menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
ယခုနှစ်မှစ၍ ဗီယက်နမ်နိုင်ငံသို့ သကြားတင်ပို့မည်
🎋🎋🎋🎋🎋🎋🎋🎋🎋🎋
⏭ပြည်တွင်းသကြားအား ယခုနှစ်မှစ၍ ဗီယက်နမ်နိုင်ငံသို့ စ တင်ပို့လျှက်ရှိကြောင်း သကြားကုန်သည်များ ထံမှသိရသည်။ လက်ရှိသကြားအား တရုတ်နိုင်ငံသို့ သကြားအရည်အဖြစ်တင်ပို့နေပြီး ဗီယက်နမ်သို့ ပင်လယ်ရေကြောင်း မှတဆင့် ယခုနှစ်မှစ၍တင်ပို့နေကြောင်းသိရသည်။
⏭“ဗီယက်နမ်နိုင်ငံကို ပထမဆုံးအကြိမ်တင်ပို့နေကြတာပါ။ ဒီနှစ်က first timeပါ။ ပင်လယ်ရေကြောင်း ကနေတင်ပို့တာ အဆင်ပြေတယ် လို့သိရတယ်။ အခက်အခဲကြီးကြီးမားမားမရှိဘူး” ဟု မြန်မာနိုင်ငံ သကြားနှင့်ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးစိန်ထွန်းက ပြောသည်။
⏭ယခုနှစ်တွင် ပြည်ပသို့ပြည်တွင်းထွက်ရှိမူ၏ ၇၅ ရာခိုင်နှုန်းအထိ တင်ပို့ထားနိုင်ကြောင်း သိရပြီး လာမည်နှစ်တွင် ၅၀ ရာခိုင်နှုန်းခန့် တင်ပို့ရန်လျာထားကြောင်း သကြားကုန်သည်များထံမှ သိရသည်။ ယင်းကဲ့ သို့ export များ သွားနေရသောကြောင့် ပြည်တွင်းသကြား နည်းနေပြီဖြစ်၍ သကြားစျေး ကောင်းနေကြောင်းသိရသည်။
⏭“ယခုနှစ်က သကြားအခြေအနေကောင်းနိုင်တဲ့အနေအထားပါ ။ ကမ္ဘာ့ဈေးလဲတက်တယ်။ ထိုင်းဘက် ခိုးပြီးတင်သွင်းထားတဲ့ သကြားတွေကလဲမရှိသလောက်ဖြစ်တော့မယ်။ အခုပြည်တွင်းမှာလည်း လက်ကျန်နည်းနေပြီဆိုတော့ စျေးကကောင်းမှာပါ” ဟု သကြားကုန်သည်တစ်ဦးကပြောသည်။
⏭ပြည်တွင်း၌ နှစ်စဉ်သကြားတန် ၅သိန်းဝန်းကျင်အထိ ထွက်ရှိနေလျှက်ရှိပြီး ပြီးခဲ့သည့်နှစ်က သကြား စျေးမကောင်းခဲ့သည့်အတွက် လျော့ချစိုက်ပျိုးခဲ့သောကြောင့်ယခုနှစ်တွင် အထွက်နည်းမည် ဖြစ်ကြောင်းသိရသည်။ ဒီဇင်ဘာလလယ်တွင် သကြားကြိတ်သည့်ရာသီဖြစ်၍ သကြားအသစ်များ ပေါ်တော့မည်ဖြစ်ကြောင်းလည်းသိရသည်။
⏭ပြီးခဲ့သည့် ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်တွင်သကြားတန်ချိန် ၁၇၇,၀၄၂ တန် အထိ တင်ပို့နိုင်ခဲ့ကြောင်း စီးပွားရေးနှင့်ကူသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှသိရသည်။
⏭လယ်ယာထွက်ကုန်ဈေးကွက်သတင်းများကို တောင်သူများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Credit to : AMIA Market News