menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
“ယာယီပိတ်ထားသည့် တရုတ်-မြန်မာနယ်စပ် ကျင်စန်းကျော့ဂိတ် ပြန်ဖွင့်မည်”
➖🔸➖🔸➖🔸➖🔸➖🔸➖
🔸ကိုဗစ်-၁၉ ကပ်ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့တာကြောင့် ယာယီပိတ်ထားသည့် တရုတ်-မြန်မာ နယ်စပ် ကုန်သွယ်ရေးကျင်စန်းကျော့ဂိတ်ကို ယနေ့ (မတ်လ ၄ ရက်)တွင် ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
🔸တရုတ်ဘက်ခြမ်းရှိ အကောက်ခွန်ဝန်ထမ်း၊ ကျန်းမာရေးဆေးစစ်ဝန်ထမ်းနှင့် ရှန်တိန်ယာဉ်မောင်းများတွင် ပိုးတွေ့ရှိခဲ့ခြင်းကြောင့် ယာဉ်အဝင်/အထွက် များ အား ယာယီပိတ်ခဲ့ခြင်းဖြစ်ကြောင်း မူဆယ်-နမ့်ခမ်းနယ်စပ်ကုန်သွယ်ရေးကုန်သည်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးစိုင်းခင်မောင်က ပြောကြားသည်။
🔸တရုတ်အစိုးရအာဏာပိုင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေး မူဆယ်ခရိုင်လုပ်ငန်းအဖွဲက မတ်လ(၂) ရက် မှ (၃) ရက်အထိ နှစ်ရက်အကြာယာယီပိတ်ထားမည်ဟုကြေညာခဲ့သဖြင့် မြန်မာဘက်ခြမ်းတွင် ဖရဲ၊ သခွားနှင့် ကြံကားများ မူရင်းဒေသသို့ ပြန်သွားရသည့် အခြေအနေများရှိခဲ့ကြောင်းလည်း သိရသည်။
🔸"မတ်လ (၂) ရက် မနက် (၆)နာရီကစပြီးတော့ ပိတ်လိုက်ပါတယ်။ ဘယ်နှစ်ရက် ပိတ်မယ်ဆိုတာကတော့ ရက်တော့သိပ်မကြာပါဘူး။ မကြာခင်ပြန်ဖွင့်မယ်ကြားပါတယ်။ ပိုးတွေ့တာကရှန်တိန်မောင်းတဲ့ ယာဉ်မောင်းပဲ ။ သူတို့တရုတ်နိုင်ငံသားပဲ။ သူ့ကိုအကောက်ခွန်ဂိတ်မှာစစ်လိုက်တော့ အိုမီခရွန်ပိုး တွေ့တယ်ဆိုပြီး ပိတ်လိုက်တာပါ" ဟု နယ်စပ်ကုန်သည်တစ်ဦးက နယ်စပ်ဂိတ်ပိတ်သည့်ကိစ္စအပေါ် မတ်လ (၂) ရက်က ပြောကြားခဲ့သည်။
🔸ကျင်စန်းကျော့ဂိတ်သည် လက်ရှိတစ်ခုတည်းသောနယ်စပ်ဂိတ်ဖြစ်သဖြင့် ကုန်သွယ်မှုတွင် အရေးကြီးလျက်ရှိပြီး ကချင်ပြည်နယ်ထဲမှ လွယ်ကျယ်နယ်စပ်ဂိတ်ကိုလည်း မတ်လ (၁) ရက်နေ့ကစပြီး ပိတ်လိုက်ကြောင်း နှင့် ချင်းရွှေဟော်ဂိတ်ကိုလည်းဖေဖော်ဝါရီလ (၂၆) ရက်နေ့ကတည်းက ပြန်ပိတ်လိုက်ကြောင်း သိရသည်။
🔸နောက်ဆုံးရရှိထားသည့် အချက်အလက်များအရ တရုတ်၏ နယ်စပ်ဂိတ်များပိတ်ထားမှုကြောင့် ပြည်ပကုန်သွယ်မှုတွင် ဒေါ်လာ ၂ ဘီလီယံနီးပါး ထိခိုက်ခဲ့ရပြီး ပြီးခဲ့တဲ့နှစ်ကာလတူထက်လည်း ဒေါ်လာသန်း ၇၇၀ နီးပါး ဆုံးရှုံးမှုရှိခဲ့ကြောင်း သိရသည်။
🔸အဆိုပါဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို ဆန်၊ ဆန်ကွဲ၊ ပဲမျိုးစုံ၊ ဆီးသီးခြောက်၊ ရော်ဘာနှင့် စားသောက်ကုန်၊ သစ်သီးဝလံများ တင်ပို့လျက်ရှိပြီး တရုတ်ဘက်ခြမ်းမှ ဆောက်လုပ်ရေးလုပ်ငန်းသုံး၊ လျှပ်စစ်ပစ္စည်း ၊ အိမ်သုံးပစ္စည်း နှင့် စက်မှုလုပ်ငန်းသုံးပစ္စည်းများကို တင်သွင်းလျက်ရှိကြောင်း သိရသည်။
Sources : ရွှေမန်း (The Farmer Media)