menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
ယခုသီတင်းပတ် မတ်ပဲဈေးကွက် သုံးသပ်ချက်
🫘🫘🫘🫘🫘🫘🫘🫘🫘🫘
▶️ယခုသီတင်းပတ်တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်း မတ်ပဲဈေးနှုန်းများ အတက်အကျအနည်းငယ်ဖြင့် ပုံမှန်ဈေးတန်းတစ်ခုတွင်သာရှိနေခဲ့ကြောင်းသိရှိရသည်။
▶️ယခုသီတင်းပတ်အတွင်းဖြစ်ပေါ်ခဲ့သော မတ်ပဲဈေးနှုန်းများမှာ အောက်တိုဘာလ (၁၆) ရက်နေ့တွင် မတ်ပဲတစ်တင်းလျှင် ကျပ် ၆၁,၅၀၀၊ (၁၇) ရက်နေ့တွင် ကျပ် ၆၁,၂၀၀၊ (၁၈) ရက်နေ့တွင် ကျပ် ၆၁,၃၀၀၊ (၂၀) ရက်နေ့တွင် ကျပ် ၅၉,၅၀၀၊ (၂၁) ရက်နေ့တွင် ကျပ် ၅၉,၉၀၀၊ (၂၂) ရက်နေ့တွင်ကျပ် ၆၀,၅၀၀ အသီးသီးဖြစ်ခဲ့ပါသည်။
▶️မတ်ပဲဈေးနှုန်းသည် ပြည်တွင်းငွေကြေးတန်ဖိုးအတက်အကျပေါ်တွင်မူတည်နေပြီး အောက်တိုဘာလ (၂၄) ရက်နေ့တွင် ပြည်တွင်းငွေကြေးတန်ဖိုးအနည်းငယ်ထပ်မံကျဆင်းလာသောကြောင့် မတ်ပဲ ဈေးနှုန်းတက်လာရမည်ဖြစ်သော်လည်း ဒီပါဝလီပွဲတော်ပိတ်ရက်ဖြစ်သောကြောင့် အရောင်းအဝယ် ရပ်ထားကြောင်း သိရှိရသည်။
▶️မတ်ပဲအဓိကဝယ်လက်နိုင်ငံဖြစ်သော အိန္ဒိယနိုင်ငံတွင်လည်း မိုးစိုက်မတ်ပဲများ ပြည်တွင်းဈေးကွက်သို့ အဆက်မပြတ်ဝင်ရောက်နေကြောင်းသိရှိရသည်။ မိုးစိုက်မတ်ပဲများဝင်ရောက်နေသော်လည်း အရည်အသွေးကျဆင်းခြင်း၊ ရေငွေ့ပါဝင်နှုန်းများခြင်းတို့ကြောင့် ပြည်တွင်းပဲခွဲစက်များက အရည်အသွေးကောင်းမတ်ပဲများကိုသာ ဝယ်ယူရန်စိတ်ဝင်စားလျက်ရှိကြောင်း Agri World Mumbai ကဖော်ပြထားသည်။
▶️စက်တင်ဘာလနှင့် အောက်တိုဘာလအတွင်း အိန္ဒိယသို့ မတ်ပဲတင်ပို့ရောင်းချမှု လျော့နည်းလျှက်ရှိကာ မတ်ပဲ SQ နှင့် FAQ များ တစ်ကွမ်တယ်လျှင် Rs 50- 100 ခန့်ဈေးတက်လာသည်။ အရည်အသွေးကောင်း မတ်ပဲ ကုန်လက်ကျန်နည်းလာနေပြီး မြန်မာမတ်ပဲဝယ်လိုအားများလာနိုင်သဖြင့် အိန္ဒိယပြည်တွင်း ဈေးတက်လာနိုင်ကြောင်း ခန့်မှန်းကြသော်လည်း မိုးစိုက်မတ်ပဲများ ဈေးကွက်အတွင်းဝင်ရောက်နေမှု ကြောင့် ထင်သလောက်ဈေးတက်မလာနိုင်သေးကြောင်း သုံးသပ်ရပါသည်။
Sources : ဧရာကုန်သွယ်မှုဗဟိုဌာန
မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့
24-10-2022