menu
FAQ   > ပိုးသတ်ဆေး   > ပဲမျိုးစုံတွင် အဝါရောင်မိုစေ့ဗိုင်းရပ်စ်ရောဂါ ဘာကြောင့်ဖြစ်ရတာပါလဲ ?

ပဲမျိုးစုံတွင် အဝါရောင်မိုစေ့ဗိုင်းရပ်စ်ရောဂါ ဘာကြောင့်ဖြစ်ရတာပါလဲ ?


စုပ်စားပိုးများကြောင့် အဝါရောင်မိုစေ့ဗိုင်းရပ်စ်ရောဂါ ဝင်တာပါ။ ရောဂါဝင်ပြီးရင် ကုသဆေးမရှိပါဘူး။ အခုလိုမဖြစ်အောင် ပဲအပင်ပေါက်(၁၅)ရက်သားခန့်မှစ၍ "နိုးဝမ်း၊ ကေလာ" တို့လိုပင်လုံးပြန့်အာနိသင်ရှိပိုးသတ်ဆေးတစ်မျိုးမျိုးကိုကြိုတင်ပက်ဖျန်းပေးသင့်ပါတယ်။ အကောင်းဆုံးက အပင်ဝါတွေကိုနုတ်ပစ်ပါ။ ကျန်အပင်များကို စုပ်စားပိုးများထပ်မလာနိုင်အောင် ကာကွယ်ဖို့ “နိုးဝမ်း၊ ကေလာ၊ ဆိုင်လာ၊ သူရိယ” ဆေးများမှ ရရာတစ်မျိုးမျိုးကိုပက်ဖျန်းပေးနိုင်ပါတယ်။