menu

ယခုတစ်ပတ်အတွက် ပဲမျိုးစုံ နှင့် နှမ်းဈေးကွက်


🫘🥜🫘🥜🫘🥜🫘🥜🫘🥜🫘 

☑️ ယခုတစ်ပတ် မန္တလေး ပဲ၊ နှမ်းဈေးကွက်တွင် ကုလားပဲသစ်များဝင်ရောက်လာသော်လည်း ဈေးကောင်းမရရှိသေးကြောင်း ပဲ၊ နှမ်းကုန်သည်များထံက သိရသည်။ 

☑️ ပို့ကုန်မတ်ပဲဈေးမှာ တည်ငြိမ်သော်လည်း ပဲစင်းငုံမှာ သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၂၇၀,၀၀၀ ကျော်ဖြင့် အနည်းငယ်အတက်အကျရှိသော်လည်း ဈေးကွက်အတွင်း အရောင်းအဝယ် ခပ်သွက်သွက်ပြုလုပ်နေကြသည်။ 

☑️ မန္တလေးဈေးကွက်တွင် နယ်စုံမှကုလားပဲသစ်များ ပဲမာလိုင်းများ အသစ်ဝင်ရောက်မှု ရှိလာသော်လည်း ဈေးကောင်းမရရှိသေးကြောင်း၊ ပဲစင်းငုံမှာ အမြတ်နည်းနည်းဖြင့် ခပ်သွက်သွက် အရောင်းအဝယ်လုပ်နေကြပြီး ပမာဏများများ ဝယ်ယူတာမျိုးမရှိသေးကြောင်း သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၂၇၅,၀၀၀ - ၂၇၆,၀၀၀ ပေါက်ဈေးဖြစ်လာကြောင်း လက်ရှိပြည်တွင်းဒေါ်လာဈေးတည်ငြိမ်မှုကြောင့်လည်း ပို့ကုန်ပဲများဈေးအတက်အကျ အနည်းငယ်သာရှိကြောင်း ရွှေစင်သိန်းပွဲရုံပိုင်ရှင် ဦးကျော်သွင်က ပြောသည်။ 

 ☑️ "ပြည်တွင်းသုံးကုလားပဲများ အသစ်ဝင်ရောက်မှုများရှိလာသလို သုံးတင်းဝင်တစ်အိတ်လျှင် ၂၃၀,၀၀၀ - ၂၃၅,၀၀၀ လောက်နဲ့ ဈေးအေး၊ အရောင်းအေးဖြစ်နေပါတယ်၊ ပဲစင်းငုံကတော့ အနည်း ငယ် တက်လိုက်၊ ကျလိုက်နဲ့ အရောင်းအဝယ်သွက်သွက်ရောင်း ဝယ်နေကြပါတယ်။ ပြည်တွင်း ဒေါ်လာဈေးတည်ငြိမ်မှုကြောင့်လည်း ပို့ကုန်ပဲဈေးများ ဈေးကျဆင်းနေတာမျိုးပါ။ လက်ရှိ မန္တလေးဈေးကွက်ကို ပဲသစ်များဝင်ရောက်မှုကလည်း ခန့်မှန်းရခက်ပါတယ်" ဟု ၎င်းကပြောသည်။ 

☑️ ပြည်တွင်းပဲ၊ နှမ်းဈေးကွက်အတွင်း အသစ်ဝင်ပဲမျိုးစုံဝင်ရောက်မှုမှာ တဖြည်းဖြည်းဝင်ရောက်နေခြင်းကြောင့် ဈေးအတက်အကျအနည်းငယ်ရှိသော်လည်း လက်ရှိပေါက်ဈေးများထက် ဈေးနှုန်းထပ်မံကျဆင်းနိုင်တာမျိုး မရှိနိုင်တော့ကြောင်း ပဲကုန်သည်များက သုံးသပ်ထားသည်။ 

☑️ ဖေဖော်ဝါရီ (၁၃)ရက်တွင် ပို့ကုန်မတ်ပဲ(အသစ်)တစ်အိတ်လျှင် ငွေကျပ် ၂၇၇,၅၀၀၊ ပဲစင်းငုံမှာ ပဲနှမ်းဈေးကွက်အတွင်း စတင်ဝင်ရောက်လာရာ သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၂၇၅,၀၀၀ -၂၇၆,၀၀၀ ခန့် ပေါက်ဈေးရှိနေသည်။ ပဲတီစိမ်း(အညာ) တစ်အိတ်လျှင် ငွေကျပ် ၂၈၀,၀၀၀ ပေါက်ဈေးရှိနေသည်။ 

☑️ အသစ်ဝင်ပဲမာလိုင်းများမှာ ပဲလွန်းဖြူပိဿာ ၆၀ တစ်အိတ်လျှင် ငွေကျပ် ၂၃၀,၀၀၀၊ ပဲလွန်းပြာ ပိဿာ ၆၀ တစ်အိတ်လျှင် ငွေကျပ် ၂၀၀,၀၀၀၊ ပဲကြီးတစ်အိတ်လျှင် ငွေကျပ် ၂၈၀,၀၀၀၊ ပဲထောပတ်တစ်အိတ်လျှင် ငွေကျပ် ၃၉၀,၀၀၀၊ စားတော်ပဲ (ကနေဒါ) တစ်အိတ်လျှင် ငွေကျပ် ၃၃၀,၀၀၀၊ ကျွန်းစားတော်ပဲ တစ်အိတ်လျှင် ငွေကျပ် ၃၇၀,၀၀၀၊ မြေပဲလုံးဆံ တစ်ပိဿာလျှင် ငွေကျပ် ၉,၆၀၀ - ၉,၇၀၀ ပေါက်ဈေးရှိနေသည်။ 

☑️ မန္တလေးဈေးကွက်တွင် ပြောင်းဖူး(ဗမာ) ၅၄ပိဿာတစ်အိတ်လျှင် ငွေကျပ် ၈၃,၀၀၀၊ ပြောင်းဖူး(ရှမ်း)၅၄ပိဿာ တစ်အိတ်လျှင် ငွေကျပ် ၈၅,၀၀၀၊ ပြောင်းဖူး(CP)၅၄ ပိဿာတစ်အိတ်လျှင် ငွေကျပ် ၈၄,၀၀၀၊ အထွက်တိုးပြောင်း(နီ) ၅၃ပိဿာတစ်အိတ်လျှင် ငွေကျပ် ၈၃,၀၀၀ အသီးသီးပေါက်ဈေးရှိနေသည်။ 

☑️ နှမ်းမျိုးစုံဈေးကွက်မှာ ဖေဖော်ဝါရီ (၁၃)ရက်တွင် ဆောင်းနှမ်းအသစ်များ ဝင်ရောက်လာရာ ဆောင်းနှမ်းနက် တစ်အိတ်လျှင် ငွေကျပ် ၅၂၀,၀၀၀ - ၅၃၀,၀၀၀၊ နှမ်းဖြူ(ဂျပန်)တစ်အိတ်လျှင် ငွေ ကျပ် ၄၁၀,၀၀၀၊ နှမ်းဖြူ(ဗမာ) တစ်အိတ်လျှင် ငွေကျပ် ၃၄၅,၀၀၀၊ နှမ်းညိုတစ်အိတ်လျှင် ငွေကျပ် ၃၁၀,၀၀၀ ပေါက်ဈေးရှိနေပြီး ဈေးကွက်အတွင်း နှမ်းမျိုးစုံ ဝင်ရောက်မှုနည်းပါးသွားကြောင်း သိရသည်။ 

Sources : ရွှေမန်း (မကွေးဂျာနယ်)