menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
အကျိုးပြုအဏုဇီဝဖျော်ရည် (EM) အကြောင်း သိကောင်းစရာ
🌱🌱🌱🌱🌱🌱🌱🌱🌱🌱
🔸အကျိုးပြုအဏုဇီဝဖျော်ရည် (အီးအမ်) ဆိုသည်မှာ မြေဆီလွှာအတွင်းရှိ သီးနှံပင်တို့၏ ကြီးထွားဖွံ့ဖြိုးမှု၊ အထွက်နှုန်း၊ ပိုးမွှားရောဂါဒဏ်ခံနိုင်ရည်ရှိမှုနှင့် သီးနှံအရည်အသွေးကို မြင့်မားစေနိုင်သော အကျိုးပြု အဏုဇီဝမျိုးစိတ်များကို အဆင့်မြင့်နည်းပညာဖြင့် စနစ်တကျ စုပေါင်းမွေးမြူဖျော်စပ်ထားသည့် ဖျော်ရည်တစ်မျိုးဖြစ်ပါသည်။
🔸အီးအမ်တွင် အဓိကပါဝင်သော အဏုဇီဝများမှာ .....
▪️ လက်တစ်အက်စစ်ဘက်တီးရီးယား (Lactic acid bacteria)
▪️ တဆေးမှိုများ (Yeast)
▪️ ဖိုတိုဆင်သက်တစ်ဘက်တီးရီးယား (Photosynthetic bacteria)
▪️ အက်တီနိုမိုက်ဆိဘက်တီးရီးယား (Actinomyces bacteria)
▪️ အပင်အကြွင်းအကျန်များကို လျင်မြန်စွာဆွေးမြေ့စေသောမှိုများ ဖြစ်ကြပါသည်။
🔸အီးအမ်ထဲတွင် သီးနှံပင်အတွက် လေထဲမှနိုက်ထရိုဂျင်ကို ဖမ်းယူပေးသော အဏုဇီဝများ၊ အစာနှင့် ရေစုပ်ယူမှုကို အားပေးသော အဏုဇီဝများ၊ အပင်အစာချက်မှုကို အားပေးသော အဏုဇီဝများ၊ မြေထဲရှိ ဩဂဲနစ်ပစ္စည်းများ(သီးနှံအကြွင်းအကျန်များ) ကို လျင်မြန်စွာ ချေဖျက်၍ အပင်အတွက် အသုံးဝင်သော အာဟာရဓါတ်များထုတ်ပေးသည့် အဏုဇီဝများ၊ မြေထဲရှိရောဂါပိုးများကို ရှင်းလင်းပေးသော အဏုဇီဝများ ပါဝင်ပါသည်။
🔸အီးအမ်ကို မြေထဲသို့ထည့်သွင်းပေး၍ သင့်တော်သော အစိုဓါတ်ရှိအောင် ဆောင်ရွက်ပေးပါက အီးအမ်ထဲရှိ အဏုဇီဝများ မြေထဲတွင် ပွားများလာပြီး အထက်ပါအလုပ်များကို လုပ်ဆောင်ပေးခြင်းဖြင့် သီးနှံအထွက်ကို တိုးစေပါသည်။ အီးအမ်သည် သက်ရှိဖြစ်၍ ပွားများနိုင်ပြီး အနည်းငယ်ထည့်ရုံဖြင့် ရေရှည်အကျိုးကျေးဇူး ရရှိနိုင်ပါသည်။
🔸အီးအမ်ကို စိုက်ခင်းမြေသို့ထည့်ပေးခြင်း၊ သီးနှံပင်ပေါ်သို့ တိုက်ရိုက်ဖျန်းပေးခြင်း၊ မြေဆွေးအသုံးပြုရာတွင် ထည့်သွင်းအသုံးပြုခြင်းဖြင့် သီးနှံများ၏အထွက်နှုန်းနှင့် အရည်အသွေးကို တိုးတက်ကောင်းမွန်စေပါသည်။ ရောဂါနှင့် ပိုးမွှားကျရောက်မှုကိုလည်း ကာကွယ်ပေးပါသည်။ အီးအမ်ဖြင့် မြေဩဇာအမျိုးမျိုးအပြင် ပိုးသတ်ဆေး၊ ရောဂါသတ်ဆေးများလည်း ပြုလုပ်နိုင်ပါကြောင်း စိုက်ပျိုးရေးဗဟုသုတအဖြစ်တင်ပြအပ်ပါသည်။
Sources : ဆရာပါမောက္ခဒေါက်တာမြင့်လွင် (သဘာဝမြေဆွေးများပြုလုပ်သုံးစွဲနည်း)