menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
ယခုနှစ်တွင် ပြင်သစ်နိုင်ငံကို ကော်ဖီတန်ချိန် ၁၀၀ ကျော်တင်ပို့မည်
🍃🍃🍃🍃🍃🍃🍃🍃🍃🍃
↗️ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်နှင့် ဟိုပုံးမြို့နယ်ရှိ Green Gold ကော်ဖီစိုက်ပျိုးထုတ်လုပ်ရေး သမဝါမအသင်းက ယခုနှစ်တွင် ပြင်သစ်နိုင်ငံကို ကော်ဖီတန်ချိန် ၁၀၀ ကျော် တင်ပို့သွားမည်ဖြစ် ကြောင်း အသင်းဥက္ကဋ္ဌ ဦးခွန်ထီးက ပြောသည်။
↗️"ကော်ဖီစေ့တွေကို စုဆောင်းနေပါတယ်။တန်ချိန် ၁၀၀ကျော်ကို လအလိုက်ခွဲပြီးတော့ ပို့သွားမယ်။ ကျွန်တော်တို့ဘက်က အဆင့်သင့်ဖြစ်အောင်ပြင်ဆင်နေတယ်။နောက်နှစ်တွေမှာလဲ ဒီထက်မက ပို့နိုင်အောင်ကျွန်တော်တို့တွေကြိုးစားနေတယ်။ ပြီးတော့ကော်ဖီစိုက်ခင်းတွေကိုလဲတိုးချဲ့သွားမယ်။ ကော်ဖီစေ့ အထွက်နှုန်းတိုးတက်အောင်လဲကြိုးစားစိုက်ပျိုးသွားမယ်"ဟု ၎င်းက ပြောသည်။
↗️ယခုကာလတွင် လမ်းပန်းဆက်သွယ် အခက်အခဲဖြစ်နေသည့်အတွက် တင်ပို့မည့်အချိန်ကာလကို သေချာမသတ်မှတ်နိုင်သေးကြောင်း ၎င်းက ဆက်ပြောသည်။
↗️"ဒီတကြိမ်တော့ မနှစ်ကတန်ချိန်ထက်ပိုများတယ်။ သူတို့ဘက်က ပုံမှန်ဈေးအတိုင်း ဝယ်တဲ့အတွက် ကျွန်တော်တို့အတွက် အဆင်ပြေတယ်။ဒီထက်မက ပို့နိုင်အောင်ကြိုးစားသွားမယ်" ဟု ဦးခွန်ထီးက ပြောသည်။
↗️အဆိုပါအသင်းက ၂၀၂၀ ပြည့်နှစ်က ပြင်သစ်နိုင်ငံကို ကော်ဖီတန်ချိန် ၂၀ ကျော် တင်ပို့နိုင်ခဲ့ပြီး ယခုနှစ်တွင် ပိုမိုတင်ပို့ရန် စီစဉ်နေခြင်း ဖြစ်သည်။
ပံဆင့်အောင် (မြန်မာတောင်သူကြီးများဂျာနယ်)