menu

“အမိုင်နိုအက်ဆစ်၏ စပါးသီးနှံအပေါ် အကျိုးပြုမှု”


🌾🌾🌾🌾🌾🌾🌾🌾🌾🌾

↗️ သတ္တဝါများကဲ့သို့ပင် အပင်များသည်လည်း အမိုင်နိုအက်ဆစ်ကိုလိုအပ်သည်။ အပင်အတွင်း အမိုင်နိုအက်ဆစ် (၁၂)မျိုးခန့်ပါဝင်ပြီး ပရိုတင်းဖွဲ့စည်းဖြစ်ပေါ်စေမှုကို အမိုင်နိုအက်ဆစ်က ဆောင်ရွက်ပေးလျက်ရှိသည်။ အမိုင်နိုအက်ဆစ်သည် ပရိုတင်းများတည်ဆောက်ရန် အခြေခံဖြစ်သော်လည်း အပင်များ၏ အမိုင်နိုအက်ဆစ်ထုတ်လုပ်မှုသည် နည်းပါးလေ့ရှိပြီး အလုံအလောက်မရရှိလျှင် အပင်ကြီးထွားမှု၊ ပန်းပွင့်မှုနှင့် အထွက်နှုန်းကို ထိခိုက်နိုင်သည်။ ဥပမာ အမိုင်နိုအက်ဆစ်နှင့် ဆက်စပ်နေသည့် Indole နှင့် Pyrrol compounds များအား အပင်များ၏လိုအပ်ချက်မှာ အနည်းငယ်သာဖြစ်သော်လည်း လုံးဝမရရှိလျှင် သီးနှံဖွံ့ဖြိုးမှုနှင့် အထွက်နှုန်းကျဆင်းတတ်၏။

↗️ ပရိုတင်းသည် သက်ရှိအားလုံး၏အခြေခံဖြစ်သော ဆဲလ်များတွင်အဓိက ပါဝင်သည်။ သီးနှံပင်များရှင်သန် ကြီးထွားရန်အတွက် ဆဲလ်များပွားများတည်ဆောက်ခြင်း၏ အဓိကလုပ်ငန်းစဉ်များကို ပရိုတင်းက ဆောင်ရွက်ပေးလျက်ရှိသဖြင့် သီးနှံအထွက်တိုးရေးအတွက် အရေးပါသည်။ အပင်အတွင်းရှိ ပရိုတင်းများ သည် သီးနှံပင်၏ အင်ဇိုင်းများအားကောင်းစေခြင်း၊ ဇီဝကမ္မဖြစ်စဉ်များကို ပုံမှန်လည်ပတ်စေခြင်း များကိုလည်း ဆောင်ရွက်ပေးလျက်ရှိသည်။ 

↗️ ထို့အတူ စပါးသီးနှံတွင် အမိုင်နိုအက်ဆစ်ဖြည့်တင်းပေးခြင်းဖြင့် အရွက်များစိမ်းလန်းသန်စွမ်းပြီး အလင်းဖြင့်အစာချက်လုပ်မှု အားကောင်းစေခြင်း၊ အရွက်၏ စတိုမာတာ ခေါ် လေပေါက် ရေပေါက်အဖွင့်အပိတ်လုပ်ငန်းများ ပုံမှန်ဖြစ်စေခြင်း၊ အင်ဇိုင်းစွမ်းရည်များကောင်းမွန်စေသဖြင့် အနှံအရည်အသွေးပြည့်ဝစေခြင်း၊ အမြစ်ဖွဲ့စည်းမှုအားကောင်းခြင်းကြောင့် မြေတွင်းရှိအာဟာရဓာတ် များကို လျင်မြန်စွာ အပြည့်အဝစားသုံးနိုင်ခြင်း၊ ရေငတ်ဒဏ်ခံနိုင်ခြင်း၊ စပါးပင်ပွားများ များပြားခြင်း၊ အစေ့အဆံများ ပြည့်ဖြိုးအောင်မြင်ပြီး အထွက်ကောင်းခြင်း၊ ဆန်စားသုံးမှုအတွက် အရည်အသွေးမြင့် စပါးစေ့များရရှိခြင်း စသောအကျိုးများရနိုင်ပါသည်။

↗️ သို့ဖြစ်ရာ စပါးသီးနှံအတွက်လိုအပ်သော အမိုင်နိုအက်ဆစ်ကို ဖြည့်တင်းပေးနိုင်ပါရန် ဝိစာရ၏ “ရိုက်စ်အပ်” အာဟာရဖျော်ရည်ကို အသုံးပြုပက်ဖျန်းပေးရပါမည်။ “ရိုက်စ်အပ်”တွင် အမိုင်နိုအက်ဆစ် (၄၀%) နှင့် သက်စောင့်အာဟာရဓာတ် (၉)မျိုးပါဝင်သည်။ “ရိုက်စ်အပ်” ကို စပါးသီးနှံသက်တမ်း တလျှောက်လုံး လိုအပ်သလိုပက်ဖျန်းအသုံးပြုပေးခြင်းဖြင့် စပါးပင်အတွက်လိုအပ်သော အမိုင်နိုအက်ဆစ်ကို လွယ်ကူစွာဖြည့်တင်းပေးနိုင်ပြီး အထွက်နှုန်းကောင်းသော အရည်အသွေးမြင့် စပါးခင်းများကိုပိုင်ဆိုင်နိုင်မည်ဖြစ်ပါကြောင်း အကြံပြုရေးသားလိုက်ရပါသည်။

🌾စစ်မှန် ပြည့်ဝ ဝိစာရ🌾