menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
ယနေ့မှစ၍ တရုတ်က လော့ဒေါင်းဖြေလျော့လိုက်သဖြင့် ဖရဲအရောင်းအဝယ်ပြန်စနေပြီဖြစ်
🍉🍉🍉🍉🍉🍉🍉🍉🍉🍉
⏩တရုတ်နိုင်ငံက ယနေ့မှစတင်ကာ လော့ဒေါင်းဖြေလျော့လိုက်လို့ ဖရဲအရောင်းအဝယ်တွေပြန်စနေပြီလို့ မူဆယ်အခြေစိုက် သစ်သီးဝလံကုန်သည်တွေဆီက သိရပါတယ်။
⏩“ဖရဲ သခွား တောင်သူတွေကုန်သည်တွေအတွက် မျှော်လင့်ချက်အလင်းရောင်မြင်ရပါပြီ။ ယနေ့မှစပြီး တရုတ်ပြည်မြို့ကြီးအားလုံး လော့ဒေါင်းဖြေလျော့လိုက်ပါပြီ။ ယနေ့မှစပြီး ဖရဲကွင်းရောင်းတဲ့နေရာမှာ စပြီး အရောင်းဝယ်လုပ်ပါတယ်။ တရုတ်ပြည်မြို့ကြီးဝောာ်တော်များများ ကိုဗစ်မစစ်တော့ပါ။ ကိုဗစ် ဖြစ်လည်း Still home နေလို့ရပါတယ်။ ကိုဗစ်ကြီး လွတ်လပ်မှုရသွားသော တရုတ်ပြည်ကြီး ဖြစ်သွားပါပြီ။ ဖရဲသခွားဈေး ကောင်းဖို့ပဲလိုပါတော့တယ်။ ဖရဲသခွားများ မြို့ကြီးများကို လွတ်လပ်စွာ သွားလာခွင့်ပြုလိုက်ပါပြီ” လို့ မောင်းကု(ပို့ကုန်/သွင်းကုန်) ကရေးသားဖော်ပြထားပါတယ်။
⏩တရုတ်နိုင်ငံကို တင်ပို့မယ့် မြန်မာ့ဖရဲကားတွေက တရုတ်နိုင်ငံရဲ့ကိုဗစ်ကူးစက်မှု တားဆီးရေး လုပ်ငန်းစဉ်များကြောင့် တင်ပို့နိုင်ခြင်းမရှိဘဲ ပြည်တွင်းသို့ပြန်လှည့်ခဲ့ရကာ ပြည်တွင်းမှာပဲဖြန့်ဖြူးခဲ့ရတဲ့ အခြေအနေတွေလည်းရှိတယ်လို့ ဖရဲကုန်သည်တွေနဲ့ ဖရဲစိုက်တောင်သူတွေဆီက သိရပါတယ်။
⏩တရုတ်ကိုတင်ပို့မယ့် ဖရဲကားတွေပြည်တွင်းကို ပြန်လည်ဝင်ရောက်လာတာ အစီး ၃၀၀ ခန့်ရှိနေပြီဖြစ်ပြီး လက်ရှိလော့ဒေါင်းတွေပြန်ဖြေလျော့လိုက်လို့ ဖရဲတင်ပို့ခွင့်အလားလာတွေပိုကောင်းလာမှာဖြစ်လို့ ဈေးကောင်းလာဖို့လိုတယ်လို့ ကုန်သည်တချို့ကပြောပါတယ်။
⏩“ဖရဲတင်ပို့မှုက အရင်ကလည်းပို့လို့တော့ရပါတယ်။ အခုလို လော့ဒေါင်းဖြေလိုက်တော့ အရောင်းအဝယ် ပိုကောင်းလာဖို့ မျှော်လင့်ပါတယ်လို့ နယ်စပ်သစ်သီးဝလံကုန်စည်ဒိုင်မှ ကုန်သည်တစ်ဦးကပြောပါတယ်။
⏩ဒီဇင်ဘာ (၅) ရက် နံနက် ၁၁ နာရီ ဖရဲဈေးကွက်ကတော့ ဖရဲ (၁.၈၀)ယွမ်နဲ့ ရွှေသခွား(၃)ယွမ် မှ (၄)ယွမ်ထိရပါတယ်လို့ မောင်းကု(ပို့ကုန်/သွင်းကုန်) ကရေးသားဖော်ပြထားပါတယ်။
⏩သီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : Myanmarplatform ၅ . ၁၂ . ၂၀၂၂