menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
ဆာလ်ဖာ (ကန့်) ဖြင့် ယူရီးယား အာနိသင် တိုးစေခြင်း
ဆာလ်ဖာ(ကန့်) မှာ အပင်များအတွက် မရှိမဖြစ် လိုအပ်သော ဒြပ်စင် ၁၇ မျိုးအနက်မှ တစ်မျိုးဖြစ်သည်။ အဓိက အများလိုဒြပ်စင်များဖြစ်သော နိုက်ထရိုဂျင်၊ ဖော့ဖိုးရပ်(စ်)နှင့် ပိုတက်စီယမ် ကဲ့သို့ အလေးထား မခံရသော အခြေအနေတွင် ရှိနေသည်။ ဆာလ်ဖာမှာ သီးနှံပင်များ မူမှန်စွာ ကြီးထွား ဖွံ့ဖြိုးရေးအတွက် အထူးလိုအပ်သော ဒြပ်စင်ဖြစ်သည်။ စိုက်ပျိုးသူများအနေနှင့် ဆာလ်ဖာကို သီးနှံပင်များ လွယ်ကူထိရောက်စွာ ကျွေးနိုင်မည့် နည်းပညာများ လိုအပ်လျက်ရှိသည်။ စိုက်ပျိုးရေးလောကတွင် အသုံး အများဆုံးဖြစ်သော ယူရီးယားမြေသြဇာတွင်ဆာလ်ဖာအမှုန်ကလေးများပေါင်းစပ်ထားသောမြေသြဇာကို ၂၀၁၁ ခုနှစ်ကပင် စတင် အသုံးပြုလာကြသည်။ကမ္ဘာအရပ်ရပ်ရှိ စိုက်ပျိုးမြေများမှ သီးနှံအမျိုးမျိုး စိုက်ပျိုးခြင်းဖြင့် မြေဆီလွှာမှ ဆာလ်ဖာတန်ချိန် ၁၀ သန်း နှစ်စဉ်ကုန်ဆုံးလျက်ရှိသည်။ ထိုကုန်ဆုံးသွာသော ဆာလ်ဖာများနေရာတွင် အသစ်အသစ်သောဆာလ်ဖာများပြန်ထည့်ပေးရန်လိုအပ်သည်။
ဆာလ်ဖာ သို့မဟုတ် အရေးကြီး အာဟာရ ------------------------------------------------
စိုက်ပျိုးမြေ တစ်ဟက်တာ ၂ ဒသမ ၄၇ ဧကတွင် နှစ်စဉ် ဆာလ်ဖာ ၁၅ ကီလိုဂရမ်မှ ၃၀ ကီလိုဂရမ် လိုအပ်သည်။ (တစ်ဧက၁၅ပေါင်မှ ပေါင် ၃၀နှုန်း) ဆာလ်ဖာ၏လိုအပ်ချက်ပမာဏမှာဖော့ပရပ် (P) အတိုင်းဖြစ်သည်။ တချို့သောသီးနှံများဖြစ်သောကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ကွမ်း၊ မုန်ညင်း၊ ဆီထွက် သီးနှံများ ပဲမျိုးနွယ်များမှာ ဆာလ်ဖာလိုအပ်မှု ပိုများသည်။ ဆာလ်ဖာသည် အမိုင်နိုအက်ဆစ် သုံးမျိုးဖြစ်သော မီသီယိုနင်း၊စစ်စတိုင်းနှင့် စစ်စတင်းတို့တွင် ပါဝင်လျက်ရှိသည်။ ပရိုတင်းများမှာအမိုင်နို အက်ဆစ်များဖြင့် တည်ဆောက်ထားရာ ဆာလ်ဖာမှာ ပရိုတင်း ဖြစ်ပေါ်ရေးအတွက် အထူးအရေးကြီးလျက် ရှိသည်။ ဆာလ်ဖာသည် အပင်အတွင်း ပရိုတင်း၊ အင်ဇိုင်း၊ ကလိုရိုဖီးလ် ဖြစ်ပေါ်ရေးအတွက် အရေးကြီးသည်။ ဆာလ်ဖာသည် အစေ့များအတွင်း ဆီဖြစ်ပေါ်မှုအတွက် လိုအပ်သည်။ဆာလ်ဖာသည် သီးနှံပင်များ၏ အာဟာရတန်ဖိုးနှင့် အရည်အသွေးကို ဖြစ်စေသည်။ ထို့ကြောင့် ဆာလ်ဖာမှာ သီးနှံပင်များ၏ ကြီးခြင်း၊ ဖွံ့ဖြိုးခြင်း၊ အရည်အသွေးနှင့်အထွက်နှုန်းအပေါ် လွှမ်းမိုးမှုကြီးမားစွာ ရှိနေသည်။
နိုက်ထရိုဂျင် နှင့် ဆာလ်ဖာ ပေါင်းဖက်ခြင်း ------------------------------------------------
သီးနှံပင်များ၏ အာဟာရ စားသုံးမှုကို လေ့လာခဲ့သော ပညာရှင်များက လွန်ခဲ့သော နှစ်ပေါင်းများစွာကပင် နိုက်ထရိုဂျင်နှင့်ဆာလ်ဖာအကြား အပြန်အလှန် အကျိုးဖြစ်ထွန်းမှုကို တွေ့ရှိခဲ့ကြသည်။ ထိုဒြပ်စင်နှစ်မျိုးလုံးမှာ ပရိုတင်းဖြစ်ပေါ်ရေးတွင်အဓိက ပါဝင်နေသည်။ သီးနှံပင်တစ်မျိုး၏ အထွက်နှုန်း အမြင့်ဆုံးရရှိရန်မှာ ထိုဒြပ်စင်နှစ်မျိုးလုံးကို လုံလောက်စွာရှိရန်လိုအပ်သည်။ သုတေသီများ၏ လေ့လာချက်အရ မြေဆီလွှာအတွင်းမှ နိုက်ထရိုဂျင်များကို စုပ်ယူရာတွင် ဆာလ်ဖာက အထောက်အကူဖြစ်စေသည်။ အကယ်၍ မြေဆီလွှာအတွင်း ဆာလ်ဖာလုံလောက်မှု မရှိပါက နိုက်ထရိုဂျင်ကို စုပ်ယူရာတွင်အခက်အခဲ ဖြစ်စေနိုင်သည်။ ဆာလ်ဖာလုံလောက်စွာ မရှိခြင်းကြောင့် ထိုနိုက်ထရိုဂျင်များမှာ နိုက်ထရိတ်အဖြစ် စိမ့်ယိုပျောက်ဆုံးသွားရသကဲ့သို့ အငွေ့ပျံဆုံးပါးခြင်းလည်း ဖြစ်နိုင်ပါသည်။ ထို့ကြောင့် နိုက်ထရိုဂျင်နှင့် ဆာလ်ဖာတို့ကိုပေါင်းစပ်၍အသုံးပြုခြင်းသည် နိုက်ထရိုဂျင် အသုံးပြုမှုကို အဆင်ပြေချောမွေ့စေပြီး ထိရောက်မှုကို ပိုစေသည်။ ထို့ပြင် မြေဆီလွှာအတွင်းမှ နိုက်ထရိုဂျင် ဆုံးပါးမှုကိုလည်း လျော့နည်းစေသည်။ ဤသို့ဖြင့် မြေသြဇာအသုံးပြုမှုတွင် ကုန်ကျစရိတ်ကို သက်သာစေသည်။
ဆာလ်ဖာအသွင် အမျိုးမျိုး ----------------------------
ဆာလ်ဖာများကို မြေသြဇာအဖြစ် အသုံးပြုရာတွင် အသွင်နှစ်မျိုးအဖြစ် တွေ့ရှိနိုင်သည်။ ပထမ တစ်မျိုးမှာ အမိုးနီးယမ်းဆာလ်ဖိတ်၊ ပိုတက်စီယမ်ဆာလ်ဖိတ် တို့ကဲ့သို့သော ဆာလ်ဖိတ်အုပ်စုဖြစ်သည်။ ဒုတိယတစ်မျိုးမှာ ဆာလ်ဖာဒြပ်စင် ဖြစ်သည်။ ထိုအုပ်စုတို့တွင် အားသာချက်များရှိ သကဲ့သို့ အားနည်းချက် ကိုယ်စီရှိနေသည်။ဆာလ်ဖိတ်များမှာ အပင်များကလွယ်ကူလျင်မြန်စွာ စုပ်ယူစားသုံးနိုင်သော အသွင်မျိုးဖြစ်သည်။ ထို့ကြောင့် ဤကဲ့သို့သော ဆာလ်ဖိတ်မျိုးကို အသုံးပြုပါကအာနိသင်ပြုမှုမြန်သည်။ သို့သော် ဆာလ်ဖိတ်များမှာ မြေဆီလွှာအတွင်းမှ လျင်မြန်စွာ စိမ့်ယိုပျောက်ဆုံးသဖြင့် အသုံးပြုရာတွင် လေလွင့်ဆုံးပါးမှုများသည်။ သီးနှံပင်၏ သက်တမ်းတစ်လျှောက်လုံးအတွက် လုံလောက်သော ဆာလ်ဖာကိုမထောက်ပံ့နိုင်။ အကယ်၍ စိုက်ပျိုးချိန်တွင် ထည့်ထားသောဆာလ်ဖိတ်များ သီးနှံပင်၏ အမြစ်ဝန်းကျင်တွင် မရှိတော့သောအခါ သီးနှံပင်များ၏ အရင့်ပိုင်းကာလတွင် ဆာလ်ဖာချို့တဲ့မှုကို ဖြစ်စေမည်ဖြစ်သည်။ ရေပျော်လွယ်သော ဆာလ်ဖိတ်များကို အမြစ်များက လွယ်ကူလျင်မြန်စွာ စုပ်ယူနိုင်သော်လည်း အမြစ်များက မစုပ်ယူနိုင်သော ဆာလ်ဖိတ်များမှာ မြေဆီလွှာအောာက်ဘက်ဆီသို့ စိမ့်ယိုပျောက်ဆုံးသွားမည် ဖြစ်သည်။ သဲဆန်သောမြေ၊ မိုးများသော ရာသီများ၌ ဆုံးပါးမှု ပိုမိုကြီးမားမည်ဖြစ်သည်။ ဆာလ်ဖာ ဒြပ်စင်များမှာကား ဆာလ်ဖိတ်များနှင့် မတူပါ။ သီးနှံပင်က ထိုဆာလ်ဖာကို တိုက်ရိုက်စားသုံးခြင်း မပြုနိုင်ပါ။မြေဆီလွှာအတွင်း ဓာတ်တိုးပြီး ဆာလ်ဖိတ်အဖြစ်သို့ရောက်မှသာ သီးနှံပင်များက စုပ်ယူစားသုံးနိုင်သည်။ ဆာလ်ဖာဒြပ်စင်များကို မြေဆီလွှာအတွင်းရှိ အနုဇီဝရုပ်များကဆာလ်ဖိတ်အဖြစ်သို့ ပြောင်းလဲပေးနိုင်သည်။ ဇီဝဓာတ်ပြုမှု၊ ဓာတုဓာတ်ပြုမှုဖြင့် ဆာလ်ဖာဒြပ်စင်မှ ဆာလ်ဖိတ်အဖြစ်သို့ ပြောင်းရန်မှာ ဆာလ်ဖာအမှုန်များ၏ အရွယ်ပမာဏအပေါ် များစွာမူတည်သည်။ ဆာလ်ဖာအမှုန် သေးငယ်လေလေ၊ ဆာလ်ဖိတ် အဖြစ်သို့ ပြောင်းရန် လွယ်ကူလေဖြစ်သည်။ ပညာရှင်များအနေနှင့် ဆာလ်ဖာမှုန် အရွယ်ကို ၂၅ မိုက်ခရွန် (တစ်မီလီမီတာ၏ ၁၀၀၀ ပုံ ၂၅ ပုံ) အသုံးများသည်။ လက်တွေ့တွင် ၂၀ မိုက်ခရွန်မှ ၅၀၀ မိုက်ခရွန်အထိ အသုံးပြုကြသည်။ သုတေသီ ပညာရှင်များ၏ လေ့လာချက်အရ ၁၀ မှ ၃၈ မိုက်ခရွန်အရွယ် ဆာလ်ဖာများ မြေဆီလွှာအတွင်း ဓာတ်တိုးပြီး ဆာလ်ဖိတ်အဖြစ်သို့ ပြောင်းရန် ၁၃၂ ရက် လိုအပ်သည်။ ထိုလေ့လာမှုကို သုံးသပ်ကြည့်လျှင် ဆာလ်ဖာအမှုန်ကလေးများကို အသုံးပြုခြင်းမှာ မြေဆီလွှာအတွင်း လွယ်ကူစွာမဆုံးပါး၊မပျောက်ဆုံးနိုင်ပါသော်လည်း သီးနှံပင်က အချိန်မီစားသုံးနိုင်သော အခြေအနေသို့ ရောက်ရှိရန် အလွန်ခဲယဉ်းကြောင်းထင်ရှားလှသည်။ ထို့ကြောင့်လည်း စိုက်ပျိုးရေး ပညာရှင် တချို့က အာနိသင်ပြမြန်သော ဆာလ်ဖိတ်မြေသြဇာများနှင့်အာနိသင်ပြနှေးသော ဆာလ်ဖာဒြပ်စင်များကို လိုအပ်သလို အသုံးပြုရန် အကြံပြုကြသည်။ ပညာရှင်များအနေနှင့် ဆာလ်ဖာမြေသြဇာများ အသုံးပြုရာတွင် ပိုမိုထိရောက်မည့် နည်းပညာများ ရှာဖွေလျက်ရှိသည်။
ဆာလ်ဖာချို့တဲ့မှု အခြေအနေ ---------------------------------
ဆာလ်ဖာကို သာမည အများလို ဒြပ်စင်တစ်မျိုးအဖြစ် သတ်မှတ်ထားသော်လည်း ရှေးအတိတ်ကာလက အလေးအနက်ထား အသုံမပြုခဲ့ကြပေ။ လွန်ခဲ့သော ဆယ်စုနှစ် အနည်းငယ်ကမှသာ အလေးထားအသုံးပြုရန်လိုကြောင်း သိရှိလာခဲ့ကြသည်။ ထို ကာလများ မတိုင်မီက စိုက်ပျိုးမြေများတွင် အသုံးပြုသော အမိုးနီးယမ်းဆာလ်ဖိတ်၊ စင်ကာစူပါဖော့စဖိတ်တို့ တွင် ဆာလ်ဖာပါရှိနေသည်။ လေထုအတွင်းမှလည်း ဆာလ်ဖာဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့များစိုက်ပျိုးမြေပေါ်သို့ ကျရောက်နေသည်။ သို့သော် ယခုအချိန်တွင် အသုံးပြုသော မြေသြဇာအများမှာ ဆာလ်ဖာမပါတော့သော မြေသြဇာများဖြစ်နေခြင်နှင့် စက်မှုလုပ်ငန်းများတွင် အသုံးပြုသော လောင်စာများမှ ဆာလ်ဖာများထွက်ရှိပြီး လေထုညစ်ညမ်းမှုကို မဖြစ်စေရန်ဆာလ်ဖာ သန့်စင်ပြီး လောင်စာများကို အသုံးပြုလာခြင်းကြောင့် လေထုမှ ဆာလ်ဖာ မရှိနိုင်တော့ပါ။ အထက်ပါ အခြေအနေများအရ စိုက်ပျိုးမြေများတွင် ဆာလ်ဖာလုံလောက်စွာရရှိနိုင်ရန်မှာ ဆာလ်ဖာမြေသြဇာများကို အသုံးပြုရန် လိုအပ်နေပြီ ဖြစ်သည်။ စိုက်ပျိုးရေးလောကတွင် အသုံးအများဆုံးဖြစ်သော နိုက်ထရိုဂျင်မြေသြဇာ၊ ယူရီးယားနှင့် ဆာလ်ဖာကိုပေါင်းစပ် အသုံးပြုခြင်းဖြင့် စိုက်ပျိုးရေး လုပ်ငန်းအတွက် အကျိုးကြီးမားစွာ ဖြစ်ထွန်းနိုင်ပါသည်။ ဆာလ်ဖာကို လုံလောက်စွာ မစားသုံးရသော သီးနှံပင်များ၏ အထက်ပိုင်းအရွက်များ ဝါဝင်း၊ ကြီးထွားနှုန်းနှေးပြီး အပင်ပုခြင်း၊ ပန်းပွင့်၏ ပွင့်ဖတ်များ အရောင်ဖျော့ခြင်းတို့မှာ အဓိကချို့တဲ့မှု လက္ခဏာများ ဖြစ်သည်။
မြေသြဇာ ကျွေးခြင်းဆိုင်ရာ မှန်လေးမှန် ---------------------------------------------
ရေပျော်လွယ်ခြင်း၊ အာနိသင်ပြ မြန်ခြင်း၊ ဆုံးပါးလွယ်ခြင်း စသည့် လက္ခဏာများရှိသည့် ဆာလ်ဖိတ်များနှင့် အာနိသင်ပြမြန်ခြင်း၊ ရေပျော်ရန် ခက်ခဲခြင်း၊ ဆုံးပါးမှုနည်းပါးခြင်း လက္ခဏာများရှိသည့် ဒြပ်စင်ဆာလ်ဖာတို့အကြား သင့်တော်သလိုအသုံးပြုရန်မှာ စိုက်ပျိုးသူများက ဆုံးဖြတ်ရမည့် ကိစ္စဖြစ်သည်။အကယ်၍ မြေဆီလွှာ မျက်နှာပြင်ပေါ်သို့ ကြဲပက်ပါကဒြပ်စင်ဆာလ်ဖာများသည် ဓာတ်တိုးရန် လွယ်ကူပြီး အပင်များ စားသုံးနိုင်သည့် အခြေအနေသို့ စော၍ ရောက်ရှိမည်ဖြစ်သည်။ အပူချိန်သည် မြေဆီလွှာအတွင်းရှိ အော်ဂဲနစ်ပစ္စည်းများအပေါ်သို့လည်း သက်ရောက်မှုရှိသည်။
နိဂုံး --------
မြန်မာနိုင်ငံ အရပ်ရပ်ရှိ စိုက်ပျိုးမြေများတွင် ဆာလ်ဖာချို့တဲ့လျက်ရှိသည်။ နိုက်ထရိုဂျင်မြေသြဇာအဖြစ် အသုံးများသော ယူရီးယားအား ဆာလ်ဖာ ၂၄ ရာခိုင်နှုန်း ပါဝင်သော အမိုးနီးယမ်းဆာလ်ဖိတ်နှင့် ရောစပ်အသုံးပြုပါက သီးနှံပင်များအားဆာလ်ဖာရရှိစေယုံမက နိုက်ထရိုဂျင်အသုံးပြုမှုကို ပိုမိုထိရောက်စေခြင်းအပြင် ယူရီးယားများ မြေဆီလွှာမှ ဆုံးပါးမှုကိုဟန့်တားစေခြင်း၊ ကုန်ကျစရိတ် သက်သာပြီး အထွက်နှုန်းနှင့် အရည်အသွေးကို ပိုကောင်းစေသော ရလဒ်များ ရရှိစေမည်ဖြစ်သည်။ ကမ္ဘာ့ စိုက်ပျိုးရေး လောကအတွက် ထွက်ပေါ်လာသော နိုက်ထရိုဂျင် ဆာလ်ဖာမြေသြဇာအသစ်များ နည်းပညာများကို လေ့လာခြင်းအားဖြင့် အနာဂတ် စိုက်ပျိုးရေးကို ပို၍ကောင်းမွန်သော အနေအထားတစ်ရပ်သို့ ဖော်ဆောင်နိုင်မည် ဖြစ်သည်။
🔰စစ်မှန် ပြည့်ဝ ဝိစာရ🔰
Than Win Agri
Credit to . ဦးဖရက်သိန်းဖေ မြန်မာတောင်သူကြီးများ ဂျာနယ် အတွဲ(၂၀) အမှတ်(၃၀၀)၊ မေ ၇ - ၁၃၊ ၂၀၁၈ ခုနှစ်