menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
“ယခုတစ်ပတ်အတွက် ပဲမျိုးစုံ နှင့် ကြက်သွန်ဈေးကွက်”
🫘🧅🫘🧅🫘🧅🫘🧅🫘🧅🫘
🫘ပဲမျိုးစုံဈေးကွက်🫘
အဓိကပို့ကုန်ပဲများဖြစ်သည့် မတ်ပဲ နှင့် ပဲစင်းငုံနီတို့သည် ပြီးခဲ့သည့်အပတ်နှင့် နှိင်းယှဉ်ပါက ဈေးတွေ ဆက်တိုက်ကျဆင်းနေခဲ့ကြောင်း ဈေးကွက်အတွင်းမှာ စုံစမ်းသိရှိရသည်။ ပဲဈေးများ မြင့်တက်နေသည့် အပေါ် ဈေးကစားမှုရှိ/မရှိ အိန္ဒိယအစိုးရက စုံစမ်းမှုများလည်းရှိခဲ့ကြောင်း ပြည်တွင်း သတင်းများအရ သိရှိရသည်။ အိန္ဒိယအစိုးရ၏မေးမြန်းမှုအပေါ် ပဲနှမ်းအသင်းမှ ငြင်းချက်ထုတ်ထားသော်လည်း ပြည်တွင်းလှောင်လက် အများစုမှာ တက်ဈေးကိုစောင့်၍ ရောင်းချမှုများကြောင့် ဈေးကွက်အတွင်းပစ္စည်းမရှိပဲ ဈေးများ မလိုအပ်ပဲ မြင့်တက်နေခြင်းဖြစ်သည်ဟု ကုန်သည်ကြီးအချို့က ဆိုသည်။
“အခုက ငွေဈေးတွေကလည်း တည်ငြိမ်မှုမရှိဘူး။ ပြည်တွင်းမှာကလည်း ပဲစင်းငုံဆို လက်ကျန်မရှိတော့ အရောင်းအဝယ်လည်းမရှိပဲ ဈေးကျသွားတယ်၊ အရင်ကတည်းက အဲ့လောက်ထိ တက်နိုင်စရာမရှိတာကို ဈေးတွေကို ဆွဲတင်တယ်၊ ကုန်သည်တွေကလိုက်မမှီတော့ မဝယ်တော့ဘူး၊ အဲ့ဒီမှာ ဈေးတွေက ပြန်ကျဆင်းလာတယ်” ဟု ပဲခူးတိုင်းဒေသကြီးအတွင်းမှ ပဲကုန်သည်တစ်ဦးဖြစ်သူ ကိုမြတ်ထွန်းက ပြောသည်။ အိန္ဒိယနိုင်ငံ၏ပဲလိုအပ်ချက်မြင့်မားသည့်အပြင် ပြည်တွင်းတွင်လည်း ပဲအထွက်နှုန်းလျော့ကျခြင်း၊ သွင်းအားစုဈေးနှုန်းကြီးမားခြင်းတို့ကြောင့် တွက်ခြေကိုက်နိုင်ရန် တက်ဈေးစောင့်ရောင်းချရခြင်း ဖြစ်သည်ဟု လှောင်လက်အချို့က ဆိုသည်။
မတ်ပဲက ဒီတစ်ပတ်မှာတော့ တစ်တန်ကို ၂,၃၈၀,၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့သည့်အပတ်နှင့်နှိင်းယှဉ်ပါက တစ်တန်ကို ၇၀,၀၀၀ နီးပါး ဈေးပြန်ကျဆင်း သွားသည်။ FOB ဈေးနှုန်းကတော့ တစ်တန်ကို အမေရိကန်ဒေါ်လာ ၉၀၀ ကနေ ၁,၀၀၀ ပေါက်ဈေးရှိပြီး တစ်တန်ကို အမေရိကန်ဒေါ်လာ ၁၀ ဈေးကျဆင်းသွားသည်။ ပဲစင်းငုံနီကတော့ ဒီတစ်ပတ် တစ်တန်ကို ၃,၁၂၅,၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့သည့်အပတ်နှင့် နှိင်းယှဉ်ပါက တစ်တန်ကို ၁၀၀,၀၀၀ ကျပ် ဈေးကျဆင်းသွားသည်။ နှစ်ပတ်အတွင်း တစ်တန်ကို ၁၆၀,၀၀၀ ကျော် ဈေးကျဆင်းသွားခဲ့ပြီး ဆက်ပြီးကျဆင်းနိုင်ခြေရှိသည်ဟု ကုန်သည်အချို့က ခန့်မှန်းထားပေမယ့် လက်ရှိ ပြည်တွင်းငွေလဲလှယ်နှုန်းဈေးမြင့်တက်နေမှုအပေါ်စောင့်ကြည့်ရမယ့် အခြေအနေရှိနေသည်ဟု ကုန်သည်အချို့က ခန့်မှန်းပြောဆိုထားသည်။
တစ်ပိဿာကို ငွေကျပ် ၉,၀၀၀ အထိ ဈေးမြင့်တက်လာခဲ့သည့် မြေပဲဆံကတော့ ဈေးကွက်အတွင်း လက်ကျန်နည်း အဝယ်သွက်နေသည်ဟု သိရသည်။ ပြည်ပတင်ပို့မှုလည်းရှိနေသည်ဟု သိရသည်။ ဇွန်လ ပထမအပတ်ကတည်းက ဈေးမြင့်တက်နေခဲ့တာဖြစ်ပြီး နှစ်ပတ်အတွင်း တစ်ပိဿာကို ၇၀၀ ကျပ် ဈေးမြင့်တက်လာသည်။ ဈေးအမြင့်ဆုံးရောက်ရှိခဲ့သည့် ကုလားပဲကတော့ ဆက်တိုက်ဈေးပြန်ကျဆင်းနေခဲ့သည်။ ဈေးမြင့်သည့် အတွက် အဝယ်တန့်သွားခဲ့ရာမှ ဈေးများပြန်ကျဆင်းခဲ့ခြင်းဖြစ်ပြီး ဆက်ပြီးကျဆင်းနိုင်မည်ဟု ကုလားပဲ ရောင်းဝယ်သည့်ကုန်သည်များက သုံးသပ်ပြောသည်။
ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ကုလားပဲလုံးဖြူက တစ်ပိဿာကို ၄,၃၃၀ ကနေ ၄,၄၂၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၁၅ကျပ်၊ ကုလားပဲလုံးဖြူကြီးကတော့ တစ်ပိဿာကို ၄,၅၀၀ ကနေ ၄,၅၈၅ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၆၅ ကျပ်၊ ကုလားပဲခြမ်းကတော့ တစ်ပိဿာကို ၅,၉၀၀ ကနေ ၆,၁၀၀ ကျပ် ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၀၀ ကျပ် ဈေးကျဆင်းသွားသည်။ ပြည်တွင်း ကုလားပဲ ဈေးနှုန်းမြင့်မားနေခြင်းကြောင့် ပြည်ပကနေတဆင့် ပြန်လည်ဝယ်ယူရောင်းချမှုတွေ ပြုလုပ်သည်ဟု ကုန်သည်အချို့က ဆိုသည်။
🧅ကြက်သွန်ဈေးကွက်🧅
ကြက်သွန်နီကဈေးကွက်အတွင်း အဝင်များသည့်အတွက် ဈေးက အတက်အကျအနည်းငယ်ဖြင့် အရောင်းအဝယ်ဖြစ်နေသည် ဟု ဈေးကွက်အတွင်း စုံစမ်းသိရှိရသည်။ ပခုက္ကူ နှင့် မြင်းခြံ တို့မှာ နေ့စဉ် ကြက်သွန်အဝင် ပိဿာချိန် တစ်သိန်းနီးပါးအထိအဝင်ရှိသည်ဟု သိရသည်။ ရန်ကုန်ဘုရင့်နောင် ဈေးကွက်ကိုတော့ နေ့စဉ် ပိဿာချိန် ၁၂၀,၀၀၀ အထက် အဝင်ရှိနေပြီး အဝယ်ကတော့ပုံမှန်ရှိနေသည်ဟု သိရသည်။ အရောင်းအဝယ်ကတော့ ပုံမှန်ရှိနေပြီး အရည်အသွေးအလိုက်ဈေးပြတ်သည်ဟု ဆိုသည်။
ရန်ကုန် ဈေးကွက်မှာတော့ ကြက်သွန်နီ (ဆိပ်ဖြူ၊ မုံရွာ)တို့က တစ်ပိဿာကို ၁,၈၅၀ ကနေ ၂,၁၅၀ ကြား ပေါက်ဈေးရှိနေပြီး အတက်အကျအနည်းငယ်သာ ရှိနေသည်။ ပခုက္ကူဈေးကွက်မှာတော့ ၁,၇၀၀ ကနေ ၂,၀၅၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၅ကျပ် ဈေးတက်လာသည်။ မြင်းခြံဈေးကွက်မှာတော့ တစ်ပိဿာကို ၁,၇၀၀ မှ ၂,၁၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၀၀ ကျပ် ဈေးကျဆင်းသွားသည်။ ကြက်သွန်ဖြူ(ရှမ်း)ကတော့ ဒီတစ်ပတ် အမြင့်ဆုံးဈေးထိ မြင့်တက်လာသည်။ ဈေးကွက်ထဲကိုလည်း ကြက်သွန်ဖြူ ပိဿာချိန် ၉,၀၀၀ နီးပါးခန့်သာ အဝင်ရှိသည်ဟု သိရသည်။ ဈေးကွက်ထဲကိုလည်း အဝင်နည်းသည်ဟုသိရသည်။
ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ကြက်သွန်ဖြူ(ရှမ်း)တစ်ပိဿာကို ထူး (၁) ၇,၀၀၀ ကနေ ထူး(၅) ၈,၅၀၀ ကြား ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်း တစ်ပိဿာကို ၁,၅၀၀ ကျပ် ဈေးမြင့်တက်လာသည်။ မော်လမြိုင်ဈေးကွက်မှာတော့ တစ်ပိဿာကို ၆,၈၀၀ ကနေ ၇,၃၀၀ ကြား ပေါက်ဈေးရှိနေပြီး တစ်ပိဿာကို ၅၀၀ကျပ် ဈေးမြင့်တက်လာသည်။
ကြက်သွန်ဖြူ(ကြူကုတ်)ကတော့ ဈေးအတန်ကြာ အတက်ဈေးဖြင့် ငြိမ်နေသည်။ ရန်ကုန်ဈေးကွက်မှာ တစ်ပိဿာကို ၆,၈၀၀ ကနေ ၇,၀၀၀ ကြား ပေါက်ဈေးရှိနေသည်။ သီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Credit : မိုးဇင် (AMIA)