menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
"အိမ်ခြံ ဥယျာဉ်သီးနှံများ ဓာတုကင်းစင်ရန် သတိပြုကြပါ"
🍀🌶☘️🥕🍁🥦🍁🥬☘️🍆🍀
↗️ စားဖိုဆောင်ရိက္ခာသီးနှံများကို အိမ်ခြံဥယျာဉ်အဖြစ်စိုက်ပျိုးထုတ်လုပ်ကြရာတွင် ဓာတုအဆိပ်သင့် ခံရခြင်းများမကြုံကြရစေရန် သတိပေးလိုပါသည်။ ဟင်းသီးဟင်းရွက်များမှ ဓာတုဓာတ်ကြွင်းများကြောင့် အစာအဆိပ်သင့်ခံရမှုတွေဟာ ကမ္ဘာနဲ့ချီ ခံစားနေရတဲ့ ဖြစ်စဉ်ဖြစ်ပါတယ်။ စက်မှုဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတွေမှာ လူဦးရေ ၃၀ ရာခိုင်နှုန်းဟာ စားနပ်ရိက္ခာကတစ်ဆင့် ဓာတုအဆိပ်သင့်တာကို ခံစားနေ ရတယ်လို့ဆိုပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ၁၉၉၉ ခုနှစ်က ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ နှစ်စဉ် အသက်ငါးနှစ်အောက်ကလေးဦးရေ သန်းပေါင်း ၁,၅၀၀ ကျော်ဟာ အစားအစာ အဆိပ်သင့်ခံရပြီး သုံးသန်းကျော်မှာ အသက်စတေးခံရတယ်လို့ဆိုပါတယ်။ စားနပ်ရိက္ခာကတစ်ဆင့် အဆိပ်သင့်မှုဟာ နောင်ဆယ်စုနှစ်တစ်နှစ်အတွင်း အဆပေါင်း၃၀၀ ကနေ ၅၀၀ အထိ မြင့်မားနိုင်တယ်လို့လည်း ထောက်ပြထားပါတယ်။
↗️ မြန်မာနိုင်ငံမှာလည်း ၂၀၁၁ ခုနှစ်က မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်၊ ဘုရားပွဲမှာ မုန်ညင်းရွက်၊ ချဉ်ပေါင်ရွက်နဲ့ ပန်းမုန်လာတွေမှာပါဝင်တဲ့ ဓာတုဓာတ်ကြွင်းကြောင့် လူ ၃၀၀ ကျော် အစာအဆိပ်သင့် ခံရပြီး ဆေးရုံကိုပို့ခဲ့ရတဲ့ဖြစ်စဉ်ရှိခဲ့ပါတယ်။ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ရွာတစ်ရွာမှာလည်း အစာ အဆိပ်သင့် မူးဝေအော့အန်တဲ့အဖြစ်ကြုံခဲ့ရပါတယ်။ မြန်မာနိုင်ငံနေရာဒေသအနှံ့မှာ ပိုးသတ်ဆေး ဓာတ်ကြွင်းကျန်ရှိမှုကြောင့် အစာအဆိပ်သင့်ခံရမှု၊ အသက်ဆုံးရှုံးရမှုများကို မကြာခဏကြားသိ မြင်တွေ့ နေရပါတယ်။
↗️ ထိုသို့ ဟင်းသီးဟင်းရွက်များတွင် ဓာတုဓာတ်ကြွင်းဖြစ်ရခြင်း၊ အဆိပ်သင့်ခံရခြင်းများမှာ အောက်ပါ အချက်များကြောင့်ဖြစ်ပါသည်။
(၁) အသုံးပြုသည့်ဆေးမမှန်ကန်ခြင်း။
(၂) ဆေးနှုန်းထားမမှန်ကန်ခြင်း။
(၃) ဆေးဖျန်းရမည့်အကြိမ်မမှန်ကန်ခြင်း။
(၄) ကျရောက်တဲ့ပိုးမွှားနဲ့ သုံးစွဲတဲ့ဆေးကိုက်ညီမှုမရှိခြင်း။
(၅) အသုံးပြုသည့်ဆေးဖျန်းပုံးမကောင်းခြင်း။
(၆) ဆေးဖျန်းတဲ့စနစ် မမှန်ကန်ခြင်း။
(၇) သီးနှံများဆွတ်ခူးချိန်နဲ့ နီးကပ်စွာဆေးဖျန်းခြင်း။
(၈) ပိုးသတ်ဆေးဖျန်းပြီးပြီးချင်း သီးနှံများဆွတ်ခူးခြင်း။
(၉) ဆေးညွှန်းပါပိုးသတ်ဆေး၏သတ်မှတ်ဓာတ်ပြယ်ကာလ(PHI)ကို မစောင့်ဆိုင်းဘဲ သီးနှံများ ဆွတ်ခူးခြင်း။
(၁၀) သီးနှံများဆွတ်ခူးပြီး ရေမဆေးခြင်း။
(၁၁) သီးနှံဆွတ်ခူးပြီးစိမ်းစိုလန်းဆန်းနေစေရန် ဟော်မုန်းဆေး၊ ဓာတ်မြေသြဇာအရည်ကို သီးနှံပေါ်ကိုလက်နဲ့တောက်ဖျန်းခြင်းတို့ကြောင့် ဖြစ်ပါတယ်။
↗️ ထို့ကြောင့် ရိက္ခာသီးနှံတွေမှာ ဓာတုဓာတ်ကြွင်းကင်းစင်အောင် စားဖိုဆောင်ဟင်းသီးဟင်းရွက် သီးနှံများကို ပိုးသတ်ဆေးအသုံးပြုပါက အထက်ပါအချက်တွေကို တစ်ချက်ချင်းအလေးထား ဆောင်ရွက်ဖို့အကြံပြုလိုပါတယ်။ သို့မှသာ အိမ်ခြံဥယျာဉ်စိုက်ပျိုးမှုတွင် ဓာတုဓာတ်ကြွင်းကြောင့် အစာအဆိပ်သင့်မှု မဖြစ်ပေါ်မှာဖြစ်ပါကြောင်း အသိပေးလိုက်ရပါတယ်။
Sources : အောင်ဆန်း(စိုက်ပျိုးရေး)
မြန်မာတောင်သူကြီးများဂျာနယ်