရှိသည့် ပဲလက်ကျန်ကို ရောင်းဝယ် ခြင်းမပြုပဲ ထိန်းထားသည့်အခြေအနေမျိုးဖြစ်သည်။ လက်ရှိမတ်ပဲစျေးကောင်းခြင်းသည် တောင်သူများ အတွက်အကျိုးအမြတ်များသော နှစ်လိုဖွယ် ကောင်းသော အခြေအနေမျိုးမဟုတ်ပဲ ၎င်းတို့ပြန်လည် စိုက်ပျိုးထုတ်လုပ်ရမည့်ရာသီတွင် မျိုးနှင့် သွင်းအားစုများ၊ Logistic နှုန်းထားများ နှစ်ဆခန့်ပိုမို ရင်းနှီးကုန်ကျနိုင်သည်။
▶️သို့သော် ယခုနှစ် အိမ်နီးချင်းနိုင်ငံ၏ ရာသီဥတုအခြေအနေ၊ ထွက်နှုန်းကျဆင်းမှုနှင့် ပဲလိုအပ်ချက်များ ကြောင့် လာမည့်ပဲရာသီတွင်ပဲလိုအပ်ချက်များနေဦးမည် ဖြစ်သဖြင့်မြန်မာပဲစိုက်တောင်သူများအတွက် ပဲဝယ်လိုအားကောင်းသောနှစ်ဖြစ်နေဦးမည်ဟု ခန့်မှန်းရသည်။ မကြာမီလာတော့မည့် ပဲစိုက်ရာသီ အတွက် မြန်မာတောင်သူများအနေဖြင့် ယခင်နှစ်များထက် အရင်းအနှီးပိုမိုစိုက်ထည့်ကာ စိုက်ပျိုး ထုတ်လုပ်ရမည်ဖြစ်သော်လည်း အဓိကဝယ်လက်အိမ်နီးချင်းနိုင်ငံက ပဲလိုအပ်ချက်မည်မျှပင်ရှိစေကာမူ ၎င်းတို့၏ပြည်တွင်းစျေးနှုန်းကို ထိန်းသိမ်းရန် မူဝါဒများ သတ်မှတ်ဝယ်ယူခြင်း၊ မြန်မာသာမက အခြား နိုင်ငံများထံမှ ပဲများဝယ်ယူတင်သွင်းခြင်း ပြုလုပ်လာနိုင်သဖြင့် မြန်မာပဲစိုက်တောင်သူများအတွက် လာမည့်ပဲရာသီတွင် အကျိုးအမြတ်နည်းပါးနိုင်ကြောင်း ခန့်မှန်းရပါသည်။
▶️မတ်ပဲဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Credit to : ဧရာကုန်သွယ်မှုဗဟိုဌာန
မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့
29-9-2021