menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
ယခုနှစ် သရက်ရာသီချိန် ဈေးကွက်အခြေအနေ
🥭🥭🥭🥭🥭🥭🥭🥭🥭🥭
✅မြန်မာ-တရုတ်နယ်စပ်ဂိတ်များ ပိတ်လိုက်ဖွင့်လိုက်ပြုလုပ်ကာ သရက်တင်ပို့နိုင်ချိန် ဂိတ်ဖွင့်ရန် မသေချာသေးသည့်အတွက် တရုတ်ဈေးကွက်သို့ မျှော်မှန်းလို့ မရသေးကြောင်း ကုန်သည်များထံမှ သိရသည်။
✅ဧပြီလ(၁၅)ရက်နောက်ပိုင်းမှစ၍ သရက်သီးများ စတင်ပေါ်တော့မည်ဖြစ်ပြီး လက်ရှိ မြေဩဇာဈေးကြီး နေ၍သေချာပြုစုမှုအားနည်းလာ၍ ပြည်ပတင်ပို့နိုင်သည့် အသီးပမာဏမှာ အထွက်နည်းနိုင်ကြောင်း သိရသည်။ “မြေဩဇာဈေးကြီးတော့ အစာမကျွေးနိုင်ဘူး၊ တချို့ခြံတွေဆို အိတ်စွပ်စိုက်ပျိုးမူတွေ နည်းလာတယ်၊ အိတ်မစွပ်ရင် အရည်သွေးကျတယ်။ မြေဩဇာကျွေးနိုင်တဲ့သူက မရှိသလောက် ရှားတယ်။ Export ကို သွားနိုင်မဲ့ပမာဏကတော်တော်နည်းနည်းပဲထွက်နိုင်မယ်။ နောက်တစ်ခုက နယ်စပ်က အခုချိန်ထိကို သေချာရေရာတာမရှိသေးဘူး။ ဖွင့်မှာလားပိတ်မှာလား ဆိုတာ သူတို့ရဲ့ အခြေအနေပေါ်မှာပဲ မူတည်တယ်၊ အရင်လို GACC တို့ ဘာတို့နဲ့မဆိုင်ဘူး။ ဒီနေ့ ဖွင့်ချင်ရင်ဖွင့်တယ် ပိတ်ချင်ရင် ပိတ်နေတော့ တင်ပို့ဖို့ ခန့်မှန်းရခက်နေတယ်” ဟု မြန်မာနိုင်ငံ သစ်သီးဝလံ ပန်းမာန် စိုက်ပျိုးထုတ်လုပ်ရောင်းချသူများအသင်း မှ အတွင်းရေးမှူး ဦးကျော်သူ ကပြောသည်။
✅အကယ်၍ နယ်စပ်ဂိတ်ဖွင့်မည်ဆိုပါက ဖရဲ၊သခွါး တင်ပို့မှုအတိုင်း ခေါက်တိုကားခများ ဈေးကြီးခြင်း၊ ပိုးသတ်ခ၊ ရှိန်တိန် Driverခများ ဖြင့်တဆင့်ဆင့် တင်ပို့ရမည်ဆိုပါက သရက်သီး မှာ ဖရဲသီးလို တွက်ခြေကိုက်နိုင်မည်မဟုတ်ကြောင်း ကုန်သည်များ မှ သုံးသပ်ကြသည်။ ယခုအတိုင်းသာ ဆက်ဖြစ်နေမယ်ဆိုပါက သရက်သီးကို တရုတ်ဘက်သို့ မည်သူမှ တင်ပို့မည်မဟုတ်ကြောင်း သုံးသပ်ပြောကြားကြသည်။
✅တရုတ်နယ်စပ်ဘက်မှတဆင့် တရုတ်ပြည်သို့ သရက်သီးကို နှစ်စဉ်တန်ချိန်လေးသောင်းအထိ တင်ပို့ လျှက်ရှိပြီး ယခုနှစ်ရာသီတွင် အထွက်နှုန်းကျနိုင်မည်ဖြစ်၍ ပုံမှန်နှစ်များ၏ တန်ချိန်ထက်ဝက်ခန့်တောင် တင်ပို့နိုင်မည်မဟုတ်ကြောင်း သိရသည်။ ပြီးခဲ့သည့်နှစ်က 16kg တစ်ဖာ လျှင် ၁၇၀ယွမ် အထိ ပေါက်ဈေးရရှိခဲ့ကြောင်း သိရပြီး ယခုနှစ်မှာ ဈေးဘယ်လောက်ထိရနိုင်မည်ကို မခန့်မှန်းနိုင်သေးကြောင်း သိရသည်။
✅ကိုဗစ်ကြောင့် တရုတ်ပြည်သို့တင်ပို့ရာတွင် မလိုလားအပ်သည့် ကြန့်ကြာမှုများဖြစ်ခဲ့သည့်အတွက် အသီးအရည်အသွေးတွေကျပြီး ဈေးကောင်းမရခြင်းများကို ပြီးခဲ့သည့်နှစ်ကကြုံခဲ့ကြရပြီး ယခုနှစ်မှာ ပိုဆိုးနိုင်ကြောင်းသိရသည်။ ပြီးခဲ့သည့်နှစ်များက လေကြောင်းလိုင်းများ ပိတ်ထားခဲ့သည့်အတွက် စင်္ကာပူနိုင်ငံသို့ တင်ပို့မှုနည်းခဲ့ပြီး ယခုနှစ် ဧပြီလ (၁)ရက်နေ့မှစတင်ကာ လေကြောင်းလိုင်းများ ပြန်ဖွင့်တော့မှာဖြစ်၍ တစ်နိုင်တစ်ပိုင်တင်ပို့ခြင်းများ၊ ကွန်တိန်နာဖြင့်လည်း ပုံမှန်တင်ပို့မှု ရှိနေဦးမှာ ဖြစ်၍ ယခုရာသီတွင် စင်္ကာပူသို့ ပုံမှန်အတိုင်း သွားနိုင်မည်ဖြစ်ကြောင်း သိရသည်။
✅ပြည်တွင်းဈေးကွက်တော့ကောင်းနိုင်မည်ဖြစ်ပြီး အထွက်နှုန်းနည်းခြင်း၊ သယ်ယူပို့ဆောင်ရေးစရိတ်၊ မြေဩဇာဈေးများမြင့်နေသည့်အတွက် တစ်လုံးပေါ်ကျမည့် ဈေးနှုန်းကတော့ မြင့်လာနိုင်ကြောင်း သိရသည်။ မြန်မာနိုင်ငံ တွင် အီကွေတာနှင့် နီးသည့်ဒေသများမှ သရက်သီးအချိန်စော၍ သီးကြောင်း သိရသည်။
✅“အီကွေတာနဲ့နီးတဲ့ မြန်မာနိုင်ငံအောက်ပိုင်းက အရင်ဆုံးပေါ်တာပေါ့။ အီကွေတာနဲ့နီးတဲ့ တနင်္သာရီ ဖက်က သရက်တွေကအစောဆုံးပေါ်တယ်။ မွန်၊ ရန်ကုန်၊ ပဲခူး ပြီးရင် ပြည်၊ နေပြည်တော်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း ပြီးရင် တစ်လျှောက် ရှမ်း/တောင် ထိပေါ့ ။ (၄)လပိုင်း (၁၅) ရက်ကနေ (၆)လပိုင်း ကုန် (၇)လပိုင်းအထိ ထွက်တယ်” ဟု သရက်စိုက်တောင်သူတစ်ဉီးက ပြောသည်။
✅မြန်မာနိုင်ငံ၌ သရက်သီးမှာ နှစ်စဉ်တန်ချိန် တစ်သိန်းကျော်ထိ ထွက်ရှိပြီး ပြည်ပသို့ တန်ချိန်၄သောင်း အထိ တင်ပို့လျက်ရှိကာ တန်ချိန်၆သောင်းမှာ ပြည်တွင်း၌ စားသုံးလျက်ရှိကြောင်း သိရသည်။ ပြည်ပသို့တင်ပို့နေသည့် သစ်သီးဝလံများထဲတွင် သရက်သီးတင်ပို့မှုမှာ နံပါတ်(၄)နေရာမှာရှိကြောင်း သိရသည်။
✅သီးနှံဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : AMIA Market News