menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
ရာသီဥတုနှင့်ဆက်စပ်၍ ဂရုပြုရတော့မည့် အပင်ရောဂါ နှင့် ဖျက်ပိုးများ
🌧🌿🐛⛈🌾🦗⚡️🎋🐌🌩
🔹ပတ်ဝန်းကျင်နှင့်ရာသီဥတုကောင်းမွန်လျှင်သက်ရှိသတ္တဝါနှင့်သီးနှံပင်များသည်ဖြစ်တည်ရှင်သန်ကြီးထွားမှု ဖွံ့ဖြိုးပါသည်။ ယနေ့အချိန်ကာလသည် ကမ္ဘာတစ်ဝန်းပတ်ဝန်းကျင်ညစ်ညမ်းမှု၊ ပတ်ဝန်းကျင်ထိခိုက် ပျက်စီးမှုသည် ဒေသအနှံ့ကြုံတွေ့နေကြရသည်။ သစ်တော၊ သစ်ပင်တောပြုန်းခြင်းကြောင့်ရာသီဥတု ပြောင်းလဲမှုကိုကြုံလာရသည်။ တောပြုန်းသဖြင့်ရာသီဥတုပူပြင်းလာသည်။ တောနေတိရစ္ဆာန်နှင့် ပိုးမွှားများနေစရာမရှိသဖြင့်မြို့ရွာဒေသများသို့ကျူးကျော်ရောက်ရှိလာသည်။
🔹မိုးရွာသွန်းမှုအနည်းအများရှိခြင်း၊မုန်တိုင်းများကျခြင်း၊ တောမီးလောင်ခြင်း၊ မိုးကြိုးမုန်တိုင်းများကြုံလာ ရပြီး သစ်တောများရှိ သစ်ပင်များတွင်နေထိုင်ကျက်စားကြသောပိုးမွှားများသည်တောပြုန်း၍ လူတို့၏ စိုက်ခင်းသို့ရွှေ့ပြောင်းကျ ရောက်လာကြသည်။ ဤသို့ဖြင့်ယခင်ကမကျရောက်ခဲ့သော နှံကောင်မျိုးစိတ် များသည်သီးနှံစိုက်ခင်း တွင်အများအပြားတွေ့လာကြရသည်။ ပြည်တွင်းမှာမရှိသောငမြှောင်တောင် မျိုးသစ်များ ကျလာသည်။ ခရုမျိုးစုံကလည်းကျရောက်ခဲ့ပြီးလျှင်မျိုးပြုန်းသွားသည်မရှိ၊ ပွားများလာသည်။ မုန်တိုင်းကျပြီးမိုးရွာသောအခါအဆိုပါဖြက်ပိုးများသည်စားစရာနှင့်မျိုးပွားစရာနေရာသစ်ရရှိ လာပြီးတွေ့သမျှစိုက်ခင်းဖျက်စီးတော့သည်။
🔹ပင်လယ်ကိုကျော်ဖြတ်၊ ကျွန်းဆွယ်ကိုပတ်၍ လေမုန်တိုင်းလေစီးကြောင်းဖြင့်ပါလာသည်။ မြင့်မားသောတောင်တန်းကြီးများကိုကျော်ဖြတ်ရန်ခက်ခဲသော်လည်းမလွယ်ပေါက်များကဝင်ရောက်နိုင် သေးသည်။ ဤနည်းဖြင့်အိမ်နည်းချင်းနိုင်ငံများတွင်ကျရောက်သောဖျက်ပိုးများသည်နိုင်ငံကူးလာကြသည်။ ကန္တာရနှံကောင်၏ပျံ့နှံ့မှုလမ်းကြောင်းကိုကြည့်ပါ။ ပင်လယ်နီဒေသမှအရှေ့အာရှအထိရောက်ရှိလာမှုသည် ရာသီဥတုနှင့်ဆက်စပ်နေသည်။ တောမရှိ၊ အစာမရှိရာမှမုန်တိုင်းလေစီးကြောင်းနှင့် အစာရှိရာဒေသအထိ ရွေ့လာနိုင်ကြသည့်စွမ်းအားရှိသည်။
🔹ခရုကဲ့သို့ဖျက်ပိုးများသည် ပင်လယ်ကူးသင်္ဘောများတွင် တွယ်ကပ်ပြီးပျံ့နှံ့သည်။ ပေါင်းမြက်မျိုးစိတ်အသစ်များသည်သီးနှံမျိုးများဖြန့်ဖြူးရာမှနိုင်ငံအနှံ့ ပျံ့နှံ့ခဲ့သည်။ တစ်ချိန်ကမြန်မာနိုင်ငံတွင်မက်ဆီပက်ပေါင်းမြက်သည်ဂျုံမျိုးသစ်တင်သွင်းရာမှဂျုံစိုက်ပျိုးသည့် မြို့ရွာများသို့ရောက်ရှိခဲ့သည်။ ရော်ဘာ၊ သီဟိုဠ်သရက်စိုက်ခင်းများတွင် မီးလောင်လွယ်သော ဂျပန်မြက်များသည်လည်းပြည်ပပေါင်းမျိုးဖြစ်သည်။ကျိုင်းကောင်မျိုးသစ်များသည်ကြံစိုက်ခင်းများတွင်လွန်ခဲ့သောတစ်နှစ်ခန့်ကစ၍ဖျက်စီးမှုရှိလာသည်။ ထို့အတူရွက်ဖျားဖြူအပင်ရောဂါများလည်းကြံစိုက်ဒေသများတွင်တွေ့လာရသည်။ ရော်ဘာစိုက်ခင်းများ တွင်အိမ်နီးချင်းနိုင်ငံများ၌ ကျရောက်မှုများလာသောရွက်ကြွေရောဂါ(မှိုရောဂါ)သည်ရော်ဘာပျိုးပင်၊ ပျိုးကိုင်း၊ မျိုးစေ့တို့မှပါရှိလာပြီးပြည်တွင်းရောက်ရှိလာသဖြင့်နိုင်ငံတကာလေဆိပ်နှင့် နယ်စပ်ဝင်ပေါက် များကပိတ်ဆို့နေကြသည်။ အဆိုပါရွက်ကြွေရောဂါသည် မြေပြန့်ထက်ကုန်းမြင့်ဒေသများတွင်ပိုမို တွေ့ရပြီးရော်ဘာအပြင် ဆီအုန်း၊ ကော်ဖီ၊ကိုကိုးပင်များတွင်လည်းကျရောက်နေသည်။
🔹ဤသို့ဖြင့်နိုင်ငံတွင်းသို့အသစ်ရောက်ရှိလာသောဖျက်ပိုးနှင့်ရောဂါများကိုဥပဒေဖြင့်ကာကွယ်ခြင်း၊ ထိန်းချုပ်ခြင်း၊ နှိမ်နင်းခြင်းတို့ပြုလုပ်နေရပါသည်။ ရောဂါပိုးမွှားမျိုးသစ်တစ်မျိုးကျရောက်လာလျှင် ကာကွယ်နှိမ်နင်းရမှုခက်ခဲပါသည်။ ဤသည်ကို၁၉၇၃ခုနှစ် မြန်မာနိုင်ငံအောက်ပိုင်းကြံစိုက်ဒေသများသို့ ကြံအူနီရောဂါကျရောက်စဉ်ကကြုံတွေ့ခဲ့ဖူးပါသည်။သီးနှံစိုက်ခင်းတွင်ယခင်ကထက် ပိုးသစ်၊ ရောဂါသစ်များကျရောက်မှုရှိလာခြင်းမှာဒေသတစ်ခုနှင့် တစ်ခုကူးသန်းရောင်းဝယ်မှုကလည်းယခင်ကထက်ဖွံ့ဖြိုးလာသည်။ သီးနှံစိုက်ပျိုးထုတ်လုပ်မှုကလည်း တစ်နှစ်ပတ်လုံးရှိလာသည်။ သစ်တောပြုန်းတီးမှုကလည်းဒေသအနှံ့၊နိုင်ငံအနှံ့ရှိနေသည်။ ထို့ကြောင့် ပတ်ဝန်းကျင်ကလည်းထိခိုက်ပျက်စီးနေသည်။ ပတ်ဝန်းကျင်ကိုမပျက်စီးအောင်ထိန်းသိမ်းနိုင်ကြမှသာလျှင် ကမ္ဘာမြေကျန်းမာပါမည်။ ပတ်ဝန်းကျင်ပျက်စီး၍သီးနှံစိုက်ခင်းများအထိပိုးနှင့်ရောဂါကျရောက်မှု များပြားလာသည်ကို သတိပြုကြရပါတော့မည်။
ကိုရဲ(စိုက်ပျိုးရေး)