menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
အဖျက်ပိုးကင်းသော သိုလှောင်ပဲစေ့များရရှိရန် ဂရုပြုဆောင်ရွက်ပါ
🌿🥜🍃🥜🌿🥜🌿🥜🍃🥜🌿
✔️စပါး၊ ပဲမျိုးစုံ၊ မြေပဲ၊ နှမ်းသီးနှံတို့သည် ဈေးကွက်နှင့် မျိုးကိုချိန်ဆ၍ နှစ်လုံးပေါက် သိုလှောင်ထားတတ်ကြသည်။ သိုလှောင်ချိန်တွင် အဖျက်ပိုးကင်းရှင်းရန် လိုလားကြသည်။ ဤတွင်ပဲမျိုးစုံသီးနှံသည် သိုလှောင်ရာ၌ ကာလတိုအတွင်း၌ပင် ပိုးထိုးဖျက်ဆီးခံရသည်။ အများစုသည် ပဲစေ့ထိုးပိုး၊ ပဲတောင့်ထိုးပိုး၊ သီးလုံးဖောက်ပိုးတို့ဖြစ်ကြသည်။ ပဲမျိုးစုံတွင်လည်း ကုလားပဲစေ့တွင် သီးလုံးဖောက်ပိုးကြောင့် ပျက်စီးနိုင်မှုများသဖြင့် အထူးသတိပြုကြရသည်။ ကုလားပဲတွင်ကျရောက်သော သီးလုံးဖောက်ပိုးသည် ဝါ၊ ခရမ်းချဉ်၊ ခရမ်း၊ ပြောင်းဖူးများတွင် ကျရောက်သော သီးလုံးဖောက်ပိုးနှင့် အမျိုးအစားတူညီသည်။ သီးလုံးဖောက်ပိုးသည် သိုလှောင်ချိန်ရောက်မှ၊ သိုလှောင်ထားချိန်မှ ကျရောက်သည့် ဖျက်ပိုးဟုတ်ကြသည်မဟုတ်ပါ။ သီးနှံစိုက်ခင်းကတည်းက ပါလာသော ကျရောက်သော ပိုးဖြစ်ပါသည်။
✔️ပန်းမပွင့်ခင်ကာလနှင့် ပန်းပွင့်ပြီးချိန်၊ သီးကင်းလေးဝင်စအချိန်ကတည်းက စတင်ကျရောက်ခဲ့ပြီး သိုလှောင်ချိန်အထိ ပါရှိသွားပါသည်။ အများဆုံးဖျက်ဆီးခံရချိန်သည် အိတ်၊ ပုတ်၊ ကျီ၊ ဂိုဒေါင်ဖြင့် သိုလှောင်ရာတွင်ဖြစ်သည်။ မြန်မာနိုင်ငံ၏ ပဲစိုက်ပျိုးထုတ်လုပ်မှုတွင် အများဆုံးကျရောက်သည်မှာ သီးလုံးဖောက်ပိုးဖြစ်သည်။ ပဲတောင့်ထိုးပိုးပြီးလျှင် သီးလုံးဖောက်ပိုး ကိုဂရုပြုရမည်။ မည်သည့်အချိန်ဂရုပြုရမည်နည်း။ ပဲစိုက်ခင်းများ ပန်းပွင့်ချိန်မှ သီးကင်းဝင်ချိန်အထိ ဖြစ်ပါသည်။
✔️ထို့အတူ ပဲမျိုးစုံအပင်များ၊ အဖူး၊ အပွင့်၊ အသီးသီးချိန်တွင် ကျရောက်နိုင်ဖျက်ပိုးများမှာ အစက်အပြောက်ပဲတောင့်ထိုးပိုးဖြစ်သည်။ ကုလားပဲမှလွဲ၍ ကျန်သည့်ပဲစိုက်ခင်းများ သတိပြုရမည်။ ပဲစေ့ထိုးပိုးမှာ သိုလှောင်ချိန်ကျရောက်သော ဖျက်ပိုးဖြစ်သည်။ သို့သော် ဖျက်ပိုးသည် စိုက်ခင်းထဲ၌ အသီး၊ အစေ့ရင့်မှည့်ချိန်(ကုလားပဲ)၊ ရိတ်သိမ်းရန်နောက်ကျသည့်စိုက်ခင်း(ပဲစင်းငုံ)၊ (ပဲလွမ်း) တို့တွင် တွေ့ရမှုများသည်။ ပဲတောင့်၊ ပဲသီး၊ ပဲစေ့အတွင်း ပိုးဝင်ပေါက်တွေ့နိုင်သည်။ ပဲစေ့ပေါ်တွင် သေးငယ်သောဥများ ကပ်ပါသွားနိုင်သည်။ ပဲစေ့ထဲတွင် လောက်ကောင်နှင့် ရုပ်ဖုံးဘဝနှစ်ခု ရောက်ရှိနိုင်ပြီး ထိုးဝင်သွားသော အပေါက်ကို အမှေးပါးလွှာနှင့် ပြန်လည်ဖုံးအုပ်ထား၍ မမြင်နိုင်၊ မသိနိုင်ပါ။
✔️ယင်ဖြူဖျက်ပိုးမှာ ဆောင်းစိုက်ပဲစင်းငုံနှင့် ပဲတီစိမ်း၌ ပန်းပွင့်ပြီးချိန်ကျရောက်တတ်သည်။ ပဲကြမ်းပိုးစိမ်းသည် သီးကင်းဝင်စ(ပဲတီစိမ်း)နှင့် အသီးကြီးထွားချိန်(ပဲပုပ်)တွင် ကျရောက်တတ်ပါသည်။ ဖော်ပြပါ ဖျက်ပိုးများသည် ပဲတောင့်၊ ပဲစေ့၊ ပဲသီးကို ပန်းပွင့်ချိန်မှ အသီးသီးချိန်တွင် စတင်ကျရောက်ပြီး အစေ့၊ အတောင့်၊ အသီးထဲဝင်ရောက်ကာ ဖျက်ဆီးမှုကို သိုလှောင်ချိန်၌ အများဆုံးပြုလုပ်၍ ပန်းပွင့်ချိန်မတိုင်မီ ကြိုတင်ကာကွယ်နှိမ်နင်းသင့်သည်။
✔️တစ်ဆက်တည်းသတိပြုစေလိုသည်မှာ လှေးကျိုင်းသည်ပဲလွမ်းတွင် ကျရောက်မှုများပြီး မတ်ပဲနှင့် ပဲတီစိမ်းတွင် တစ်ခါတစ်ရံမှ ဖျက်ဆီးမှုဆိုးရွားသည်။ မြေကြီးထဲတွင် ဥအု၍ ပဲပင်အမြစ်များကို စားပြီး ပျသည် ရွက်နုများကို ဖျက်ဆီးစားပစ်သည်။ ပင်စည်ထိုးယင်ကျရောက်သောပဲပင်ကို စောစီးစွာသိလိုလျှင် စိုက်ခင်းမှ နှုတ်ဖယ်ရှင်းခြင်းဖြင့် သိသာစွာပျက်စီးမှုနည်းသည်။ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲပုပ်တွင် အပင်ညှိုးလာမှု လက္ခဏာ ပြလာသည်။ စပါးသီးထပ်စိုက်သော နေရာများ၌ ကျရောက်တတ်သဖြင့် စိုက်ခင်းထဲမှ ပိုးအကြွင်းအကျန်များကို ရိုးပြတ်များမကျန် ထယ်ထိုးဖယ်ရှားသင့် သည်။
✔️ယခုအခါမိုးများသော၊ မြစ်ရေကြီးသော နေရာများ၌ မတ်ပဲစိုက်ခင်းများတွင် ငမြှောင်တောင်၊ ပိုးနဂါးများကျရောက်လျက်ရှိသည်။ ဤဖျက်ပိုးများသည် ရှေ့ပိုင်းတွင်ဖော်ပြထားသော ဖျက်ပိုးများကဲ့သို့ သိုလှောင်ချိန်ထိ ဖျက်ဆီးမှုမရှိသလောက် နည်းသည်။ သိုလှောင်အဖျက်ပိုးအများစုသည် စိုက်ခင်းမှာကတည်းက ပါလာတတ်သည်ကို သတိပြုပါ။ အထူးသဖြင့် ပဲစိုက်ခင်းများပန်းပွင့်ချိန်မှ အသီးရင့်ချိန်အထိ ဖြစ်ပါသည်။
Sources : ကိုရဲ(စိုက်ပျိုးရေး)