menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
ယခုရက်ပိုင်းတွင် ပို့ကုန်ပဲများ ဈေးမြင့်တက်နေ
🫘🥜🫘🥜🫘🥜🫘🥜🫘🥜🫘
✅နိုင်ငံခြားငွေလဲလှယ်နှုန်း မြှင့်တင်လိုက်ခြင်း နှင့် အိန္ဒိယမှ ပဲဝယ်လိုအား FOB ဈေးနှုန်းမြင့်တက်လာ ခြင်းကြောင့် ယခုရက်ပိုင်းအတွင်း ပို့ကုန်ပဲကုန်စည်များမှာ အရောင်းအဝယ်သွက်ကာ တစ်အိတ်လျှင် ကျပ် ၂၀,၀၀၀ အထိ ဈေးမြင့်တက်လာကြောင်းသိရသည်။
✅“ဒေါ်လာငွေလဲလှယ်မှု တန်ဖိုးမြင့်တက်လာတာနဲ့အတူ အိန္ဒိယပဲဝယ်လိုအား FOB ဈေးမြင့်တက်လာ တာကလည်း ပြည်တွင်းပို့ကုန်ပဲဈေးတွေ တစ်ပတ်အတွင်း ပဲဈေးတွေမြင့်တက်လာပါတယ်။ ပဲစင်းငုံ သုံးတင်းတစ်အိတ် ကျပ် ၂၀,၀၀၀ လောက်ဈေးတက်လာသလို မတ်ပဲဆိုရင်လည်း တစ်အိတ်ကျပ် ၁၅,၀၀၀ လောက် ဈေးမြင့်တက်လာပါတယ်” ဟု မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှု အသင်း ဒုတိယဥက္ကဌ ဦးကျော်သွင်( ရွှေစင်သိန်းပွဲရုံ) က ပြောသည်။
✅ပို့ကုန်ပဲများ ဈေးမြင့်တက်သကဲ့သို ပြည်တွင်းသုံး ကုလားပဲအုပ်စုလည်း လက်ကျန်နည်းလာသဖြင့် ဈေးလိုက်ပါမြင့်တက်လာသည် ဟု သိရသည်။ “ V2 ကုလားပဲ တစ်အိတ် ၁၇၂,၀၀၀ ၊ 929 ကုလားပဲက ၁၆၂,၀၀၀၊ ထိုင်ဝမ်ကုလားပဲက ၁၅၅,၀၀၀ ထိပေါက်ဈေးဖြစ်လာပါတယ်။ တရုတ်လိုင်းက ပဲတီစိမ်း ကတော့ အနည်းငယ်သာ ဈေးမြင့်တက်လာပါတယ်။ မြေပဲဆံ အသစ်လေးတွေ ဝင်ရောက်မှုရှိပေမယ့် ပြည်တွင်းစားဆီစားသုံးမှုထက် မြေပဲဆီစားသုံးမှုများနေတော့ ဈေးက လုံးဝကျဆင်းတာ မရှိပါဘူး။ ဆီကြိတ်ပဲဆံတွေတောင် တစ်ပိဿာကျပ် ၆,၀၀၀ အထက်မှာရှိနေပါတယ်” ဟု ဦးကျော်သွင်က ပြောသည်။
🫘မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ🫘
နိုင်ငံခြားပို့ကုန်မူဝါဒ အပြောင်းအလဲကို စောင့်ကြည့်နေသည့် ပို့ကုန်ပဲဈေးကွက်မှာ ချက်ခြင်း အရောင်းအဝယ် ပြန်ကောင်းလာသကဲ့သို့ အိန္ဒိယပဲလိုအပ်ချက် မြင့်မားနေခြင်းကြောင့် လက်ကျန်ပို့ကုန်သမားများ ဈေးကောင်းရရှိသည့် ပဲဈေးကွက်ဖြစ်လာသည်။ သြဂုတ် (၁၀) ရက်တွင် ပိဿာ ၆၀ ရှိ မတ်ပဲ တစ်အိတ် ၁၈၅,၀၀၀၊ ပဲစင်းငုံ တစ်အိတ် ၁၇၈,၀၀၀၊ ပဲတီစိမ်း အညာတစ်အိတ် ၁၄၅,၀၀၀ ထိပေါက်ဈေးဖြစ်လာသည်။ မန္တလေးပဲဈေးကွက် နှင့် ရန်ကုန်ပဲဈေးကွက်များတွင် ပဲမျိုးစုံမှာ အရောင်းအဝယ်အသွက်ဆုံးဖြစ်နေသည်။
🥜မြေပဲ🥜
ပြည်တွင်း၌ မြေပဲဆီကို ပိုမိုစားသုံးလာသကဲ့သို့ ပြည်ပမှတင်သွင်းသည့် စားဆီဈေးနှင့်လည်း ဈေးနှုန်း ကွာဟမှုနည်းလာခြင်းကြောင့် လက်ရှိ မကွေး၊ ကျောက်ပန်းတောင်းဘက်မှ မြေပဲဆံအသစ်များမှာ ဈေးကောင်းရရှိနေသည်။ မြေပဲဆီဆံ အမျိုးအစားပင် အနိမ့်ဆုံး တစ်ပိဿာကျပ် ၆,၀၀၀ ဝန်းကျင် ပေါက်ဈေးရှိနေပြီး ပို့ကုန် မြေပဲလုံးဆံများမှာ တစ်ပိဿာကျပ် ၆,၃၅၀ ထိ ပေါက်ဈေးရှိနေသည်။
✅ပြည်တွင်းသုံးပဲမာလိုင်းများမှာ ပဲအမျိုးအစားအလိုက် သုံးတင်းဝင်တစ်အိတ် ကျပ် ၅,၀၀၀ မှ ကျပ် ၂၀,၀၀၀ ထိ ဈေးမြင့်တက်လာရာ သြဂုတ် (၁၀) ရက်က ကုလားပဲ V2 တစ်အိတ် ၁၇၄,၀၀၀၊ ပဲယင်း တစ်အိတ် ၁၄၀,၀၀၀၊ ပဲကြီးတစ်အိတ် ကျပ် ၂၁၅,၀၀၀၊ ပဲထောပတ် တစ်အိတ် ၁၅၂,၀၀၀၊ စွန်တာပြာ တစ်အိတ် ၁၃၇,၀၀၀၊ မြေထောက်ပဲ တစ်အိတ် ၂၀၀,၀၀၀၊ ကျွန်းစားတော်ပဲ တစ်အိတ် ၃၂၀,၀၀၀ ထိ အသီးသီးဈေးမြင့် တက်လာသည်။
✅သီးနှံဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : ရွှေမန်း