menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
ယခုသီတင်းပတ်အတွက် ပဲမျိုးစုံ နှင့် နှမ်းဈေးကွက်
🥜🫘🫛🫘🥜🫛🥜🫘🫛🫘🥜
✅ ယခုတစ်ပတ် အသစ်ဝင်မြေပဲဆံများ ဈေးကွက်အတွင်းဝင်ရောက်လာတာကြောင့် ဈေးအနည်းငယ်ကျဆင်းလာကြောင်း ပဲ၊ နှမ်းကုန်သည်များထံမှ သိရသည်။
✅ ပဲ၊ နှမ်းဈေးကွက်အတွင်း ပို့ကုန်ပဲများအပါအဝင် ပြည်တွင်းသုံးကုလားပဲအုပ်စု အမြင့်ဆုံးဈေးများ ရောက်ရှိခဲ့ပြီး နိုင်ငံခြားငွေဈေးကျဆင်းမှုနှင့်အတူ အနည်းငယ်ပြန်လည်ကျဆင်းသွားရာ ပဲအမျိုး အစားအလိုက် အနည်းငယ်ကျဆင်းသွားသော်လည်း လက်ကျန်မြေပဲဆံအဟောင်းများမှာ တစ်ပိဿာ ငွေကျပ် ၁၁,၀၀၀ ထိ ပေါက်ဈေးရှိလာသည်။
✅ ဩဂုတ်လတတိယသီတင်းပတ်အစတွင် ဈေးမြင့်တက်နေသည့် မြေပဲဆံအနည်းငယ်ဈေးကျဆင်းသွားကြောင်း တစ်ပိဿာ ငွေကျပ် ၁၀,၀၀၀ ကျော် ပေါက်နေသည့်မြေပဲဆံမှာ အသစ်ဝင်ရောက်မှုများရှိလာတာကြောင့် မြေပဲဆံအသစ်များမှာ ဈေးအနည်းငယ်ကျဆင်းသွားကြောင်း၊ ပြည်တွင်းနှမ်းမျိုးစုံမှာလည်း ဈေးမြင့်တက်နေကြောင်း ပြည်တွင်းသုံးကုလားပဲအုပ်စုနှင့် ပဲမာလိုင်းများလည်း အရောင်းအဝယ်ခပ်သွက်သွက်ဖြစ်လာကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးကျော်သွင်(ရွှေစင်သိန်းပွဲရုံ)က ပြောသည်။
✅ "ပဲနှမ်းဈေးကွက်အတွင်း ပို့ကုန်ပဲများအပါအဝင် ဈေးကွက်တစ်ခုလုံး ဈေးမြင့်တက်လာပါတယ်။ ဩဂုတ်(၁၃)ရက်က အမြင့်ဈေးတန်းတွေဖြစ်ပေါ်ခဲ့ပြီးနောက်ပိုင်း နိုင်ငံခြားငွေဈေး ပြန်လည်ကျဆင်းမှုများဖြစ်လာတော့ ဈေးတန်းအနည်းငယ်ပြန်အေးလာပါတယ်။ အသစ်ဝင်မြေပဲဆံတွေ ရမည်းသင်း၊ တပ်ကုန်း ကနေ အဝင်ရှိလာတော့ မြေပဲဆံကဈေးအတက်ရပ်သွားပါတယ်။ မြေပဲဆံအသစ်တွေကတော့ တစ်ပိဿာ ငွေကျပ် ၁၀,၀၀၀ အောက်ရောက်သွားပါတယ်။ နှမ်းမျိုးစုံကတော့ ဈေးကောင်းရ အဝယ်သွက်နေပါတယ်။ ပို့ကုန်ပဲတွေမှာလည်း ပဲတီစိမ်းအညာတွေ ဈေးမြင့်တက်လာပါတယ်" ဟု ၎င်းက ပြောသည်။
✅ ဩဂုတ်(၁၅)ရက်တွင် ပို့ကုန် မတ်ပဲတစ်အိတ်လျှင် ငွေကျပ် ၃၅၀,၀၀၀၊ ပဲစင်းငုံတစ်အိတ်လျှင် ငွေကျပ် ၄၅၅,၀၀၀ ပေါက်ဈေး ဖြစ်လာသည်။ ပဲတီစိမ်းအညာတစ်အိတ်လျှင် ငွေကျပ် ၂၅၀,၀၀၀ ဈေးမြင့်တက်လာသည်။
✅ ပြည်တွင်းသုံး ကုလားပဲအုပ်စုမှာ ဈေးနှုန်းသိသိသာသာမြင့်တက်လာသည်။ လက်ရှိဈေးတန်းက အမြင့်ဈေးတန်းဖြစ်လာရာ ကုလားပဲ V2 တစ်အိတ်လျှင် ငွေကျပ် ၃၀၀,၀၀၀၊ ကုလားပဲ V7 တစ်အိတ်လျှင် ငွေကျပ် ၃၄၀,၀၀၀၊ ထိုင်ဝမ်ကုလားပဲတစ်အိတ်လျှင် ငွေကျပ် ၂၇၅,၀၀၀၊ 929 ကုလားပဲတစ် အိတ်လျှင် ငွေကျပ်၂၈၅,၀၀၀ အသီးသီးဈေးမြင့်တက်လာသည်။
✅ မြေပဲဆံနှင့် နှမ်းမျိုးစုံ ဆက်လက်ဈေးမြင့်တက်နေရာ ဩဂုတ်(၁၅) ရက်တွင် ပဲကြီးတစ်အိတ်လျှင် ငွေကျပ် ၂၉၀,၀၀၀၊ ပဲပုပ်(ရှမ်း)တစ်အိတ်လျှင် ငွေကျပ် ၃၉၀,၀၀၀၊ ပဲထောပတ်တစ်အိတ်လျှင် ငွေကျပ် ၄၄၀,၀၀၀၊ မြေထောက်ပဲတစ်အိတ်လျှင် ငွေကျပ် ၃၅၀,၀၀၀၊ ကျွန်းစားတော်ပဲ တစ်အိတ်လျှင် ငွေကျပ် ၃၂၀,၀၀၀ ပေါက်ဈေးရှိနေပြီး မြေပဲအနီလုံးဆံ တစ်ပိဿာလျှင် ငွေကျပ် ၁၁,၀၀၀ ပေါက်ဈေးရှိနေပြီး မြေပဲဆီ တစ်ပိဿာလျှင် ငွေကျပ် ၂၀,၀၀၀ ပေါက်ဈေးရှိနေသည်။
✅ ဩဂုတ်(၁၅) ရက်တွင် နှမ်းမျိုးစုံ ပေါက်ဈေးဆက်လက်မြင့်တက်နေရာ နှမ်းနက်(စမုန်)တစ်အိတ်လျှင် ငွေကျပ် ၆၈၀,၀၀၀၊ နှမ်းဖြူ(ဂျပန်) ၄၅ပိဿာ တစ်အိတ်လျှင် ငွေကျပ် ၄၇၅,၀၀၀၊ နှမ်းညိုတစ်အိတ်လျှင် ငွေကျပ် ၃၉၀,၀၀၀၊ ပန်းနှမ်းတစ်အိတ်လျှင် ငွေကျပ် ၂၇၀,၀၀၀ အသီးသီး ပေါက်ဈေးရှိနေကြောင်း သိရသည်။
✅ သီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : ရွှေမန်း (မကွေးဂျာနယ်)