menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
ရာဘာစိုက်ခင်းပေါင်းမြက်ရှင်းလင်းခြင်း
🌳🌱🌳🌱🌳🌱🌳🌱🌳🌱🌳
◾️နှစ်ရှည်သီးနှံ ရာဘာပင်စိုက်ပျိုးထုတ်လုပ်ရာတွင် စိုက်ပျိုးရေးနည်းစနစ်ကောင်းများဖြင့် လုပ်ကိုင်ဆောင်ရွက်ရသည်များ များစွာရှိပါသည်။ ၎င်းတို့အနက်မှ ပေါင်းမြက်ကာကွယ် ရှင်းလင်းခြင်းနည်းလမ်းများ နှင့် ရရှိနိုင်သော အကျိုး ကျေးဇူးများကို တင်ပြအပ်ပါသည်။
ပေါင်းမြက် ကာကွယ်နှိမ်နင်းခြင်း
----------------------------
(၁) ပေါင်းရှင်းခြင်းလုပ်ငန်းအား တစ်နှစ်လျှင် (၃) ကြိမ် လူအားစက်အားဖြင့် ဆောင်ရွက်ရမည်။
(၂) ရော်ဘာပင်တန်းကြားတွင် သက်တမ်း (၃) နှစ်ကာလထိ မြေဆီထိန်းပဲ (သို့မဟုတ်) ကြားသီးနှံ စိုက်ပျိုးခြင်းဖြင့်လည်း ပေါင်းကာကွယ်နှိမ်နင်းနိုင်သည်။
(၃) ရော်ဘာပင်လိုင်းတန်းတစ်လျှောက် အပင်၏တစ်ဖက်လျှင်(၃)ပေ အကျယ်ဖြင့် (၆) ပေလိုင်း အ တွင်း မြေဩဇာဖြူးကျွေးရသဖြင့် (၆) ပေ လိုင်းအပြောင်ရှင်းခြင်းလုပ်ငန်းအား ဆောင်ရွက်ရမည်။
ငုတ်၊ ပေါင်း ရှင်းလင်းခြင်း
----------------------
(၁) အပင်မစိုက်မီ မေလအတွင်း၌ စိုက်ကျင်းနေရာ၏ (၃)ပေ ပတ်လည် အတွင်းမှာရှိသည့်ငုတ်၊ ပေါင်းမြက်များကို အပြောင်ရှင်းပေးရပါသည်။
(၂) အပင်တန်းတစ်လျောက် ငုတ်၊ ပေါင်းအပြောင်ရှင်းခြင်းအဖြစ် အပင်စိုက်ပြီးသည့်နှစ်စဥ်မေလ၊ စက်တင်ဘာလတွင် မြေသြဇာမကျွေးမီ သက်ကယ်နှင့်ဝါးငုတ်များရှိပါက အမြစ်မှတူးထုတ်ပေးရမည်။
ပေါင်းမြက် ရှင်းလင်းခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများ
-----------------------------------------------------
◾️ မြေကြီး အစိုဓါတ်အလွယ်တကူရရှိနိုင်ခြင်း။
◾️ ထည့်သွင်းသောမြေသြဇာနှင့်မြေကြီးတွင်းရှိသောသဘာဝမြေဆီမြေနှစ်ကိုအပင်မှ အပြည့်အဝစားသုံးနိုင်ခြင်း။
◾️ ပိုးမွှား၊ ရောဂါ လက်ခံပင်များမရှိသည့်အတွက် သီးနှံပင်ဖျက်ပိုးများနှင့် အပင်ရောဂါ ကျရောက်မှုများကိုလျော့ကျစေနိုင်ခြင်း။
◾️ မီးဘေးအန္တရာယ်ကာကွယ်ပေးခြင်း စသည့် အကျိုးကျေးဇူးများရရှိနိုင်ပါသည်။
🍃စစ်မှန် ပြည့်ဝ ဝိစာရ🍃
Sources : စိုက်ပျိုးရေးရာ အကြံပြုချက်များ