menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
ယခုသီတင်းပတ် မတ်ပဲဈေးကွက်အခြေအနေ
🫘🫘🫘🫘🫘🫘🫘🫘🫘🫘
◀️ယခုသီတင်းပတ်မှာလည်း ယခင်သီတင်းပတ်ကအတိုင်း မတ်ပဲဈေးများအကျဘက်မှာပဲ ဆက်ရှိနေတယ် လို့သိရပါတယ်။ ယခင်သီတင်းပတ်အတွင်းမှာ မတ်ပဲဈေး တစ်တင်းလျှင် ကျပ် ၆၀,၀၀၀ တန်းမှာရှိခဲ့ ပေမယ့် ယခုသီတင်းပတ်မှာတော့ အချို့ရက်တွေမှာ ကျပ် ၆၀,၀၀၀ အောက်ကိုကျဆင်းခဲ့ပြီး သီတင်းပတ်နောက်ဆုံးရက်တွေမှာ ကျပ် ၆၀,၀၀၀ အထက်ပြန်လည်ရောက်ရှိလာပါတယ်။
◀️ယခုသီတင်းပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ မတ်ပဲဈေးနှုန်းများကတော့ အောက်တိုဘာလ (၇) ရက်နေ့မှာ တစ်တင်းလျှင် ကျပ် ၅၈,၇၀၀၊ (၈) ရက်နေ့မှာ ကျပ် ၅၉,၈၀၀၊ (၁၀) ရက်နေ့မှာ ကျပ် ၆၀,၂၀၀၊ (၁၁) ရက်နေ့မှာ ကျပ် ၅၉,၅၀၀၊ (၁၂) ရက်နေ့မှာကျပ် ၅၉,၈၀၀၊ (၁၃) ရက်နေ့မှာကျပ် ၆၁,၀၀၀ အသီးသီးဖြစ်ခဲ့ပါတယ်။
◀️ယခုသီတင်းပတ်နောက်ဆုံးရက်တွေမှာ ရွှေဈေးနဲ့ ဒေါ်လာဈေးအနည်းငယ်ပြန်တက်လာခဲ့ပြီး မတ်ပဲဈေးနှုန်းလည်း အနည်းငယ်ပြန်တက်လာတာတွေ့ရပါတယ်။ အိန္ဒိယနိုင်ငံ မတ်ပဲဈေးကွက် မှာတော့မတ်ပဲအသစ်တွေ အဆက်မပြတ်ဝင်နေပြီး ပြည်တွင်းပေါက်ဈေး တကွမ်တယ်ကို Rs 50-100 ဈေးတက်လာပါတယ်။
◀️မြန်မာမတ်ပဲ SQ/FAQက CIF ဈေး 10$ ဈေးတက်လာပြီး ယခင်FOB ဈေး $780 နဲ့ မတ်ပဲ FAQ ကွန်တိန်နာ ၄၀၀ တင်သွင်းထားပြီးဖြစ်ကြောင်း၊ ပဲစဥ်းငုံလီမွန်ကလည်း အလားတူ $10 ဈေးမြင့်လာ ကြောင်း၊ အိန္ဒိယဝယ်လက်တွေက မြန်မာမတ်ပဲ၊ ပဲစဥ်းငုံကို ဆက်လက်ဝယ်ယူသွားဖို့ စိတ်ဝင်တစား ရှိနေကြောင်း AGRI WORLD MUMBAI ကထုတ်ပြန်ထားပါတယ်။
◀️အိန္ဒိယနိုင်ငံဟာ မကြာသေးမီကပဲ မိုဇမ်ဘစ် နိုင်ငံကနေ ပဲစဥ်းငုံတန်ချိန် ၂၀,၀၀၀ ကျော် ဝယ်ယူတင်သွင်းထားပြီး မြန်မာပဲစဥ်းငုံဝယ်ယူတင်သွင်းမှုအတွက် ယှဥ်ပြိုင်မှုဖြစ်လာနိုင်ပါတယ်။ အိန္ဒိယပြည်တွင်းဈေးကွက်ကိုဝင်နေတဲ့ ပြည်တွင်းမတ်ပဲတွေက အရည်အသွေးညံ့ပြီး ရေငွေ့ပါဝင်မှု ပိုများတဲ့အတွက် ပဲခွဲစက်အများစုကတော့ အရည်အသွေးကောင်းတဲ့ မြန်မာမတ်ပဲကိုပဲ ဝယ်ယူဖို့ ပိုမိုစိတ်ဝင်တစားရှိနေကြောင်း၊ လက်ရှိမြန်မာမတ်ပဲဈေးနှုန်းကတော့ ပြည်တွင်းငွေကြေးဈေးနှုန်းပေါ်မှာ ဆက်လက်မူတည်နေကြောင်း သိရပါတယ်။
◀️သီးနှံဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : ဧရာကုန်သွယ်မှုဗဟိုဌာန
မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့
14-10-2022