menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
ယခုနှစ်သကြားစျေး အမြင့်စျေးတွင်ရှိနေ
🎋🎋🎋🎋🎋🎋🎋🎋🎋🎋
➡️ပြည်တွင်းစားသုံမှု နှင့် Export ပုံမှန်ရှိနေသည့်အတွက် သကြားစျေးကောင်းနေကြောင်း ကုန်သည်များထံမှ သိရသည်။ လက်ရှိ မိုးအဝင်ကာလတွင် နှစ်စဉ် သကြားစျေးကွက် အေးသည့်ရာသီ ဖြစ်သော်လည်း ဒေါ်လာစျေးမြင့်တက်နေသည့်အတွက် သကြားစျေးအမြင့်စျေးတွင် ရှိနေကြောင်း သိရသည်။ ပြည်တွင်းသကြားဈေးမှာ ပြီးခဲ့သည့်နှစ်များဖြင့်ယှဉ်ပါက အတက်စျေးတွင်ရှိနေခြင်း ဖြစ်ကြောင်း သကြားကုန်သည်များက သုံးသပ်ပြောကြားထားသည်။
➡️ပြီးခဲ့သည့်နှစ် ယခုကာလတွင် သကြားစျေး တပိဿာလျှင် အများဆုံး ၉၀၀ ခန့်သာရှိခဲ့ပြီး ယခုနှစ်တွင် သကြား တပိဿာလျှင် ငွေရည်ပုလဲစျေး ၂,၀၃၀ မှ ၂,၀၅၀ ဝန်းကျင်ခန့်ထိရရှိနေကြောင်း သိရသည်။ “ဒီလ(၂၃)ရက်မှ ငွေရည်ပုလဲစျေးက ၂,၀၃၀ - ၂,၀၅၀ လောက်ရှိတယ်၊ ဒီနှစ်ထဲမှာ စပြီး တက်သွားတာ၊ သကြားစျေးကွက်ကတော့ အရောင်းဝယ်နည်းနည်းအေးတယ်။ မိုးတွင်တော့ ပုံမှန်အေးလေ့ရှိတယ်၊ ဒီစျေးအနေအထားက လုပ်ငန်းရှင်လဲ သူစျေးနဲ့သူ ကိုက်ညီအောင်လုပ်နေရတယ်။ ဒီထက်နည်းနည်း ချပေးရင်တော့ ပိုကောင်းတာပေါ့၊ သို့ပေမဲ့ အထွေထွေစရိတ်တွေကလဲ ကြီးနေတော့ ဒီစျေးလေးကတော့ အဆင်ပြေပါတယ်” ဟု မြန်မာနိုင်ငံသကြားနှင့်ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးစိန်းထွန်း က ပြောသည်။
➡️လက်ရှိ ပြည်ပတင်ပို့မှုအနေဖြင့် နှစ်စက ရောင်းချခဲ့သည့် သကြားတန်ချိန်များကိုတင်ပို့လျက်ရှိကြောင်း ကုန်သည်များထံမှ သိရသည်။ “ Export က ပုံမှန်လောက်တော့ သွားနေတယ်။ ပြည်ပကိုလဲ သူစျေးနဲ့သူ ပုံမှန်ထွက်နေတယ်။ ပြည်တွင်းအတွက်ချန်ပြီး ပြည်ပကိုရောင်းနေကြတာပါ” ဟု သကြားကုန်သည် တစ်ဦး ကပြောသည်။
➡️ကိုဗစ်ကြောင့် ပြီးခဲ့သည့်နှစ်များက သကြားစျေးကွက်မှာ အရှုံးပေါ်ခဲ့ပြီး ကြံစိုက်ဧကများကို လျော့ချ စိုက်ပျိုးခဲ့ခြင်းများလည်း ရှိခဲ့ပြီး ယခုနှစ်တွင် သကြားတိုးချဲ့စိုက်ပျိုးလျက်ရှိကြောင်း ကြံစိုက် တောင်သူများ ထံမှသိရသည်။ ဒီဇင်ဘာလလယ် မှ စတင်ကာလက်ရှိ အချိန်အထိကြံကြိတ် ဝါးနေဆဲ ဖြစ်၍ ခန့်မှန်ခြေသကြား တန်ချိန် ၄၄၀,၀၀၀ခန့် ထွက်ရှိမည်ဟု ခန့်မှန်ထားကြောင်းသိရသည်။
➡️ယခုနှစ် ကြံခုတ်ရာသီတွင် ကြံဝယ်စျေးမှာ ကြံတစ်တန်လျှင် ပျှမ်းမျှ ၆၆၀,၀၀၀ အထိ ပေါက်စျေး ဖြင့်သတ်မှတ် အရောင်းအဝယ်ဖြစ်နေကြောင်းသိရသည်။ လက်ရှိသကြားအား တရုတ်နိုင်ငံသို့ သကြားအရည်အဖြစ် တင်ပို့နေပြီး ဗီယမ်နမ် သို့ ပင်လယ်ရေကြောင်း မှ တဆင့် ယခုနှစ်မှစ၍ တင်ပို့ နေကြောင်း သိရသည်။ လက်ရှိလုပ်ငန်းသုံး သကြားတင်သွင်းခြင်းတို့ကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်(MIC) ၏ ခွင့်ပြုချက်ရယူပြီးမှ ကုန်သွယ်ရေးဦးစီးဌာနဖြင့် အကောက်ခွန်ဦးစီးဌာနတို့ထံ လျှောက်ထားရမည်ဖြစ်၍ ထိုင်းနိုင်ငံမှတရားမဝင် သကြားများပြည်တွင်းသို့ ဝင်ရောက်မှုနည်းလာနိုင်၍ သကြား စျေးကွက်အလားလာကောင်းလာနိုင်မည်ဖြစ်သည်။
➡️သီးနှံဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : ဖိုးချဲ(AMIA)