menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
ယခုသီတင်းပတ်အတွင်း ပဲမျိုးစုံဈေးကွက် အခြေအနေ
🥜🫘🥜🫘🥜🫘🥜🫘🥜🫘🥜
✅အိန္ဒိယနိုင်ငံမှ ဝယ်လိုအားကောင်းနေခြင်းကြောင့် ယခုသီတင်းပတ်အတွင်း ပို့ကုန်ပဲများ အမြင့်ဈေးတွင် တည်ငြိမ်နေပြီး ပြည်တွင်းသုံးကုလားပဲအုပ်စုများမှာမူ ဈေးအနည်းငယ် ကျဆင်းလာကြောင်း ပဲ၊ နှမ်း ကုန်သည်များထံက သိရသည်။
✅“ပို့ကုန်ပဲမျိုးစုံဈေးတန်းက အမြင့်ဆုံးရောက်ခဲ့တော့ ဆက်မတက်နိုင်တော့ဘူး။ ပြည်တွင်းသုံး ကုလားပဲအုပ်စုက အနည်းငယ်ဈေးပြန်ကျတယ်။ ပို့ကုန် မတ်ပဲ၊ ပဲစင်းငုံက အမြင့်ဈေးနဲ့ ဈေးနှုန်း အပြောင်းအလဲသိပ်မရှိဘူး။ အိန္ဒိယအဝယ်ကောင်းနေလို့ ဈေးငြိမ်နေတယ်။ ပဲစင်းငုံတစ်အိတ် ကျပ် ၁၈၇,၀၀၀၊ မတ်ပဲတစ်အိတ်ကျပ် ၁၉၅,၀၀၀ ပေါက်ဈေးရှိနေပါတယ်။ တရုတ်လိုင်းမှာ ပဲတီစိမ်း၊ နှမ်းတို့က အရည်အသွေးအလိုက် ဈေးကောင်းရနေတယ်။ နယ်စုံကနေ မြေပဲဆံအသစ်တွေက စဝင်လာပါတယ်။ ပြည်တွင်းသုံးကုလားပဲအုပ်စု ဈေးနည်းနည်းပြန်ကျနေပြီး ပဲမာလိုင်းတွေကတော့ ဈေးငြိမ်နေပေမယ့် ကျွန်းစားတော်ပဲ တစ်အိတ် ကျပ် ၄၀၀,၀၀၀ အထိ စံချိန်တင်မြင့်တက်လာတယ်” ဟု မန္တလေးတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးကျော်သွင်(ရွှေစင်သိန်းပွဲရုံ)က ပြောသည်။
🫘မတ်ပဲ၊ ပဲတီစိမ်း ၊ ပဲစင်းငုံ🫘
အိန္ဒိယဝယ်လိုအားကောင်းနေခြင်းကြောင့် ဈေးနှုန်းအပြောင်းအလဲမရှိဘဲ ယခင်သီတင်းပတ်အတိုင်း အမြင့်ဈေးတွင် တည်ငြိမ်နေပြီး မတ်ပဲမှာ တစ်အိတ် ကျပ် ၁၉၅,၀၀၀၊ ပဲစင်းငုံ တစ်အိပ် ကျပ် ၁၈၇,၀၀၀ အထိ ပေါက်ဈေးဖြစ်ခဲ့သည်။ ယခုသီတင်းပတ်တွင် စက်သုံးဆီ ဈေးဆက်လက်မြင့်တက်မှုနှင့်အတူ ပြည်တွင်းပို့ဆောင်မှုတန်ဆာခများလည်း ဈေးမြင့်တက်လာခဲ့သည်။
🥜မြေပဲ🥜
ယခုသီတင်းပတ်တွင် အောင်လံ၊ ကျောက်ပန်းတောင်း၊ မကွေး၊ ရမည်းသင်း၊ တပ်ကုန်း၊ ပျော်ဘွယ် ဒေသများမှ မြေပဲဆံအသစ်များ စတင်ဝင်ရောက်လာရာ အမျိုးအစားအလိုက် ဈေးအနည်းငယ် ကျဆင်းခဲ့သည်။ ဩဂုတ်လ (၂၅) ရက်တွင် S1 မြေပဲလုံးဆံ တစ်ပိဿာ ကျပ် ၆,၄၀၀၊ အနီလုံးဆံ တစ်ပိဿာကျပ် ၆,၄၀၀ - ၆,၄၅၀၊ ဆီဆံတစ်ပိဿာ ကျပ် ၅,၇၀၀ - ၅,၈၀၀ ပေါက်ဈေးရှိသည်။ စားဆီ ဈေးကွက်တွင် အခြေခံရည်ညွှန်းဈေး တစ်ပိဿာ ကျပ် ၄,၀၀၀ ကျော် သတ်မှတ်ထားသော်လည်း ပြင်ပပေါက်ဈေး တစ်ပိဿာ ကျပ် ၁၀,၀၀၀ ကျော် ရှိနေသည်။ မြေပဲဆီ တစ်ပိဿာ ကျပ် ၁၃,၅၀၀၊ နှမ်းဆီတစ်ပိဿာ ကျပ် ၁၀,၀၀၀ ကျော်ပေါက်ဈေး ဖြစ်လာသည်။
✅ပြည်တွင်းသုံးကုလားပဲအုပ်စုမှာ ဈေးအနည်းငယ်ကျဆင်းလာသော်လည်း ပဲမာလိုင်းများမှာ ဈေးငြိမ်နေသည်။ ဩဂုတ်လ (၂၅) ရက်တွင် ကုလားပဲ V2 တစ်အိတ်ကျပ် ၁၉၅,၀၀၀၊ ပဲယင်း တစ်အိတ် ကျပ် ၁၄၅,၀၀၀၊ ပဲကြီးတစ်အိတ် ကျပ် ၂၃၅,၀၀၀၊ ပဲထောပတ် တစ်အိတ်ကျပ် ၁၆၀,၀၀၀၊ စွန်တာပြာ တစ်အိတ် ကျပ် ၁၄၅,၀၀၀၊ မြေထောက်ပဲ တစ်အိတ်ကျပ် ၂၄၀,၀၀၀၊ ကျွန်းစားတော်ပဲတစ်အိတ် ကျပ် ၄၀၀,၀၀၀ သို့ အသီးသီးဈေးမြင့်တက်လာကြောင်း သိရသည်။
Sources : ရွှေမန်း