menu

“အစေ့ထုတ်ပြောင်း အထွက်ကောင်းရအောင် ပြုစုစောင့်ရှောက်ခြင်း”


🌽🌽🌽🌽🌽🌽🌽🌽🌽🌽

🔸အစေ့ထုတ်ပြောင်းကို တောင်ပေါ်ဒေသတွင် စိုက်ပျိုးမှုများပြားပြီး တစ်ဧကအထွက်နှုန်းကောင်းစေရန် ရေဆင်းစိုက်ပျိုးရေးသုတေသနဌာနက တောင်ပေါ်ဒေသအတွက် ထုတ်လုပ်ထားသော အထွက်ကောင်းမျိုးများဖြစ်သည့် ရေဆင်းစပ်မျိုး(၃)၊ ရေဆင်းစပ်မျိုး(၅)၊ စီပီ 888 စသည့်မျိုးများ စိုက်ပျိုးကြရပါမည်။

🔸အစေ့ထုတ်ပြောင်းစိုက်ပျိုးရာတွင် အထွက်နှုန်းကိုအဓိကစိုးမိုးနေသည့် တစ်ဧကဝင်ဆံ့ရမည့် အပင်ဦးရေကို မိုးရာသီတွင် အပင် ၂၃,၀၀၀ မှ ၂၅,၀၀၀ ပင်၊ ဆောင်းရာသီတွင် ၁၇,၀၀၀ မှ ၂၀,၀၀၀ ပင် အရေအတွက်ပြည့်အောင်ရရှိဖို့ ဂရုပြုရပါမည်။ တစ်ဧကရှိရမည့်အပင်ဦးရေမရရှိပါက အထွက်နှုန်းကို ၄၀ မှ ၆၀ ရာခိုင်နှုန်းအထိ ကျဆင်းစေနိုင်ပါသည်။

🔸အစေ့ထုတ်ပြောင်းသည် သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာ အလွန်နှစ်ခြိုက်သည့်သီးနှံပင်ဖြစ်သည်။ မြေပြုပြင်ချိန်တွင် နွားချေး၊ မြေဆွေး တစ်ဧကလျှင် (၅-၁၀)တင်းနှုန်းထည့်ပေးပါ။ စိုက်ချိန်တွင် ယူရီးယား (၂၈)ပေါင် ထည့်ပေးရပါမည်။ တောင်ပေါ်ဒေသများတွင်မြေချဉ်တတ်သည့်အတွက် တစ်ဧကလျှင် မဖောက်ထုံး ပေါင်(၅၀၀)ခန့် ထည့်ပေးဖို့လိုပါသည်။ 

🔸စိုက်ပျိုးပြီးအပင်(၁၅-၂၀)ရက်သား ရရှိသည့်အချိန်တွင် အပင်သားခွဲ၊ ပေါင်းရှင်းပြီးလျှင် ယူရီးယား (၂၈)ပေါင် ထည့်ပေးပြီး မြေဩဇာမြေကြီးထဲအမြစ်ဇုန်ရောက်အောင် မြေဆွပေးဖို့လိုပါသည်။ ပြောင်းပင်အသက် (၃၅-၄၀)ရက် ခန့်ရောက်လျှင် ယူရီးယားမြေဩဇာ (၂၈)ပေါင် တစ်ကြိမ်ထပ်ထည့်ပေးပြီး မြေဆွဘောင်တင်ပေးရပါမည်။ တီစူပါမြေဩဇာ တစ်ဧကအတွက် (၁၁၂)ပေါင်ကို မြေယာပြုပြင် စိုက်ပျိုးချိန်မှာတစ်ကြိမ်တည်းထည့်ပေးရန်လိုပါသည်။ ပိုတက်ရှ်ဓာတ်မြေဩဇာကို မြေယာပြုပြင် စိုက်ပျိုးချိန်တွင် (၂၈)ပေါင်၊ အပင်သက် (၁၅-၂၀)ခန့်ရှိချိန်တွင် (၂၈)ပေါင် နှင့် စိုက်ပျိုးပြီး (၃၅-၄၀) ရက်သား တွင် (၂၈)ပေါင် ထည့်ပေးရပါမည်။

🔸အစေ့ထုတ်ပြောင်းပင် အပင်ပေါက်စမှ သုံးပတ်သားအတွင်း ပြောင်းမြက်များကင်းစင်အောင် ဂရုတစိုက် ပေါင်းရှင်း ဆောင်ရွက်ပေးရန်လိုအပ်ပြီး ဝိစာရ၏ “ပေါင်းစင်၊ အေမီကွင်း” ရွေးချယ်ပေါင်းသတ်ဆေး များဖြင့် ပက်ဖျန်းကာကွယ်နှိမ်နင်းနိုင်ပါသည်။

🔸ပိုးမွှားများအနေဖြင့် အပင်ငယ်စဉ်တွင် ရွက်ဖြတ်ပိုး၊ ရွက်စားပိုး၊ ပျပိုးများ ကျရောက်တတ်ပြီး ပန်းပွင့်ချိန်တွင် ပျပိုးကျရောက်တတ်ကာ ဝိစာရ၏ “အီမာလန်ဒါ၊ နိုက်ဝမ်း၊ ကေလာ၊ နိုးဝမ်း”ဆေးများကိုဆေးညွှန်းပါအတိုင်းသုံးစွဲပေးရန် နှင့် ပြောင်းဖူးအစေ့စတင်တည်ချိန်တွင် ပြောင်းဖူး အစေ့ထိုးပိုးကို “ဘီတာစီ၊ လိုင်းအောက်” ဆေးများအသုံးပြု၍ ကာကွယ်နှိမ်နင်းပေးရပါမည်။

🔸အစေ့ထုတ်ပြောင်းတွင်ကျရောက်တတ်သောရောဂါများမှာ ရွက်ဖုံးခြောက်ရောဂါ၊ ပင်စည်ပုပ်ရောဂါ၊ ရွက်ခြောက်ရောဂါများဖြစ်ပြီး ၎င်းရောဂါများအတွက် “ကျူပရိုမက်စ်၊ ကာစင်၊ ဘာလီဆိုဒ်၊ ကာဗာ” စသည့် ဘက်တီးရီးယားနှင့် မှိုရောဂါ ကာကွယ်နှိမ်နင်းဆေးများကို အသုံးပြုပေးရပါမည်။

🔸ဤသို့ဖြင့် အစေ့ထုတ်ပြောင်းစိုက်ပျိုးရာတွင် အထွက်ကောင်းရအောင် ပြုစုစောင့်ရှောက်ရမည့်နည်းစနစ် များကို ဂရုပြုဆောင်ရွက်ပေးခြင်းဖြင့် ပိုးမွှား ရောဂါ ကင်းစင်သည့် အထွက်ကောင်းစိုက်ခင်းများကို ပိုင်ဆိုင်နိုင်ကြစေရန် ဆန္ဒပြုရေးသားလိုက်ရပါသည်။

🌽စစ်မှန် ပြည့်ဝ ဝိစာရ🌽 

Sources : စိုက်ပျိုးရေးရာအကြံပြုချက်များ